Tuesday, February 17, 2009

ဦးအေးမောင်၊ဗုဒ္ဓနှင်. ဗုဒ္ဓဝါဒ၊ အခန်း(၄)ဗုဒ္ဓ၊ ဗုဒ္ဓနှင်.လောကီလူသား

(ဃ) ဗုဒ္ဓနှင်. လောကီလူသား

    ဗုဒ္ဓထင်ရှားရှိစဉ်က ဗုဒ္ဓကို အလွန်ကြည်ညို၍ ဆည်းကပ်ကိုးကွယ်သော်လည်း ဗုဒ္ဓတရားကို ကောင်းစွာ မသိနားမလည်သောသူ အတော်များများရှိခဲ.ပေမည်။ တစ်ခါသော် ပရိဗိုဇ်တို.က အနာထပိဏ်သူဌေးအား ဗုဒ္ဓဓမ္မအကြောင်း မေးမြန်းရာ သူဌေးကြီးက ဘုရားရှင်တို.၏ အလုံးစုံသောအယူကို မိမိမသိပါဟုဝန်ခံ၏ (အင်္ဂုတ္တရနိကာယ်- ဒသကနိပါတ်-ကိံဒိဌိကသုတ်)။ စင်စစ် သူဌေးကြီးသည် သေခါနီး မကျန်းမမာ ဖြစ်သောအခါကျမှ မဂ်ဖိုလ် နိဗ္ဗာန်တရားကို အရှင်သာရိပုတ္တရာထံမှ ကြားနာရ၏။ တရားနာပြီးသော် သူဌေးကြီးက မိမိသည် ထိုသို.သောတရားစကားကို ရှေးကမကြားနာခဲ.ရသဖြင်. ဝမ်းနည်းမိပါကြောင်းလျှောက်ထား၏။ အရှင်သာရိပုတ္တရာက ထိုတရားမျိုးကို ရဟန်းတို.သာလျှင် နားလည်နိုင်ကြောင်း မိန်.ကြားရာ သူဌေးကြီးက ပညာဥာဏ်ရင်.ကျက်သော လူပုဂ္ဂိုလ် တို.အားလည်း ဟောကြားသင်.ပါကြောင်း ပြန်လည်လျှောက်ထား၏။ (မဇ္ဈိမ နိကာယ် ၊ အနာထပိဏ္ဍိကောဝါဒသုတ်)

    ဗုဒ္ဓ၏အမြင်အားဖြင်. ကျွတ်ထိုက်သော (ဝါ) ကိလေသာမြူနည်းပါး၍ အသိဥာဏ်ရင်.ကျက်သော သူများတွင် လူပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း ယုံမှားစရာမရှိချေ။ တစ်နည်းဆိုသော် ဗုဒ္ဓ၏ အရိယာကျင်.စဉ်၌ အဝတ်တန်ဆာ အသွင်အပြင်နှင်. အမည်ဝေါဟာရတို.မှာ အရေးမပါလှဘဲ သီလ၊ ပညာ၊ ဝီရိယ စသည် တို.သာလျှင် ပဓာနဖြစ်၏။ " လူဖြစ်စေ၊ ရဟန်းဖြစ်စေ ကောင်းမြတ်သောအကျင်.ရှိမှသာ ငါဘုရားချီးမွှမ်း၏။ အင်္ဂုတ္တရနိကာယ်၊ ဒုကနိပါတ်- မိစ္ဆာပဋိပတ္တိသုတ်)။ ရဟန်းဘဝနှင်. လူ.ဘဝတွင် မည်သည်.ဘဝက ပိုမိုကောင်းမွန်ပါသနည်းဟု ဗြဟ္မဏတစ်ဦးက မေးသော အခါ ဗုဒ္ဓက တစ်ဖက်သတ် လှေနံဓားထစ် မိမိမပြောလိုကြောင်း၊ လူပင်ဖြစ်စေ ကုသိုလ်တရား ပွားများအားထုတ်ပါက ဘဝမြင်.မြတ်ကြောင်း မိန်.ကြား၏။ (မဇ္ဈိမ နိကာယ်၊ သုဘသုတ်)

    သမဏ၊ ဗြဟ္မဏ၊ ဘိက္ခုစသည်တို.မှာ စင်စစ် ဝေါဟာရ ပညတ်များသာဖြစ်ကြောင်း ရှင်းလင်းပြတ်သားသော မိန်.ကြားချက်မှာ ဓမ္မပဒ ပါဠိတော်တစ်ပုဒ်ဖြစ်၏။ " အကြင်သူသည် ကိလေသာငြိမ်း၏။ ဣနြေ္ဒကို ဆုံးမပြီးဖြစ်၏။ မဂ်လေးပါးဖြင်.မြဲ၏။ အလုံးစုံသော သတ္တဝါတို.၌ လက်နက်ပယ်ချထားပြီးဖြစ်၍ မေတ္တာဖြင်. အညီအမျှကျင်.၏။ ထိုသူသည် အဝတ်တန်ဆာ ဆင်စေကာမူ မကောင်းမှုမှ အပ ပြုသူ ဗြာဟ္မဏမည်၏။ ကိလေသာ ငြိမ်းသူ သမဏမည်၏။ ကိလေသာ ဖျက်ဆီးပြီးသူ ဘိက္ခုမည်၏" (ဓမ္မပဒ၊ဂါထာ ၁၄၂) ။ ဤပါဠိတော်ကို ကိုးကားလျက် ဥတ္တရာပါထက မည်သော ရှေးဗုဒ္ဓဝါဒီ ဂိုဏ်းက လူပုဂ္ဂိုလ်အဖြစ်ဖြင်. နိဗ္ဗာန်ရရှိနိုင်သည်ဟု ယူဆကြောင်း ကထာဝတ္ထုအဌကထာ၌ ပြဆိုထား၏။ ဗုဒ္ဓလက်ထက်က ရဟန်းမပြုဘဲ နိဗ္ဗာန်မျက်မှောက်ပြုခဲ.သော လူပုဂ္ဂိုလ်များ အကြောင်း ပိဋကတ် အထောက်အထားကို ' နိဗ္ဗာန်' အခန်း၌ ဖော်ပြပါအံ.။ (၁)

( ၁= မဟာစည်ဆရာတော်က ရှေးအဌကထာဆရာတို. အလိုအားဖြင်. သုတ္ထဘိက္ခူနှင်. ဝိနယဘိက္ခူဟူ၍ ဘိက္ခူနှစ်မျိုးရှိသည်။ သုတ္တဘိက္ခူမှာ ဗုဒ္ဓ၏အရိယာလမ်းစဉ်ကို ကျင်.သုံးသော လူနှင်.နတ်တို.ကိုလည်း ရည်ညွန်း၍ ဝိနယဘိက္ခူမှာ ဝိနည်းတရားနှင်.အညီ ကျင်.ကြံသော ရဟန်းတို.ကို ဆိုလိုသည်ဟု " အရိယာဝါသသုတ် တရားတော် " စာအုပ်၌ ရေးသားထား၏။)

မည်သို.ဖြစ်စေ ဗုဒ္ဓလက်ထက်က လူတို.သည် အားလုံးဒါနသီလ တရားများဖြင်.သာ ကျေနပ်၍ နတ်ပြည် ဗြဟ္မာပြည်ကို မျှော်မှန်းနေကြသူများ မဟုတ်ချေ။ ဘိက္ခဝေရဟန်းတို.ဟု အစချီသော သုတ္တန်ဒေသနာများကို ကြားနာသော ပရိသတ်တွင် လူတို. အတော်များများ ပါရှိမည် အမှန်ဖြစ်၏။ ထို.ကြောင်. အကယ်၍ ဥပါသကာတစ်ဦးသည် အရေးပါထင်ရှားသော သုတ္တန်များကို ရွတ်အံနေသောအခါ မိမိတို.အား ပင်.ဖိတ်ပါက ရဟန်းတို.သည် ဝါတွင်း၌ပင်ဖြစ်စေ သွားရောက်ကြားနာကြရမည်ဟု ဝိနည်းမဟာဝါ ပါဠိတော်၌လာ၏။

ထိုခေတ်က စိတ္တသူကြွယ်၊ မဟာနာမ်မင်းသား၊ မလ္လိကာမိဖုရား အစရှိသော အချို.ဥပါသကာ ဥပါသကာမတို.သည် အချို.ရဟန်းတို.ထက် ပို၍ ဗုဒ္ဓတရားကို ကောင်းစွာ သိမြင်နားလည်ကြ၏။ ဝိသာခါနှင်. ဓမ္မဒိန္နာထေရီတို. ဆွေးနွေးသော တရားများ၊ မဟာနာမ်မင်းသားအား ဗုဒ္ဓဟောကြားသော တရားများမှာ အထူးလေးနက်၍ ပိဋကတ်၌ ပြဆိုထား၏။

    ပရိဗိုဇ်တစ်ဦးက ဗုဒ္ဓအား " လူဖြစ်သော ဖြူသောအဝတ်ကို ဝတ်ကုန်သော၊ မြတ်သောအကျင်.ကို ကျင်.ကုန်သော သူတို.တွင် အောက်ကာမဘုံအဖို.ဖြစ်သော သံယောဇဉ်ငါးပါးကို အကြွင်းမဲ. ပယ်ဖြတ်ခြင်းကြောင်. ဗြဟ္မာပြည်၌ ပရိနိဗ္ဗာန်ပြုလတ္တံ.သော တစ်ယောက်သော ဥပါသကာ၊ ဥပါသကာမသည် ရှိပါသလေ" ဟုမေးရာ ဗုဒ္ဓက " ငါ၏ တပည်.ယောက်ျားမိန်းမများတွင် ထိုကဲ.သို.သောသူမျိုးမှာ တစ်ရာမက၊ ငါးရာလည်းမက မြောက်မြားစွာ ရှိကြပေသည်" ဟုမိန်.ကြား၏ (မဇ္ဈိမနိကာယ်၊ မဟာဝစ္ဆဂေါတ္တသုတ်)။ ဤစကားဖြင်. ဗုဒ္ဓလက်ထက်က သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ယောက်ျားမိန်းမ အမြောက်အမြားရှိကြောင်း ထင်ရှား၏။

    ဗုဒ္ဓသည် ဒါနသီလတရားများနှင်. တမလွန်ဘဝ ကောင်းစားရေး၌သာလျှင် စိတ်ဝင်စားသောလူတို.၏ အကျိုးစီးပွားကို လျစ်လျူမပြုခဲ.ချေ။ မင်္ဂလသုတ်၊ သင်္ဂါလောဝါဒသုတ်ကဲ.သို. လောကီကြီးပွားချမ်းသာရေး အတွက် လူတို.အား ဟောကြားထားသော သုတ္တန်ဒေသနာ အတော်များများရှိ၏။ ဗုဒ္ဓဟောသော လူ.ကျင်.ဝတ်များ၏ ဝိသေသလက္ခဏာများမှာ ပုဂ္ဂလိက လွတ်လပ်ရေးကို လေးစားမှု၊ အချင်းချင်းကူညီမှု၊ ကျေးဇူးသိတတ်မှု စသည်တို.ဖြစ်၏။ ဗုဒ္ဓ၏ လူနေမှုစနစ်သည် မိဘ၊ သို.မဟုတ် လင်ယောက်ျား၊ သို.မဟုတ်ဆရာဖြစ်သူက ဆိုင်ရာ သားသမီး၊ ဇနီးမယားနှင်. တပည်.များအား ဖိနှိပ်ချုပ်ချယ်မှု၊ အမိန်.ပေးမှုများမှ ကင်း၏။ ပါဠိပိဋကတ်ကို နှံ.နှံ.စပ်စပ် လေ.လာခဲ.သော အချို.အနောက်နိုင်ငံ ပညာရှင်တို.၏ အဆိုအားဖြင်.မူ မျက်စိမှိတ် အမိန်.နာခံမှု အနက်အဓိပ္ပာယ်ဆောင်သော ပါဠိစကားမရှိချေ။

အင်္ဂုတ္တရနိကာယ်၌ လက်နက်၊ လူသတ္တဝါ၊ အမဲတိရစ္ဆာန်၊ သေအရက်နှင်. အဆိပ်ကို ဥပါသကာတို. ရောင်းဝယ်ကုန်သွယ်ခြင်း မပြုအပ်ကြောင်း ဗုဒ္ဓဟောကြားထား၏ (အင်္ဂုတ္တရနိကာယ်၊ ပဉ္စနိပါတ်- ဝါဏိဇ္ဇသုတ်)။ ဤဒေသနာမှာ လက်နက် မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်ရောင်းဝယ်မှုကြောင်. စိုးရိမ်ပူပန်နေကြရသော ယနေ. ကမ္ဘာ.လူသားတို.နှင်. အထူးသက်ဆိုင်သော ဒေသနာဖြစ်၏။ ဤဒေသနာအရ ဗုဒ္ဒသည် သည် ကမ္ဘာ.သမိုင်း၌ ငွေဝယ်ကျွန်စနစ်ကို ရှေးဦးပထမဆန်.ကျင်ခဲ.သော ပုဂ္ဂိုလ်ဖြစ်သည်ဟု ယူဆဖွယ်ရှိ၏။ ဗုဒ္ဓနှင်. ခေတ်ကာလနီးစပ်သော နာမည်ကျော် ဂရိပညာရှင်ကြီး အလေတိုသည် ငွေဝယ်ကျွန်စနစ်ကို အပြစ်မမြင်ခဲ.ချေ။

    လူသိနည်းသော်လည်း ဥပါသကာများအတွက် ဗုဒ္ဓ အထူးဟောခဲ.သော ဒေသနာတစ်ခုကို အင်္ဂုတ္တရနိကာယ်၌ တွေ.ရ၏။ " တရားငါးမျိုးနှင်. ပြည်.စုံသော ဥပါသကာသည် ဥပါသက ဒွန်းစဏ္ဍားမည်၏။ ဥပါသကာညစ်၊ ဥပါသကာညံ.လည်း မည်၏။ ထိုတရားငါးမျိုးကား သဒ္ဓတရားမရှိ၊ သီလမရှိ၊ ကောတုဟလမင်္ဂလာကို ယုံကြည်၏။ ကံ ကို မယုံကြည်။ သာသနာတော်၏အပ၌ အလှူခံပုဂ္ဂိုလ်ကို ရှာမှီး၏။ (အဂုင်္တ္တရနိကာယ်၊ ပဉ္စကနိပါတ်- စဏ္ဍာလသုတ်)။ " ကောတူဟလ" ကို မြန်မာပါဠိဆရာတို.က " အုတ်အုတ်ကျက်ကျက်" ဟူ၍ ပြန်ဆိုကြ၏။ " ရဟန်းတို.၊ သင်တို.သည် အုတ်အုတ်ကျက်က်ျ မင်္ဂလာ၊ အမင်္ဂလာ၊ အတိတ်နိမိတ်တို.ကို အနှစ်သာရအားဖြင်. စွဲယူကုန်ဦးအံ.လော" ။ (မဇ္ဈိမနိကာယ်၊ မဟာတဏှာသင်္ခယသုတ်)

    ဤဒေသနာ၌ ကမ္မဝါဒ (ဝါ) အားထုတ်ပြုလုပ်မှုနှင်. ဆန်.ကျင်သော လောကီ အယူအစွဲ ဥပါဒါန်များကို ဆိုလိုခြင်းဖြစ်ကြောင်း သတိပြုသင်.၏။ ဗုဒ္ဓသည် လူတို.၏ အစဉ်အလာ၊ ယုံကြည်မှုအားလုံးကို ပယ်သည်မဟုတ်ချေ။ လူတို.၏ အပြစ်ကင်းသော ယုံကြည်မှုများကို လေးစားသောအားဖြင်. ရဟန်းတို.စောင်.ထိန်းရန် လိုအပ်သော သိက္ခာပုဒ်များကို ပညတ်တော်မူခဲ.၏။ ဗုဒ္ဓ၏ အလိုအားဖြင်. အယူတစ်ခုကို အကောင်းအဆိုး ဆုံးဖြတ်ရာ၌ ၎င်း၏ အကျိုးသက်ရောက်မှုကို ကြည်.၍ ဆုံးဖြတ်ရမည်ဖြစ်၏။ ဗြဟ္မဏတစ်ဦးက ခတ္တိယတို.သည် ဗြာဟ္မဏတို.ကို၊ သူကြွယ်တို.သည် ခတ္တိယတို.ကို၊ ဆင်းရဲသားတို.သည် သူကြွယ်များကို လုပ်ကျွေးသင်.သည်ဟု ဗြာဟ္မဏတို.က ဆိုပါသည်။ ရဟန်းဂေါတမက မည်သို.ထင်မြင်ပါသနည်း မေး၏။ ဗုဒ္ဓက မည်သူသည် မည်သူ.အား လုပ်ကျွေးသင်.သည်ဟု မိမိမပြောလိုကြောင်း၊ လူတစ်ဦးတစ်ယောက်ကို လုပ်ကျွေးခြင်းဖြင်. မိမိ၌ အကျိုးရှိမည်ဖြစ်ပါက လုပ်ကျွေးသင်.၍ အကျိုးယုတ်မည်ဖြစ်ပါက မလုပ်ကျွေးသင်.ကြောင်း မိန်.တော်မူ၏။ (မဇ္ဈိမနိကာယ်၊ ဧသုကာရီသုတ်)

    သီလ၊ သမာဓိ ပညာ၊ ဝီရိယ စသည်တို.ကိုသာလျှင် အဓိကထားသော ဗုဒ္ဓကျင်.စဉ်၌ ရဟန်းနှင်. လူ၊ ဗြာဟ္မဏနှင်. အခြားဇာတ်ခွဲခြားမှု မရှိသည်.နည်းတူ ယောက်ျားနှင်. မိန်းမ ခွဲခြားမှုလည်း မရှိချေ။ ဗုဒ္ဓသည် မိန်းမမှာ ဇာတိအားဖြင်.ယောက်ျားထက် ယုတ်ညံ.သည်ဟု မယူဆချေ။ မိန်းမများအား ဖိနှိပ်ရေးသားထားချက်များကို ပါဠိပိဋကတ်၌ မတွေ.ရဘဲ အဌကထာနှင်. ဇာတ်နိပါတ်များ၌ တွေ.ရသည်ကများ၏

    ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်ခါနီး၌ အရှင်အာနန္ဒာက " အရှင်ဘုရား၊ ကျွန်ုပ်တို.သည် မာတုဂါမတို.နှင်. စပ်လျင်း၍ အဘယ်သို. ကျင်.သုံးရပါမည်နည်း" ဟု မေးလျှောက်၏။

    " အာနန္ဒာ၊ မတွေ.မမြင်အောင် ကျင်.သုံးရမည်"

    " အရှင်ဘုရား၊ မလွှဲသာ၍ တွေ.မြင်ခဲ.သော် အဘယ်သို. ကျင်.သုံးရပါမည်နည်း"

    "အာနန္ဒာ၊ စကားမပြောဘဲ နေရမည်"

    "အရှင်ဘုရား၊ မလွှဲသာ၍ စကားပြောရသော် အဘယ်သို. ကျင်.သုံးရပါမည်နည်း။"

    "အာနန္ဒာ၊ အမိရင်းစသည်ကဲ.သို. အမှတ်ထား၍ ပြောဆိုရမည်"

    ဤသို. မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်မှ တိုက်ရိုက်ပြန်ဆိုထားသော ဗုဒ္ဓမိန်.ကြားချက်၌ မိန်းမများကို ကဲ.ရဲ.ပုတ်ခတ်သော စကားတစ်လုံးတစ်ပါဒမျှ မပါရှိချေ။ သို.ရာတွင် ဇိနတ္ထပကာသနီကျမ်း၌မူ " မိန်းမများအား စကားမပြောဘဲနေရမည်" ဟူသောစကားကို "အာနန္ဒာ၊ ထက်စွာသော သန်လျက်ကို ကိုင်၍ ငါနှင်.စကားဆိုမူကား သင်၏ ဦးခေါင်းကို ဖြတ်အံ.ဟုဆိုသော ယောက်ျားနှင်. စကားပြောခြင်းသည် မြတ်သေး၏။ မာတုဂါမတို.အား စကားပြောခြင်းသည် မမြတ်" စသည်ဖြင်. ချဲ.ထွင်ရေးသားထား၏။

    ဇိနတ္ထပကာသနီကျမ်းပြုဆရာသည် စင်စစ် မိန်းမများကို ပုတ်ခတ်သည်ကား မဟုတ်။ သို.ရာတွင် ကျမ်းဆရာ၏ စကားကို ထောက်ချင်.၍ ဗုဒ္ဓစာပေထဲသို. မိန်းမများကို အထူးရှောင်ကြဉ်ရသော ရဟန်းဘုန်းကြီးတို.၏ စာပေ၌ ထိုစကားမျိုးအနည်းအများ တွေ.ရှိရခြင်းမှာ အံ.ဩဖွယ်ရာ မရှိချေ။

    ဗုဒ္ဓ၏ အလိုအားဖြင်. မိန်းမသည် ကြိုးစားအားထုတ်ပါက ယောက်ျားနည်းတူ မဂ်ဖိုလ်နိဗ္ဗာန် မုချရရှိမည်ဖြစ်၏။ မာရ်နတ်သည် သောမာထေရီမအား "မိန်းမဖြစ်သော သင်သည် ဘုရားရဟန္တာတို.သာ ရောက်အပ်သော နိဗ္ဗာန်ကို ရောက်နိုင်မည်မဟုတ်" ဟုဆို၏။ ထိုအခါထေရီမက " အိုမာရ်နတ်၊ သင်၏စကားသည် တဏှာ မာန ဒိဌိ ဖုံးလွှမ်းသော ယောက်ျားမိန်းမအဖို. မှန်၏။ ဖလသမာပတ္တိညဏ်ဖြင်. သစ္စာလေးပါးတရားကို ကောင်းစွာမြင်သောသူအား မိန်းမအဖြစ်သည် အဘယ်သို.ပြုရတော.အံ.နည်း" ဟု ပြန်ပြော၏။ (ထေရီဂါထာနှင်. ဘိက္ခနီသံယုတ် သောမာဘိက္ခုနီသုတ်)

    အမှန်ဆိုသော် ဇာတ်အဌကထာများ၌ပင် မိန်းမများကို ချီးကျုးသောစကားများကို တစ်ခါတစ်ရံ တွေ.ရ၏။ "ခပ်သိမ်းသောအရာတို.၌ ယောက်ျားသည်သာလျှင် ပညာရှိမဟုတ်၊ မိန်းမသည်လည်း ပညာရှိ၏။ ထိုထိုအရာတို.၌ အထူးသဖြင်. မြင်တတ်၏။လျင်မြန်စွာကြံတတ်၏" (အင်္ဂုတ္တရနိကာယ်၊ အဌကနိပါတ်- သုလဇာတ်)

    သမီးမိန်းမ အလိုမရှိသော ကောသလမင်းအား ဗုဒ္ဓမိန်.ကြားသော စကားသည် မှတ်သားဖွယ်ကောင်း၏။ "မင်းကြီး၊ ပညာသီလနှင်. ပြည်.စုံ၍ လင်ကို ရိုသေစွာ ပြုစုလုပ်ကျွေးသော၊ အချို.သော သမီးမိန်းမသည် ပညာနုံ.သော သားယောက်ျားထက်မြက်၏။ ထိုမိန်းမ၏သားသည် တိုင်းပြည်ကိုကောင်းစွာ အုပ်ချုပ်နိုင်၏" (ကောသလသံယုတ်၊ မလ္လိကာဓိတရဝိဇာတသုတ်)။ ဗုဒ္ဓသည် အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဘူလတို.ကိုသာ ချီးမွမ်းသည် ဆိုသောစကားမှာ အခြေအမြစ်မရှိချေ။ " အိုသူကြွယ်၊ သင်.အား နကုလ၏ အမိသူကြွယ်မသည် အစဉ်စောင်.ရှောက်ပေ၏ အကျိုးစီးပွားကို အလိုရှိ၏။ ဆုံးမတတ်၏။သင်.အားအရတော်လေစွတကား။ သင်.အား လူ၏အဖြစ်ကို ကောင်းစွာရအပ်လေစွတကား။ သီလနှင်.ပြည်.စုံ၍ ကိုယ်တွင်းသန္တာန်၌ စိတ်ငြိမ်းအေးသော ငါဘုရား၏တပည်. ဥပါသကာမများတွင် နကုလမာတာသည် တစ်ယောက်အပါအဝင်ဖြစ်ပေ၏။" (အင်္ဂုတ္တရနိကာယ်၊ အဌကနိပါတ်- နကုလပိတုသုတ်) ဟူသောစကာဖြင်. ဗုဒ္ဓချီးမွမ်းတော်မူသော မိန်းမ အမြောက်အမြားရှိကြောင်း ထင်ရှား၏။

    ဗုဒ္ဓသည် လူတို. အိမ်ထောင်ပြုရာ၌ မိန်းမများကို ကုန်ပစ္စည်းကဲ.သို. သဘောမထားဘဲ မေတ္တာသက်ဝင် ချစ်ခင်၍ ရွေးချယ်ပေါင်းဖက်ခြင်းကို ချီးမွမ်း၏။ (သုတ္တနိပါတ်၊ ဗြာဟ္မဏ ဓမ္မိကသုတ်)။ " သက်ကြီးယောက်ျားသည် မိန်းမငယ်ကို ယူမိပါက ပူပန်သောကဖြစ်၍ စိတ်ဆင်းရဲရတတ်၏။" (သုတ္တနိပါတ် ပရာဘဝသုတ်) သိင်္ဂါလသုတ်လာ လင်ကျင်.ဝတ် ငါးပါးအရ တစ်လင်တစ်မယားစနစ်သည် သာလျှင် ဗုဒ္ဓဩဝါဒနှင်. ကိုက်ညီကြောင်း မိန်းမများအား ယောက်ျားများနှင်. တန်းတူအခွင်.အရေးပေးထားကြောင်းထင်ရှား၏။ ဗုဒ္ဓလက်ထက်က မိန်းမများ၏ အခြေအနေကို လေ.လာခဲ.သော အင်္ဂလိပ်ပါဠိပညာရှင် တစ်ဦး၏ အဆိုအားဖြင်. " ထိုခေတ်က ဗုဒ္ဓဝါဒီ အမျိုးသမီးတို.သည် ဗုဒ္ဓမပေါ်မီကထက် ပို၍ ဂုဏ်သိက္ခာရှိလာကြ၏။ သမီးမိန်းမနှင်. မုဆိုးမများမှာ စိတ်ပျက်စက်ဆုပ်ဖွယ်ရာ ပုဂ္ဂိုလ်သတ္တဝါများမဟုတ်တော.ချေ။ သူတို.နှင်.တကွ ဇနီးမိန်းမများသည် ပိုမိုလွပ်လပ်၍ လေးစားခြင်းခံလာကြရ၏။" (၁. I.B.Horner: Women under Primitive Buddhism, pp.82)

    ဗုဒ္ဓသည် မိဘများကို ပြုစုစောင်.ရှောက်မှု၊ ဆွေမျိုးသားချင်းများကို ကူညီထောက်ပံ.မှုနှင်. သားမယားလုပ်ကျွေးမှုကို ချီးမွမ်း၍ လူ.လောက၌ မိသားစု စိတ်ဓာတ် ထွန်းကားသည်ကို မြင်တော်မူလို၏။ အိမ်ရာထောင်သော လူ.ဘောင်၌ မိန်းမများ၏ အရေးပါမှုကို အသိအမှတ်ပြုတော်မူကြောင်း ဗုဒ္ဓဝင်မှ ဖြစ်ရပ်တစ်ခုဖြင်. ထင်ရှား၏။

    ဘုရားရှင်သည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်၌ ဆွမ်းဘုဉ်းပေးပြီးသောအခါ အလုံးစုံသော မောင်းမမိဿံ ခြွေရံတို.သည် အနီးသို.ချဉ်းကပ်၍ ဘုရားရှင်အား ရှိခိုးဖူးမျှော်ကြ၏။ ယသော်ဓရာမင်းသမီးသည်ကား အဆောင်ထဲမှ ထွက်မလာချေ။ နန်းသူနန်းသားတို.က " သခင်မ၊ မောင်တော်ဘုရားကို ထွက်၍ ပူဇော်ဖူးမြော်ပါလော" ဟု တိုက်တွန်းကြသော်လည်း ယသော်ဓရာမင်းသမီးသည် " အကယ်၍ ဘုရားရှင်သည် အကျွန်ုပ်၏ ကျေးဇူးကို ထောက်မျှော်၍ သနားတော်မူပါလျှင် အကျွန်ုပ်ထံသို. ကြွလာပါလိမ်.မည်။ ထိုအခါမှ ပူဇော်ပါတော.မည်" ဟုဆို၍ ထွက်မလာဘဲနေ၏။ ထိုအကြောင်းကို ဘုရားရှင် ကြားသိသော် မင်းကြီးအား သပိတ်ကမ်း၍ အဂ္ဂသာဝကနှစ်ဦးနှင်.အတူ ယသော်ဓရာ၏ နေရာတိုက်ခန်းသို. ဝင်တော်မူပြီးလျှင် " ယနေ. ယသော်ဓရာ မင်းသမီးသည် ငါဘုရားကို အလိုရှိတိုင်းဖူးမြော်စေ။ မည်သူကမျှ တစ်ခွန်းစကား မတားဆိုကြလင်." ဟုမိန်.တော်မူ၏။ ထိုအခါ ယသော်ဓရာမင်းသမီးသည် ဘုရားရှင်ထံသို.လာ၍ ခြေဖဝါးကို ဆံပင်ဖြင်.ပွတ်သပ်လျက် အထပ်ထပ်ရှိခိုးလေသည်။

    အထက်ပါအကြောင်းမှာ ပိဋကတ်၌ မလာဘဲ ဇာတ်အဌကထာ၌သာ တွေ.ရသော်လည်း ဗုဒ္ဓ၏ ကြင်နာမှု၊ စိတ်နှလုံးမြင်.မြတ်မှု၊ မိသားစု စိတ်ဓာတ် တန်ဖိုးကို နားလည်မှု စသည်တို.ကို စဉ်းစားဆင်ခြင်ပါက ဗုဒ္ဓဝင်မှ အကြောင်းယုတ္တိ ခိုင်မာသော ဖြစ်ရပ်တစ်ခု ဖြစ်သည်ဟု မှတ်ယူရပေမည်။

အချုပ်အားဖြင်. ဗုဒ္ဓ၏သာသနာ၌ ကာမဂုဏ်ခံစားသော်လည်း အကျင်.သီလရှိသော လူတို.အတွက် နေရာကဏ္ဍ အထင်အရှားရှိ၏။ ထိုသူတို.ကို ဗုဒ္ဓချီးမွမ်းတော်မူကြောင်း သေချာခိုင်မာသော အထောက်အထားမှာ အောက်ပါပိဋကတ်ဒေသနာဖြစ်၏။

" အို ရဟန်းတို.၊ နတ်တို.ကို အစိုးရသော သိကြားမင်းသည် ဝေဇယန္တာပြာဿဒ် ထက်မှ ဆင်းသက်၍ များစွာသော အရပ်မျက်နှာတို.ကို လက်အုပ်ချီလျက်ရှိခိုး၏။ထိုအခါ မာတလိနတ်သားက အကျိုးအကြောင်း မေးမြန်းရာ သိကြားမင်းက ဤသို.ဆို၏။ " အို မာတလိ၊ ခပ်သိမ်းကုန်သော လူတို.သည် လည်းကောင်း၊ နတ်မင်းကြီးနှင်. တာဝတိံသာနတ်တို.သည် လည်းကောင်း ငါ.ကို ရှိခိုးကြကုန်၏။ ငါသည်ကား သီလသမာဓိနှင်. မြတ်သောအကျင်.ကို ကျင်.သုံးသော ရဟန်းတို.ကို ကောင်းစွာ ရှိခိုး၏။ အိမ်၌နေသူ လူဖြစ်ကုန်လျက် ကောင်းမှုကုသိုလ်ကို ပြုလေ.ရှိကုန်သော၊ သီလရှိကုန်သော အကြင်ဥပါသကာတို.သည် တရားနှင်.အညီ ရှာမှီး၍ သားမယားကို မွေးမြူကြကုန်၏။ ထိုဥပါသကာတို.ကိုလည်း ငါသည်ရှိခိုး၏။" (သံယုတ္တနိကာယ်၊ သက္ကသံသုတ်၊ သက္ကနမဿသုတ်)

    " ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်ပြုသည်မှာ နှစ်ပေါင်းများစွာ ကြာမြင်.ပြီဖြစ်၍ နောက်ကာလ၌ ဗုဒ္ဓ၏အမည်သည် ဒဏ္ဍာရီများအကြားတွင် မှုန်ရီဝိုးတဝါးဖြစ်ခဲ.သော်လည်း ဗုဒ္ဓ၏ဂုဏ်သည် နောက်မှပေါ်ပေါက်လာသော များစွာသော ဘာသာရေးခေါင်းဆောင်များ၏ ဂုဏ်ထက် ပိုမိုထင်ရှား၏။ ဤအချက်သည် ဗုဒ္ဓ၏ ထူးခြားသော သီလ သမာဓိဂုဏ်ကို အထင်အရှား သက်သေခံလျက်ရှိ၏။" (1. C.Eliot: Hinduism and Buddhism Vol I, pp.131)

    ဤသို.ဖြင်. အင်္ဂလိပ် ဗုဒ္ဓစာပေပညာရှင် ဆာချားအဲလိယော.သည် ဗုဒ္ဓကို ချီးကျူးခဲ.၏။ မှန်လှ၏။ အိန္ဒိယ ဘာသာဝါဒသမိုင်တွင် မြောက်မြားလှစွာသော ဘာသာရေးခေါင်းဆောင်များထက် ပိုမိုထင်ပေါ်နေခြင်းသည် ဗုဒ္ဓ၏ ထူးခြားသော ဝိသေသဂုဏ်ဖြစ်၏။ ဗုဒ္ဓကို မီလိုက်သောသူတို.ကသော်လည်းကောင်း၊ မမှီလိုက်သော်လည်း ရှေးအစဉ်အဆက် စကားများကို ကြားဖူးသော သူတို.ကသော်လည်းကောင်း ဗုဒ္ဓကို ကြည်ညိုကြခြင်းမှာ စင်စစ်အံ.ဩစရာမရှိချေ။ အဘယ်ကြောင်.ဆိုသော် ပိဋကတ်ကျမ်းစာများမှ ဗုဒ္ဓအကြောင်းအရာများကို ယနေ.ဖတ်ရှုလေ.လာကြသော အနောက်နိုင်ငံ ပညာရှင်တို.သည်ပင် ဗုဒ္ဓကို ကြည်ညိုကြရ၏။ ဤနေရာ၌ ဗုဒ္ဓ၏ တရားကို သစ္စကပရိဗိုဇ်ကဲ.သို. ဗုဒ္ဓဝါဒကို မနှစ်သက်သော်လည်း ဗုဒ္ဓကို ကြည်ညိုလေးစားသော အချို.ပညာရှင်တို.၏ ထင်မြင်ချက်များကို သာ ဖော်ပြပါအံ.။

    အင်္ဂလိပ်ပညာရှင် ဆာဗာရီဒေးကိသည် ဗုဒ္ဓဝါဒကို လက်မခံချေ။ သို.ရာတွင် သူက " ဗုဒ္ဓဝါဒသည် ချွတ်ယွင်းချက်များ၊ ရှေ.နောက်မညီညွတ်မှုများ ရှိသော်လည်း ဗုဒ္ဓသည် အာရှတိုက်မှ ထွက်ပေါ်ခဲ.သော ခေါင်းဆောင်များအနက် ကြည်ညိုဖွယ်အကောင်းဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်ပါပေသည်" ဟု ရေးသားခဲ.၏။ (2. A.B.Keith: Buddhist Philosophy, pp. 147)

    ပြင်သစ်ပညာရှင် ဗာသီလီမိ စိန်. ဟီလာရီသည် ဗုဒ္ဓဝါဒကို ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်သောသူဖြစ်၏။ သို.ရာတွင် သူက" ဗုဒ္ဓ၏ ဘဝဖြစ်စဉ်သည် အပြစ်အနာကင်း၏။ ဗုဒ္ဓသည် အာဇာနည်စိတ်ဓာတ်ရှိမှု ကိုယ်ကျိုးမငဲ.ကွက်မှု မေတ္တာဓာတ်ကြီးမားမှုနှင်. စိတ်နှလုံး နူးညံ.သိမ်မွေ.မှုတွင် စံပြပုဂ္ဂိုလ်ဖြစ်ပေသည်" ဟုရေးသားထား၏။( 3. B. Saint. Hilaire: The Buddha and His Religion,pp.11)

    ပရိုဖက်ဆာ မက်စ်မူလာသည် ရှေးအိန္ဒိယ ဘာသာဝါဒများကို နှိုက်ချွတ်လေ.လာခဲ.သော ဂျာမန်ပညာရှင်ဖြစ်၏။ ဗုဒ္ဓဝါဒမှာ သူနှစ်သက်သော ဝါဒမဟုတ်။ သို.ရာတွင် သူသည် ဗုဒ္ဓကို ကြည်ညိုလေးစား၏။ သူက " ဗုဒ္ဓကို အပြိုင်အဆိုင် ချီးကျူးရေးသားကြသော ခရစ်ယာန် သာသနာပြု ဆရာတို.၏ ရေးသားချက်များကို ဖတ်ရှုရသောအခါ ကျွန်ုပ်တို.မှာ ကိုယ်.မျက်စိကိုပင် ယုံနိုင်စရာမရှိပါ" ဟုဆိုလေသည်။ (4. Max Muller: Studies in Buddhism.pp.50-51)

    အဒေါ.ထောမတ်သည် ဂျာမန် ခရစ်ယာန်ဘုန်းကြီးတစ်ပါးဖြစ်၏။ သူသည် တစ်ခါက အမေရိကန်မြို.ကြီးများသို. လှည်.လည်၍ ဗုဒ္ဓဝါဒအကြောင်းကို ဟောပြောဖူး၏။ သူသည် ဗုဒ္ဓဝါဒကို ကဲ.ရဲ.ရှုတ်ချ၏။ သို.ရာတွင် ဗုဒ္ဓကိုကား အောက်ပါအတိုင်းချီးကျုးဟောပြောခဲ.ပေသည်။

    "ဗုဒ္ဓသည် စိတ်နှလုံးမြင်.မြတ်၍ သိမ်မွေ.နူးညံ.၏။ မိမိ၏ ယုံကြည်ချက်အတွက် ဘာမဆို စွန်.ရဲသော ယောက်ျားအာဇာနည်တို.၏ နှလုံးရည်နှင်. ပြည်.စုံ၏။ သီလသမာဓိနှင်. ဥာဏ်ပညာအရာ၌ အခြားသူများထက် မြင်.မြတ်၏။ ခရစ်တော်မပေါ်မီ နှစ်ပေါင်းငါးရာကျော်က ပေါ်ထွက်ခဲ.သော ဗုဒ္ဓသည် ၁၉ ရာစုခေတ် သိပ္ပံပညာရှင်တို. တွေ.ရှိသော အချက်များကို ကြိုတင်သိမြင်ခဲ.၏။ လွတ်လပ်စွာ တွေးခေါ်မှုကို လိုလား၍ ယခုကာလသိပ္ပံပညာရှင်တို.ကဲ.သို. လွတ်လပ်စွာ ဆင်ခြင်သုံးသပ်၏။

    "ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်သည်မှာ နှစ်ပေါင်း နှစ်ထောင်ကျော်ပြီဖြစ်သော်လည်း ဗုဒ္ဓကို လူတို.မမေ.ကြသေးချေ။ ဗုဒ္ဓ၏ အမည်သတင်းသည် ဥရောပနှင်. အမေရိကတိုက်များသို.ပင် ပျံ.နှံ.ထင်ရှား၏။ အာရှတိုက်၌ လူသန်းပေါင်း ၃၇၀ တို.၏ ကိုးကွယ်ခြင်းခံရသော ဗုဒ္ဓသည် ဥရောပနိုင်ငံများ၌လည်း ပညာရှင်အတော်များများ၏ စိတ်ဓာတ်ကို ဆွဲဆောင်နိုင်ခဲ.၏။ ရှိုပင်ဟွာ နှင်. ကင်ကယ် (Schopenhauer and Kinkel) အစရှိသော ဂျာမန်အဘိဓမ္မာဆရာနှင်. ကဗျာစာဆိုတို.သည် ဗုဒ္ဓကို ရှိခိုးပူဇော်ကြ၏။"( Paul Carus: Buddhism and its Christian Critics, pp. 279-282)

ဦးအေးမောင်၊ဗုဒ္ဓနှင်. ဗုဒ္ဓဝါဒ၊ အခန်း(၄)၊ (ဂ) ဗုဒ္ဓ၏ဆုံးမနည်း

(ဂ)ဗုဒ္ဓ၏ဆုံးမနည်း

    ဗုဒ္ဓသည် အိန္ဒိယပြည် မဇ္ဈိမဒေသ၌ ၄၅ နှစ်တိုင်တိုင် တရားဟောပြောခဲ.ရာ အထူးအောင်မြင်ကြောင်း ယုံမှားဖွယ်မရှိချေ။ ဗြာဟ္မာဏ၊ မင်းမှုးမတ်၊ သူဌေးသူကြွယ် မှစ၍ ဆတ္တာသည်၊ ဆင်းရဲသား၊ အလုပ်သမားအထိ လူတန်းစားအမျိုးမျိုးသည် ဗုဒ္ဓတရားကို နှစ်သက်ကြ၏။ ဗုဒ္ဓ၏ တရားကို တစ်ကြိမ်ကြားနာကာမျှဖြင်. ဗုဒ္ဓ၏ တပည်.အဖြစ်ခံယူသောသူတို.မှာ မနည်းလှချေ။ ဗုဒ္ဓ၏ထူးခြားသောအောင်မြင်မှုသည် ထိုအခါက မဇ္ဈိမဒေသ၌ ဗြာဟ္မဏဝါဒ တန်ခိုးမကြီးသေးခြင်း၊ လူတို.အသိဥာဏ်ရင်.ကျက်၍ ဘာသာရေးအတွေးအခေါ်များ ပြောင်းလဲလှုပ်ရှားနေခြင်း၊ ဗုဒ္ဓ၏ ဥပဓိရုပ်နှင်. သီလသမာဓိ ဂုဏ်ကို ကြည်ညိုကြခြင်း စသည်တို.ကြောင်. ဖြစ်၏။ ထိုအချက်များနှင်. ထပ်တူအရေးပါသော အချက်တစ်ရပ်မှာ ဗုဒ္ဓ၏ ဟောပြောဆုံးမနည်းဖြစ်၏။ သို.ဖြင်.နိဂဏ္ဍတစ်ဦးက ဗုဒ္ဓသည် သူတစ်ပါးကို မိမိဘက်ပါအောင် ဆွဲဆောင်နိုင်သော ဥာဏ်ပညာ ကြွယ်ဝသည်ဟု ဆို၏။

    ဗုဒ္ဓသည် ဘီစီ ၆ ရာစုခေတ် မတိုင်မီက လူများလက်ခံယုံကြည်ပြီးဖြစ်သော ဘဝသံသရာ၊ ကံတရား၊ အနိစ္စဒုက္ခတရား စသည်များနှင်. လူများနားလည်ပြီးဖြစ်သော ဝေါဟာရစကားများကို အခြေပြု၍ ဟောပြော၏။ သို.ရာတွင် ထိုရှေးဝါဒများ၊ စကားများသည် ဗုဒ္ဓဒေသနာ၌ အနက်အဓိပ္ပယ် ပြောင်းလဲလာ၏။ ဗုဒ္ဓလက်ခံသော ဘဝသံသရာ သည် ရှေးဗြာဟ္မဏတို.၏ အနိစ္စ၊ ဒုက္ခ တရားထက် နက်နဲကျယ်ပြန်.၏။ ဗြာဟ္မဏ ဟူသောစကားသည် ဇာတ်အနွယ်မြင်.မားမှုကို မဆိုလိုဘဲ အကျင်.သီလ မြင်.မြတ်မှုဟူသော အဓိပ္ပါယ်ကို ဆောင်၏။ 'ဗြဟ္မာ' သည် ပါဠိပိဋကတ်၌ အနန္ဒတန်ခိုးရှင်၊ (ဝါ) ထာဝရဘုရား သို.မဟုတ် ဥပနိသျှကျမ်းလာ ပရအတ္တ (Paramatma or Atman) ကို ရည်ညွန်းသောစကား မဟုတ်တော.ဘဲ အမြင်.မြတ်ဆုံး၊ အကောင်းဆုံးဖြစ်ခြင်းကို ဟောသောစကားဖြစ်လာ၏။ ဥပမာ- ဗြဟ္မဝိဟာရ, ဗြဟ္မစရိယ, ဗြဟ္မစက္က ။

    ဗုဒ္ဓသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ စကားကို တိုက်ရိုက်မပယ်ဘဲ ထိုစကားကိုပင် သုံးစွဲ၍ ပရိယာယ်ဖြင်. ဟောပြောလေ.ရှိ၏။ လယ်ထွန်နေသော ဗြာဟ္မဏ တစ်ဦးက မိမိထံ ဆွမ်းခံသော ဗုဒ္ဓအား" အရှင်ရဟန်းသည် ကျွန်ုပ်ကဲ.သို. လယ်ထွန်စိုက်ပျိုးလုပ်ကိုင်စားပါသလော" ဟုဆိုရာ ဗုဒ္ဓက "ဗြာဟ္မဏ၊ ငါသည်လည်း လယ်ထွန်စိုက်ပျိုး၏။ ငါ၏သဒ္ဓါတရားသည် မျိုးစေ.ဖြစ်၏။ ဝိပဿနာပညာ၊ မဂ်ပညာသည် ထမ်းပိုးထွန်တုံးဖြစ်၏" စသည်ဖြင်. မိန်.ကြား၏ (ဗြာဟ္မဏသံယုတ် ကသိဘာရဒွါဇသုတ်)။ ပိဋကတ်စာပေ၌ ဤကဲ.သို.သော ဒေသနာမျိုး အမြောက်အမြားရှိ၏။ (From the known to unknown method= ပဋိလောမနည်းအရ ပြန်လည်သုံးသပ်ရှင်းပြနည်း။)

    ဗုဒ္ဓသည် လူတို.အား ဟောပြောဆုံးမရာ၌ ဥပမာ အတော်များများ အသုံးပြုလေ.ရှိ၏။ ဥပမာများမှာ ထိထိမိမိရှိ၍ တရားဒေသနာကို သိမြင်နားလည်ရန် ထိရောက်သော အထောက်အကူဖြစ်၏။ မဟာဗြာဟ္မာကို တွေ.မြင်လိုသော ဝါသေဌလုလင်အား ဟောကြားရ၌ ဗုဒ္ဓက ဗြာဟ္မာဏတို.သည် ၎င်းသူတို.၏ ဆရာ.ဆရာ ခုနှစ်ဆက်တိုင်အောင်သော ဆရာ၊ လက်ဦးဆရာ၊ ဝေဒကျမ်းများကို စီရင်သော ရှေးရသေ.တို.သည် လည်းကောင်း တစ်ဦးတစ်ယောက်မျှပင် မဟာဗြာဟ္မာကို မျက်ဝါးဝါးထင်ထင် မမြင်ဘူးပါဘဲလျက် မဟာဗြဟ္မာနှင်. အပေါင်းအဖော်ဖြစ်လိုသည် ဆိုခြင်းမှာ တစ်ဦးကို တစ်ဦး ဆွဲကိုင်ဆက်စပ်နေသော သူကန်းတို.တွင် ရှေ.ဆုံးလူသည် မမြင်ဈ အလယ်လူလည်းမမြင်၊ နောက်ဆုံးလူလည်းမမြင်သကဲ.သို. လည်းကောင်း၊ မည်သည်.အရပ်၌ပြသာဒ်ရှိသည်။ ထိုပြသာဒ်သည် မြင်.သည်၊နိမ်.သည်ဟု မသိဘဲ တက်ရန်လှေကားကို ပြုသည်နှင်.လည်းကောင်း၊ နိုင်ငံ၌ အလှဆုံးမိန်းမကို ချစ်ကြိုက်ပါသည်ဟု ဆိုသော ယောက်ျားနှင်. သော်လည်းကောင်း တူလှချေသည်ဟု မိန်.တော်မူ၏။ (ဒီဃနိကာယ်၊ တေဝိဇ္ဖသုတ်)

    သုတ္တန်များ၌ ဗုဒ္ဓအား သမဏဗြာဟ္မဏနှင်. ပရိဗိုဇ်တို.က မေးသော စကားများကို တွေ.ရ၏။ "အို ပုဏ္ဏား၊ ငါဆိုလတ္တံ.သော စကားကို သင် အဘယ်သို.ထင်သနည်း" စသောစကားကို နေရာအတော်များများ၌ တွေ.ရခြင်းအားဖြင်. တရားနာသူများ၏ မေးမြန်းခြင်းကို ဗုဒ္ဓလိုလားကြောင်း သိအပ်၏။ မိလိန္ဒမင်းကဲ.သို. နှိုက်နှိုက်ချွတ်ချွတ်မေးမြန်းတသော သူမျိုးကို ပိဋကတ်စာပေ၌ မတွေ.ရခြင်းမှာ ထိုသူတို.၏ စကားကို ဗုဒ္ဓစကားလောက် ပိဋကတ်ဆရာတို.က ဂရုမပြုခဲ.ကြသောကြောင်. ဖြစ်တန်ရာ၏။

    တရားဟောရာ၌ ဗုဒ္ဓအသုံးပြုသော ထူးခြားသော နည်းစနစ်မှာ ပြဿနာတစ်ခုကို တိုက်ရိုက်မဖြေရှင်းဘဲ အထက်ပါတေဝိဇ္ဖသုတ်မှာကဲ.သို. မေးသူအား စေ.ငုသေချစွာ ပြန်လည်မေးမြန်းစိစစ်ခြင်းဖြင်. အမြင်မှန် ရရှိစေသောနည်းဖြစ်၏။ နောက်ကာလ၌ ထိုနည်းအားအသုံးပြုသော ဂရိပညာရှိကြီးတစ်ဦးကို အစွဲပြု၍ ဆိုကရေတိနည်း (Socratic Method) ဟု ထင်ရှားသော ဗုဒ္ဓသင်ပြဆုံးမနည်းမှာ မှတ်သားဖွယ်ကောင်း၍ ဆိုင်ရာဗုဒ္ဓဒေသနာတစ်ခုကို ဖော်ပြပါအံ.။ ထိုဒေသနာသည် ဇာတ်ဝါဒကို ချေပသော ဒေသနာဖြစ်သော်လည်း မိဘမျိုးရိုး စစ်မှန်မှုနှင်. လူမျိုးခွဲခြားမှု၌ အစွဲကြီးသော ယခုခေတ် လူတို.ဆင်ခြင်စဉ်းစားဖွယ်ဖြစ်၏။

    ရှေးအခါက ဗြဟ္မဏရသေ.ခုနှစ်ဦးသည် ဗြာဟ္မဏအမျိုးသာလျှင် အမြတ်ဆုံးဖြစ်သည်။ အမျိုးစင်ကြယ်၍ ဗြဟ္မာ၏ သားများဖြစ်သည်ဟု ယုံကြည်ကြ၏။ ဘုရားအလောင်း အသိတဒေဝလ ဆရာရသေ.သည် ရသေ.တို.ကို ဆုံးမလိုသောကြောင်. "ဗြာဟ္မဏ တို.၏ မိခင်တို.သည် အခြားသူများနှင်. မပေါင်းဖော်ဘဲ ဗြာဟ္မဏယောက်ျားများနှင်.သာ ပေါင်းဖော်သည်ဟု သင်တို.သိကြပါ၏လော" ဟု မေး၏။ ရသေ.တို.က " ကျွန်ုပ်တို. မသိပါ" ဟု ပြန်ဖြေကြ၏။

    (မေး) ဗြာဟ္မဏ တို.၏ အထက်ဆွေခုနှစ်ဆက်မှ မိန်းမများသည် ဗြာဟ္မဏအမျိုးသားမှတစ်ပါး အခြားအမျိုးသားများနှင်. မပေါင်းဖော်ဟူ၍ သင်တို.သိကြပါသလော။

    (ဖြေ) ကျွန်ုပ်တို. မသိကြပါ။

    (မေး) ဗြာဟ္မဏ တို.၏ ဖခင်တို.သည်လည်းကောင်း၊ အထက်ခုနှစ်ဆက် ယောက်ျားများသည် လည်းကောင်း၊ ဗြာဟ္မဏမိန်းမများမှတစ်ပါး အခြားမိန်းမများနှင်.

     မပေါင်းဖော်ဟု သိကြပါသလော။

    (ဖြေ) မသိကြပါ။

    (မေး) သတ္တဝါ တစ်ဦး မည်သို. ပဋိသန္ဓေတည်သည်ကို သင်တို. သိကြပါသလော။

    (ဖြေ) အမိနှင်.အဖ ပေါင်းဖော်ခြင်း၊ အမိ၏ ရာသီဥတုလာခြင်း၊ ဂန္ဓဗ္ဗအသင်.ရှိနေခြင်းဟူသော အကြောင်းသုံးခု တိုက်ဆိုင်သောအခါ သတ္တဝါတစ်ဦး ပဋိသန္ဓေ

    တည်ပါသည်။

    (မေး) သို.ရာတွင် ဂန္ဓဗသည် အမျိုးလေးပါးတွင် မည်သည်.အမျိုးဖြစ်မည်ဟု သင်တို.သိကြပါသလော။

    (ဖြေ) ကျွနု်ပ်တို. မသိပါ။ (မဇ္ဈိမနိကာယ်၊ အဿလာယသနသုတ်)

    တရားဟောပြောရာ၌ ဗုဒ္ဓ လက်ကိုင်ထားသော ဝါဒမှာ ဝိဘဇ္ဇဝါဒဖြစ်၏။ ဝိဘဇ္ဇဝါဒသည် ခွဲခြားစိစစ်ခြင်းအနက်ကို ဟော၏။ သုဘလုလင်သည် ရဟန်းဘဝနှင်. အိမ်ရာထောင်သော သူ၏ဘဝတွင် မည်သူ၏ ဘဝကို ပို၍ မြတ်ပါသနည်းဟု မေးလျှောက်ရာ ဗုဒ္ဓက " အိုလုလင်၊ ငါသည် အရာရာ၌ ဝေဖန်ခွဲခြား၍ ဆိုလေ.ရှိ၏။ တစ်ခုခုကို သာ မုချဟူ၍ ဆိုလေ.မရှိ" စသည်ဖြင်.မိန်.ကြား၏။ ဗုဒ္ဓ၏ အလိုအားဖြင်. အမြဲမှန်ကန်သည် ဟူ၍ လှေနံဓားထစ် စွဲမြဲယုံကြည် ရမည်.စကား မည်သည်မရှိ။ " ရဟန်းတို.၊ ဤအယူသည်သာမှန်၏။ အခြားအယူအားလုံးသည် အချည်းနှီးသာတည်းဟူ၍ မစွဲမှတ်သင်." ဟူသောစကားမှာ ပိဋကတ်စာပေ၌ အကြိမ်ကြိမ်တွေ.ရသော ဗုဒ္ဓဩဝါဒဖြစ်၏။

    သို.ဖြစ်၍ အချို.သော ဗုဒ္ဓဒေသနာများ တစ်ခုနှင်.တစ်ခု ဆန်.ကျင်သယောင်ဖြစ်နေခြင်းမှာ အံ.ဩစရာမရှိချေ။ အချို.ဒေသနာများ၌ အဖော်မရှာဘဲ တစ်ကိုယ်တည်း နေခြင်းကို ချီးမွမ်း၍ အခြားဒေသနာများ၌မူ မိတ်ဆွေကောင်းရှိရန် လိုအပ်မှုကို လေးထားဟော၏။

(တော်တော် စဉ်းစားစရာကောင်းတဲ. အချက်ပဲ။ အချို.ဘာသာခြားပညာရှင်များက ဗုဒ္ဓရဲ. စကားတွေဟာ ပိဋကတ်ထဲမှာဘဲ ရှေ.သွားနောက်လိုက်မညီဘူး လို.ဆိုကြပါတယ်။

အခု လို ကြတော.လည်း ဗုဒ္ဓကို ပိုလို.တောင်ကြည်ညိုလာစေပါတယ်။ Blog Post တင်သူ)

    ရဟန်းတို.အား ဆိတ်ဆိတ်နေရန် ဗုဒ္ဓက မကြာခဏ မိန်.ကြားလေ.ရှိသော်လည်း ဝါတွင်းသုံးလ၌ အပြစ်မကျူးလွန်မိရန် အချင်းချင်း စကားမပြောဘဲနေသော ရဟန်းတို.မှာ ဗုဒ္ဓ၏ ကဲ.ရဲ.ပြစ်တင်ခြင်းကို ခံရကြောင်း ဝိနည်းပိဋကတ်၌ ပြဆိုထား၏။ (ဤအကြောင်းကို အကျင်.သီလ ဆိုင်ရာ အခန်း၌ အကျယ်ဖော်ပြပါအံ.။)

    ဗုဒ္ဓ၏ ဆုံးမနည်းနှင်. စပ်လျဉ်း၍ အဘယမင်းသားအား မိန်.ကြားချက်သည် မှတ်သားဖွယ်ကောင်း၏။ ဗုဒ္ဓက မိမိသည် မမှန်၊ အကျိုးမရှိ၊ သူတစ်ပါးလည်း မနှစ်လိုသော စကားကို ရှောင်ကြင်၏။ လူများက နှစ်သက်သော်လည်း မမှန်၊ အကျိုးမရှိသော စကားကို မပြော၊ မှန်၍ လူအများနှစ်သက်သော်လည်း အကျိုးမရှိသောစကားကို ရှောင်ကြဉ်၏။ သူတစ်ပါးမနှစ်လိုသော်လည်း မှန်၍ အကျိုးရှိသော စကားမျိုးနှင်. သူတစ်ပါးလည်း နှစ်လို ၊ မှန်လည်း မှန်၍ အကျိုးလည်းရှိသော စကားမျိုးကို အချိန်အခါကို ကြည်.၍ ဟောပြောသည်ဟု မိန်.တော်မူ၏။ (မဇ္ဈိမ နိကာယ်၊ အဘယရာဇကုမာရသုတ်)

    ကြားနာသူအဖို. အကျိုးရှိမည်. တရားစကားဟူသည် လောကီကြီးပွားချမ်းသာ သို.မဟုတ် မဂ်ဖိုလ်နိဗ္ဗာန် ရရှိမှုကို အကျိုးပြုသော စကားများဖြစ်ကြောင်း ထင်ရှား၏။အခါတစ်ပါး၌ ဗုဒ္ဓသည် သစ်ရွက်များကို လက်ဝါးပေါ်၌ တင်ပြ၍ ရဟန်းတို.အား မိမိလက်ထဲရှိသစ်ရွက်များနှင်. နှိုင်းစာသော် တောထဲရှိ သစ်ရွက်များမှာ အလွန်များပြားသကဲ.သို. မိမိသိသော်လည်း မဟောဘဲထားသော တရားများမှာ အလွန်များပြားကြောင်း၊ သစ္စာလေးပါးမှ တစ်ပါး အခြားတရားများမှာ သံသရာမှ လွတ်မြောက်ကြောင်း တရားများမဟုတ်သဖြင်. မဟောဘဲထားခဲ.ကြောင်းမိန်.ကြား၏။ (မဟာဝဂ္ဂသံယုတ် ၊ သိံသပါသုတ်)။

    ပရိဗိုဇ် တို.မေးလျှောက်သော မဂ်ဖိုလ်နိဗ္ဗာန်နှင်. လုံးဝမသက်ဆိုင်သော မေးခွန်းများကို ဖြေတော်မမူချေ။ ဆင်းရဲဒုက္ခမှ လွတ်မြောက်မှု အတွက် သိသင်.သိထိုက်သော တရားများကို မူ ဆရာစားမထားဘဲ၊ (ဝါ) ဘာမျှ ခြွင်းချန်မထားဘဲ ဟောကြားခဲ.ကြောင်း မဟာပရိနိဗ္ဗာနသုတ်၌ မိန်.ကြား၏။ " ရဟန်းတို.၊ လောက၌ မိန်းမတို.သည်လည်းကောင်း၊ ပုဏ္ဏားတို.၏ အတတ်ပညာသည် လည်းကောင်း လျှို.ဝှက်သော သဘောရှိကြ၏။ လပြည်.ဝန်း၊ နေဝန်းနှင်. ငါဘုရား၏ တရားမှာကား လျှို.ဝှက်ခြင်းမရှိဘဲ ပွင်.လင်းသော သဘောရှိ၏။" (အင်္ဂတ္တရ- တိကနိပါတ၊ပဋိစ္ဆန္နသုတ်)

    သူတစ်ပါးမနှစ်လိုသော စကားမျိုးကို ဗုဒ္ဓအထူးရှောင်ကြဉ်လေ. ရှိခြင်းသည် ဗုဒ္ဓဒေသနာများ၌ ထင်ရှား၏။ မိမိ၏ သဗ္ဗညုတဥာဏ်မှာ လူအများထင်သကဲ.သို. ဘာမဆို ထာဝရသိနေသော ဥာဉ်မျိုးမဟုတ်ကြောင်း အတိအလင်း ဖွင်.ဟမိန်.ကြားခဲ.သော်လည်း (ဆိုင်ရာသုတ္တန်ကို 'ဗုဒ္ဓကိုးကွယ်မှု' အခန်း၌ ဖော်ပြပါအံ.) ဗုဒ္ဓသည် ထိုဥာဏ်မျိုးရှိသည် ဆိုသော အခြားဘာသာရေးခေါင်းဆောင်များကို မည်သို.မျှ ဖြေတော်မမူချေ။ (အင်္ဂုတ္တရနိကာယ်၊ နဝကနိပါတ်- လောကာယတိက ဗြာဟ္မဏသုတ်)။

    အခြားလူတစ်ဦးက မက္ခလိဂေါသာလ နှင်. နာဋပုတ္တ တို.သည် သူတို.ကြေညာသည်.အတိုင်း တရားအားလုံးကို သိကြပါသလော ဟု မေးသောအခါ၌လည်း ဗုဒ္ဓက "သင်၏ မေးခွန်းသည် မသင်.လျော်ချေ။ သင်၏ အမေးစကားကို ထားဘိလော" ဟုဆို၍ မိမိ၏တရားကို ဟောကြား၏။(မဇ္ဈိမနိကာယ်၊ စူဠသာရောပမသုတ်)

    ဗုဒ္ဓသည် မိမိနှင်.စင်ပြိုင် အခြားဘာသာရေးခေါင်းဆောင်များကို အမြဲထောက်ထားစာနာ၍ မိမိကြောင်. ထိုသူများ ထိခိုက်နစ်နာမည်ကို မလိုလားချေ။ ဂျိန်းဝါဒကို စွန်.၍ မိမိ၏တပည်. အဖြစ်သို.ခံယူသော ဥပါလိသူကြွယ်နှင်. သီဟစစ်သူကြီးတို.အား ဂျိန်းရဟန်း တို.ကို ဆက်လက်လှူဒါန်းရန် သတိပေး၏။ (မဇ္ဈိမနိကာယ်- ဥပါလိသုတ်နှင်. ဝိနည်း- မဟာဝဂ္ဂခန္ဓက)။ ပရိဗိုဇ် တစ်ဦးအား ဟောကြားရာ၌ "ငါသည် သင်တို.ကို ငါ၏တပည်. ဖြစ်စေလို၍ သို.မဟုတ် သင်တို.၏ ဆရာနှင်. ကျင်.စဉ်ကို ပစ်ပယ်စေလို၍ ဟောပြောသည်ဟု မထင်မှတ်လင်.။ သင်တို.၏ ဆရာသာလျှင် သင်တို.၏ ဆရာဖြစ်ပါစေ။ သင်တို.၏ ကျင်.စဉ်သာလျှင် သင်တို.၏ ကျင်.စဉ်ဖြစ်ပါစေ" ဟု မိန်.ကြား၏။

(ဒီဃနိကာယ်၊ ဥဒုမ္ဗရိကသုတ်)

    တရားဟောပြောရာ၌ ဗုဒ္ဓသည် ကြားနာသူ၏ ဥာဏ်ပညာ အနုအရင်.ကို ကြည်.၍ ဟောပြောလေ.ရှိ၏။ ရွာသူကြီးတစ်ဦးက ဗုဒ္ဓသည် လူတို.အား အတန်းအစား မခွဲခြားဘဲ တရားဟောပြောပါသလော ဟု မေးလျှောက်၏။ ထိုအခါ ဗုဒ္ဓက ရဟန်းသံဃာမှာ မြေဩဇာ ကောင်းသော ပထမတန်းစား လယ်မြေနှင်.တူကြောင်း၊ ဥပါသကာ, ဥပါသကာမ တို.မှာ ဒုတိယတန်းစားလယ်မြေနှင်.တူ၍ ဗုဒ္ဓဝါဒီ မဟုတ်သူများမှာ တတိယတန်းစား လယ်မြေနှင်.တူကြောင်း၊ လယ်သမားသည် ပထမတန်းစား လယ်မြေကို ရှေးဦးစွာ ထွန်ယက်သည်။ ထို.နောက်မှ ဒုတိယတန်းစားလယ်မြေကို ထွန်ယက်ပြီးလျှင် တတိယတန်းစားလယ်မြေကို နောက်ဆုံးမှ ထွန်ယက်သကဲ.သို. ပုဂ္ဂိုလ်အမျိုးမျိးကို ခွဲခြား၍ ဟောပြောဆုံးမရကြောင်း မိန်.ကြား၏။ (သံယုတ္တနိကာယ်၊ ဂါမဏိသံယုတ်- ဒုတိယအသိဗန္ဓက ပုတ္တဂါမဏိသုတ်)

    မြင်းဆရာတစ်ဦးက မိမိသည် မြင်းများကို ယဉ်ပါးအောင်ပြုလုပ်ရာ၌ အချို.မြင်းများကို အနုနည်းဖြင်.၊ အချိ.မြင်းများကို အကြမ်းနည်းဖြင်. ယဉ်ပါးစေရပါသည်။ အနုနည်း အကြမ်းနည်းများဖြင်. ယဉ်ပါးအောင်လုပ်၍မရသော မြင်းများကိုကား ဖျက်ဆီးပစ်ရပါသည်ဟု လျှောက်၏။ ထိုအခါ ဗုဒ္ဓက မိမိသည်လည်း လူများကို ယဉ်ကျေးအောင် ဆုံးမရာ၌ ထိုနည်းသုံးမျိုးကို သုံးသည်။ သုစရိုက်မှုများ၏ အကျိုးကို ညွန်ပြခြင်းသည် အနုနည်း ဆုံးမခြင်းဖြစ်သည်။ ဒုစရိုက်မှုများ၏ အပြစ်ကို ညွှန်ပြခြင်းသည် အကြမ်းနည်း ဆုံးမခြင်းဖြစ်သည်။ ထိုနည်းနှစ်နည်းဖြင်. ဆုံးမ၍မရသောသူကို လျစ်လျူရှုရသည်။ ထိုသို. လျစ်လျူရှုခြင်းသည် ထိုသူအား အကျိုးစီးပွား ဆုတ်ယုတ်စေသောကြောင်. သူ.အား ဖျက်ဆီးခြင်းဖြစ်သည်ဟု မိန်.ကြား၏။ (အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်- ကေသိအဿဒမ၁မသာရထိသုတ်)

    ဗုဒ္ဓသည် ကျွတ်ထိုက်သော ဝေနေယျသတ္တဝါတို.ကို ဦးစားပေး၍ ဟောပြော၏။ ဤအချက်နှင်.ဆိုင်သော သုတ္တန်ဒေသနာမှာ ရှင်းလင်းပြတ်သား၍ အလွန်မှတ်သားဖွယ်ကောင်းသောကြောင်. ပြည်.ပြည်.စုံစုံ ဖော်ပြပါအံ.။

    "ရဟန်းတို.၊ လောက၌ သူနာသုံးမျိုးထင်ရှားရှိ၏။ ပထမသူနာသည် သင်.လျော်သော အစားအစာ၊ ဆေးနှင်. သူနာပြုကို ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ရောဂါဝေဒနာမှ အထမမြောက်၊ ဒုတိယသူနာသည် သင်.လျော်သောဆေး၊ အစားအစာနှင်. သူနာပြုကို ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ရောဂါဝေဒနာမှ ထမြောက်၏။ တတိယသူနာသည်ကား သင်.လျော်သော ဆေး၊ အစားအစာနှင်. သူနာပြုကို ရရှိမှသာလျှင် ရောဂါဝေဒနာမှ ထမြောက်၏။ ယင်းတို.ကို မရရှိပါက ရောဂါမှ မထမြောက်နိုင်ချေ။

    ရဟန်းတို.၊ ထိုသူနာသုံးမျိုးတွင် နောက်ဆုံး တတိယသူနာအား လျှောက်ပတ်သော ဆေး၊ ဆွမ်း နှင်. သူနာပြုတို.ကို ငါခွင်.ပြု၏။ ဤသူနာကို အကြောင်းပြု၍ အခြားသူနာတို.ကိုလည်း လုပ်ကျွေးပြုစုအပ်၏။

    ရဟန်းတို.၊ ထိုနည်းအတူ လောက၌ သူနာနှင်.တူသော ပုဂ္ဂိုလ်သုံးမျိုးရှိ၏။ ပထမပုဂ္ဂိုလ်သည် ဘုရားရှင်ကို ဖူးမြော်ရသည်ဖြစ်စေ၊ မဖူးမြော်ရသည်ဖြစ်စေ တရားတော် ကို ကြားနာရသည် ဖြစ်စေ၊ မကြားနာရသည်ဖြစ်စေ အရိယာမဂ်သို. သက်ဝင်မည်မဟုတ်။ ဒုတိယပုဂ္ဂိုလ်သည် ဘုရားရှင်ကို ဖူးမြော်၍ တရားတော်ကို ကြားနာရသည်ဖြစ်စေ၊ ဘုရားရှင်ကို မဖူးမြော်ရ၊ တရားတော်ကို မကြားနာရသည်ဖြစ်စေ အရိယာမဂ်သို. သက်ဝင်မည်ဖြစ်၏။ တတိယပုဂ္ဂိုလ်သည်ကား ဘုရားရှင်ကို ဖူးမြော်၍ တရားတော်ကြားနာရမှသာလျှင် အရိယာမဂ်သို. သက်ဝင်မည်ဖြစ်၏။ ဘုရားရှင်ကို မဖူးမြော်ရ၊ တရားကို မကြားနာရပါက အရိယာမဂ်သို. သက်ဝင်မည်မဟုတ်။

    "ရဟန်းတို.၊ ထိုပုဂ္ဂိုလ်သုံးမျိုးတွင် နောက်ဆုံး တတိယပုဂ္ဂိုလ်အား တရားဟောခြင်းကို ငါခွင်.ပြု၏။ ထိုပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားသူတို.အားလည်း တရားဟောကြားအပ်၏။" (အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ ဂိလာနသုတ်)

    ဤဒေသနာ၌ ဗုဒ္ဓဝါဒသည် အမှန်တရားကို လက်ဝါးကြီးအုပ်ထားသော ပုဂ္ဂိုလ်ကျမ်းစာ ကိုးကွယ်မှုဝါဒ မဟုတ်ကြောင်းထင်ရှား၏။ ဗုဒ္ဓသည် ကျွတ်ထိုက်သော သူတို.ကို ဦးစားပေး၍ ဟောပြောသော်လည်း မဂ်ဖိုလ်နိဗ္ဗာန်နှင်. ဝေးသောသူတို.ကို လျစ်လျူမပြုချေ။ သူတို.စရိုက်ကို ကြည်.၍ သင်.လျော်သောတရားကို ဟောလေ.ရှိ၏။ သူတို.၏ မူလရှိရင်းစွဲ ယုံကြည်ချက်ကို ဝေဖန်ပြစ်တင်ခြင်း မပြုဘဲ အမှန်တရားကို သိမ်မွေ.စွာ ထောက်ပြလေ.ရှိ၏။ ဂင်္ဂါမြစ်ထဲ၌ ရေချိုးခြင်းဖြင်. မကောင်းမှုအညစ်အကြေး ကင်းစင်သည်ဟု ယူဆသော ဗြာဟ္မဏတစ်ဦးအား အပြစ်မတင်ဘဲ "ဤအယူမှာ သင်တို.၏ အယူဖြစ်သည်။ ငါ၏ သာသနာ၌မူ မဂ္ဂင်ရှစ်ပါးသည် ကိလေသာအညစ်အကြေး စွန်.ပစ်ရာ ရေအိုင်ဖြစ်သည်" စသည်ဖြင်. ဟောကြား၏။( သံယုတ္တနိကာယ်၊ ဗြာဟ္မဏသံယုတ်၊ သင်္ဂါရဝဗြာဟ္မဏသုတ်)

    ထိုသို. အခြားအယူဝါဒများအပေါ်၌ ဗုဒ္ဓ၏ သဘောထားကြီးမှုသည် ဗုဒ္ဓဒေသနာများကို လေ.လာရာ၌ ကျွန်ုပ်တို. သတိပြုရမည်. အချက်ဖြစ်၏။ အဘယ်ကြောင်.ဆိုသော် ဗုဒ္ဓက မည်သို.မျှ မဝေဖန်ဘဲ ဆိတ်ဆိတ်နေမှုကြောင်. ပိဋကတ်ထဲသို. မသိမသာ ဝင်ရောက်၍ ဘုရားဟော တရားယောင်ယောင် ဖြစ်နေသော အယူဝါဒများ ရှိရပေမည်။ ဥပမာ " မိဘတို.က သားသမီး အလိုရှိကြခြင်း၏ အကြောင်းတစ်ပါးမှာ ဘဝတစ်ပါးသို. ပြောင်းသွားကုန်သော ငါတို.အား အလှူ၏ အဖို.ကို ပေးဝေလတ္တံ. ဟူုသော ယုံကြည်ချက်ဖြစ်၏" ဟူသောစကား (အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်- ပဉ္စဌာနသုတ်) ဖြင်. ထိုယုံကြည်ချက်သည် ဗုဒ္ဓမပေါ်မီက ရှိနှင်.ပြီးဖြစ်၍ နောက်မှ ဗုဒ္ဓစာပေထဲသို. ဝင်ရောက်လာသော စကားဖြစ်ကြောင်း ထင်ရှား၏။

(ဒီအကြောင်းအရာကတော. ရှင်းရှင်းလေးပါ။ ဗုဒ္ဓဟောတဲ. အနတ္တတရား၊ ကမ္မဝါဒ တွေနဲ. ဝိရောဓိ ဖြစ်နေလို.ပါ။ နောက်ပိုင်းမှာ အဲဒီ အခန်းတွေ ဖတ်ပြီး ရင် ဒီအကြောင်း အရာက ရှင်းသွားပါလိမ်.မယ်။Blog Post တင်သူ)

    ကျွတ်ထိုက်သော (ဝါ) အသိဥာဏ်ရှိသော ပုဂ္ဂိုလ်တို.ကို ဟောပြောဆုံးမရာ၌မူ ဗုဒ္ဓသည် ရှေးအစဉ်အလာ ယုံကြည်ချက်များနှင်. ပတ်သက်၍ ပွင်.လင်းပြတ်သား၏။ ဇာတ်ဝါဒကို ပြင်းပြင်းထန်ထန် မရှုတ်ချသော်လည်း ရဟန်းဘောင်၌ ထိုဝါဒကို လုံးဝလက်မခံချေ။ ရဟန်းတို. သည် အင်္ဂဝိဇ္ဇာ၊ ယတြာ၊ ဗေဒင်၊ ဓာတ်ရိုက်ခြင်းစသော လောကီအတတ်ပညာများကို လေ.လာသင်ကြား ပို.ချခြင်း မပြုကြရချေ (သုတ္တနိပါတ်တုဝဋကသုတ်နှင်. ဝိနည်းစူဠခန္ဓက)။ " နက္ခတ်ကို ငံ.လင်.သော သူမိုက်အား အကျိုးသည်ယုတ်၏။ ကောင်းကင် ကြယ်နက္ခတို.သည် အဘယ်အကျိုးပြုလတ္တံ.နည်း" (ဧကနိပါတ် နက္ခတ္တဇာတ်)။ မင်္ဂလာရှိသော အမည်ကို အလိုရှိသည်. ရဟန်းတစ်ပါးအား အမည်နာမမည်သည် ပညတ်မျှသာဖြစ်၍ အမည်ဖြင်.ကိစ္စပြီးသည် မဟုတ်။ အလုပ်လုပ်မှသာ ကိစ္စပြီးကြောင်း ဟောကြား၏။ (ဧကနိပါတ် နာမသိဒ္ဓိဇာတ်)

    အခါတစ်ပါး၌ ဗုဒ္ဓသည် ရဟန်းအပါင်း ခြံရံလျက် တရားဟောနေစဉ် ရုတ်တရက် ချေဆတ်တော်မူ၏။ ထိုအခါရဟန်းတို.က "ဇီဝတု၊ အရှင်ဘုရားသည် အသက်ရှည်စွာ နေရပါစေသတည်း" ဟုဆိုကြ၏။ ဗုဒ္ဓက "ရဟန်းတို. ၊ ချေဆတ်သော သူကို ဇီဝတုဟု ဆိုကာမျှဖြင်. အသက်ရှည်မည်မဟုတ်ကြောင်း ရဟန်းတို.က လျှောက်သော် ဗုဒ္ဓက " သို.ဖြစ်လျှင် လူတစ်ဦးတစ်ယောက်ချေဆတ်သောအခါ ဇီဝတုဟုဆိုသော ရဟန်းအား ဒုက္ကဋ် အာပတ်သင်.စေ" ဟု ပညတ်တော်မူ၏။ (ဝိနည်းပိဋကတ်၊ စူဠခန္ဒက)

    ဗုဒ္ဓ၏ အထိရောင်ဆုံး သင်ပြဆုံးမနည်းမှာ ကိုယ်တော်တိုင် နမူနာစံပြမှုဖြစ်၏။ ငါဘုရားကို မြင်သောသူသည် တရားကို မြင်သည် ဆိုသောစကားမှာ မှန်လှ၏။ ဗုဒ္ဒ၏ ကြင်နာသိမ်မွေ.သော အပြောအဆို၊ အပြုအမူနှင်. စိတ်နေသဘောထားသည် များစွာစော လူတို.ကို ဆွဲဆောင်နိုင်ကြောင်း ယုံမှားစရာမရှိချေ။ မူလပထမက ရန်လိုသော သူတို.သည်ပင် နောက်ဆုံး၌ ဗုဒ္ဓကို ကြည်ညိုလေးစားလာကြ၏။

    မိမိကို ဆဲရေးသော ဗြာဟ္မဏတစ်ဦးအား ဗုဒ္ဓက သည်းခံ၍ ဟောပြောဆုံးမသော စကားသည် အထူးမှတ်သားဖွယ်ကောင်း၏။ ဗုဒ္ဓက " ဗြာဟ္မဏ၊ သင်သည် သင်၏ထံသို.လာသော ဆွေမျိုးသားချင်းတို.အား ခဲဖွယ်ဘောဇဉ် ပေးကမ်းသည် မဟုတ်ပါလော။ ထိုသူတို.သည် သင်ပေးကမ်းသည်ကို မခံယူပါက ထိုစားဖွယ်ခဲဖွယ်များသည် သင်.အဖို.သာလျှင်ဖြစ်သည် မဟုတ်ပါလော။ ထို.အတူ သင်၏ ဆဲရေးခြင်းကို ငါတို.ကတုံ.ပြန်ခြင်းဖြင်. မခံယူကုန်။ ထိုသို.မခံယူသဖြင်. သင်၏ဆဲရေးခြင်းသည် သင်.အဖို.သာလျှင်ဖြစ်သည်" စသည်ဖြင်.မိန်.ကြား၏။ ထိုဗြာဟ္မဏသည် ရဟန်းပြု၍ နောက်ဆုံး၌ ရဟန္တာဖြစ်သွား၏။ (သံယုတ္တနိကာယ်၊ ဗြဟ္မဏသံယုတ်- အက္ကောသ ဘာရဒွါဇသုတ်)

    တခါသော် ဗုဒ္ဓသည် သစ္စကပရိဗိုဇ်အား တရားဟော၏။ တရားဟောနေစဉ် သစ္စကပရိဗိုဇ်သည် တစ်ခါတစ်ရံ ကြားဖြတ်၍ " အရှင်ဂေါတမသည် နေ.အခါ၌ အိပ်စက်သည် မဟုတ်ပါလော။ ထိုသို.အိပ်စက်ခြင်းကို မောဟဖုံးလွှမ်း၍ တွေဝေနေခြင်းဟု အချိုသော သာမဏဗြာဟ္မဏတို.က ဆိုကုန်သည်" စသည်ဖြင်. ပြက်ရယ်ပြု၏။ ထိုသို. မထီမဲ.မြင် ပြက်ရယ်ပြုခြင်းကို ခံရသော်လည်း ဗုဒ္ဓသည် စိုးစိမျှမတုန်လှုပ်ဘဲ ဆက်လက်၍ တရားဟော၏။ တရားပြီးဆုံးသွားသောအခါ၌လည်း သစ္စကသည် ဗုဒ္ဓတရားကို ကြိုက်နှစ်သက်ဟန်မရှိ။ ဗုဒ္ဓ၏ တပည်.အဖြစ်ကို မခံယူ။ သို.ရာတွင် ဗုဒ္ဓ၏ သည်းခံနိုင်မှုကို များစွာအံ.ဩရကား " အို…အရှင်ဂေါတမ၊ အံ.ဩဖွယ်ကောင်းလှပါပေ၏။ ကျွန်ုပ်သည် ပုရာဏကဿပ၊ အဇိတကေသကမ္ဗလ စသော ဆရာတို.နှင်. စကားပြောဆိုဖူးပါ၏။ သူတို.သည် ကျွန်ုပ်၏စကားကို မနှစ်သက်ပါက ဒေါသထွက်သော အမူအရာ၊ နှလုံးမသာသော လက္ခဏာကို ထင်စွာပြကြပါ၏။ အရှင်ဂေါတမမူကား ကျွန်ုပ်က ထိပါးပုတ်ခတ်၍ ပြောပါသော်လည်း အရေအဆင်းသည် ပြိုးပြိုးပြက်ပြက် တောက်ပ၏။ မျက်နှာအဆင်းသည် ကြည်လင်၏။ ပူဇော်အထူးကိုခံတော်မူထိုက်သော ဘုရား၏ ကြည်လင်ခြင်းကဲ.သို. ပါတည်း" စသည်ဖြင်. ချီးကျူပြောဆိုလေသည်။ (မဇ္ဈိမနိကာယ်၊ မဟာသစ္စကသုတ်)

    မထေရ်တစ်ပါးသည် မိမိကြုံတွေ.ခဲ.ရသော ဗုဒ္ဓ၏ ကြင်နာမှုကို မမေ.နိုင်ချေ။ ထိုမထေရ်သည် ရဟန်းမပြုမီက အိမ်မှနှင်ထုတ်ခံရသဖြင်. ဗုဒ္ဓသီတင်းသုံးသော ကျောင်း၏ ဥယျာဉ်တံခါးဝ၌ နေရ၏။ ဗုဒ္ဓသည် သူ.ကို ကြင်နာစွာ ပွတ်သပ်၍ လက်ကို ကိုင်ပြီးလျှင် ကျောင်းဥယျာဉ်ထဲသို. ခေါ်သွား၏။ ထို.နောက် ခြေဆေး၍သုတ်ရန် ပုဆိုးကြမ်းတစ်ထည်ပေးတော်မူ၏။ (ထေရဂါထာ၊ ပန္တက မထေရ် ဝတ္ထု)

    ဗုဒ္ဓသည် ရဟန်းသံဃာတို.၏ ချမ်းသာမှုကို လိုလား၏။ ဝါကျွတ်သောအခါ မိမိအားဖူးမြော်ရန် ရပ်ဝေးမှလာကုန်သော ရဟန်းတို.အား ကျန်းမာချမ်းသာစွာ နေခဲ.ကြပါ၏လော။ အခက်အခဲမရှိဘဲ ဆွမ်းရကြပါ၏လော စသည်ဖြင်. မေးမြန်းလေ.ရှိ၏။ တစ်ခါတစ်ရံ ကျောင်းစဉ်လှည်.လည်၍ ရဟန်းတို.၏ နေရေးထိုင်ရေး အခြေအနေကို ကြည်.ရှုတော်မူလေ.ရှိ၏။

    တစ်ခါသော် ရဟန်းတစ်ပါးသည် ဝမ်းသက်ရောဂါဖြစ်၍ မိမိကျင်ကြီးကျင်ငယ်၌ လူးလိမ်.လျက် အိပ်ရ၏။ ဗုဒ္ဓသည် အရှင်အာနန္ဒာနှင်.အတူ ကျောင်းစဉ်လှည်.လည်ရင်း ထိုသူနာရဟန်းကိုမြင်၍ မေးမြန်းစုံစမ်းပြီးလျှင် အရှင်အာနန္ဒာအား " အာနန္ဒာ၊ သွားချေ။ ရေယူဆောင်ခဲ.လော။ ဤရဟန်းကို ရေချိုးကုန်အဲ." ဟု မိန်.တော်မူ၏။ ထို.နောက် အရှင်အာနန္ဒာနှင်.အတူ ရဟန်း၏ကိုယ်ပေါ်သို. ရေသွန်းလောင်း၍ ဆေးကြောပေး၏။ ဆေးကြောပြီးသော် ဗုဒ္ဓနှင်. အရှင်အာနန္ဒာတို.သည် သူနာရဟန်းကို ချီမ၍ ညောင်စောင်းပေါ်၌ တင်ထားကြ၏။ ထို.နောက် ဗုဒ္ဓသည် ရဟန်းတို.ကို စည်းဝေးစေပြီးလျှင် "ရဟန်းတို.၊ သင်တို.အား လုပ်ကျွေးမည်. အမိအဖတို. မရှိကြကုန်။ သင်တို.သည် အချင်းချင်း မလုပ်ကျွေးလျှင် အဘယ်သူသည် လုပ်ကျွေးလတ္တံ.နည်း။ ငါဘုရားအား လုပ်ကျွေးသောရဟန်းသည် နာဖျားသောရဟန်းအားလည်း လုပ်ကျွေးရာ၏" စသည်ဖြင်. ဟောတော်မူ၏။ (ဝိနည်းပိဋကတ်၊ မဟာခန္ဓကသုတ်)

    ဗုဒ္ဓ၏ ဘဝဖြစ်စဉ်၌ ဗုဒ္ဓ၏ မေတ္တာကရုဏာကြီးမားပုံကိုပြသော အခြားဖြစ်ရပ်များ ရှိခဲ.တန်ရာ၏။ ယင်းတို.ကို ပိဋကတ်စာပေ၌ များများစားစားမတွေ.ရခြင်းမှာ ပိဋကတ်ဆရာများက ဗုဒ္ဓ၏ဘဝဖြစ်စဉ်ကို ဒေသနာများလောက် ဂရုမပြုခဲ.ကြသောကြောင်.ဖြစ်ရပေမည်။ အထက်ပါဖြစ်ရပ်သည် ပင် မိမိနှင်. သီတင်းသုံးဖော် သူနာရဟန်းကို လုပ်ကျွေးပြုစုရန် ပျက်ကွက်သော ရဟန်းအား ဒုက္ကဋ်အာပတ်သင်.စေဟု အဘယ်ကြောင်. ဗုဒ္ဓက ပညတ်ခဲ.ကြောင်း ဖော်ပြရန် ဝိနည်းပိဋကတ်၌ ထည်.သွင်းထာခဲ.ကြဟန်တူ၏။ အကယ်၍ ထိုပညတ်ချက် မရှိခဲ.ပါမူ ဗုဒ္ဓက သူနာရဟန်းတစ်ပါးအား ကိုယ်တိုင်ကြင်နာစွာ ပြုစုတော်မူသော သာဓကကို ပိဋကတ်၌ ကျွန်ုပ်တို. တွေ.ရမည်မဟုတ်ချေ။

Friday, February 13, 2009

ဦးအေးမောင်၊ဗုဒ္ဓနှင်. ဗုဒ္ဓဝါဒ၊ အခန်း(၄) ၊ဗုဒ္ဓ

ဒီ အခန်းကတော. တကယ်.ကို ကောင်းလွန်းပါတယ်။ ဗုဒ္ဓနဲ. ပက်သက်လို. အနန္တတန်ခိုးရှင် တစ်ယောက်အနေနဲ. မဟုတ်ဘဲ လူသားထဲကမဟာလူသားတစ်ယောက် အနေနဲ. ဖော်ပြထားပုံက ဗုဒ္ဓကို အမှန်တကယ်ကို ကြည်ညိုလာစေပါတယ်။

ဒီအထဲ မှာလည်းတော်တော်စိတ်ဝင်စားဖို. ကောင်းတဲ. အချက်တွေရှိပါတယ်။ ဥပမာ ဗုဒ္ဓဖွားမြင်ရာတိုင်းပြည် သက္ကတိုင်းသည် နိုင်ငံငယ်လေး တစ်ခုဖြစ်တဲ.အကြောင်း၊ သက်ဦးဆံပိုင် ဘုရင်အုပ်စိုးခြင်းမဟုတ်ဘဲ ယခုခေတ်ဒီမိုကရေစီနိုင်ငံ များအုပ်ချုပ်သကဲ.သို.ဖြစ်ကြောင်း၊ ဗိမ္ဗိသာရမင်း အုပ်စိုးတဲ. မာဂဓတိုင်း၊ ကောသလမင်းကြီးအုပ်စိုးသော ကောသလတိုင်းများသည် ကား ဘုရင်စနစ်ကို ကျင်.သုံးတဲ. နိုင်ငံများဖြစ်ကြောင်းသိရပါတယ်။

တခြားအကြောင်းအရာတွေ အများကြီးရှိသေးပေမယ်. ကျွန်တော် မပြောတော.ပါဘူး။ ဖတ်ကြည်.ကြပါ။

အခန်း(၄)

ဗုဒ္ဓ

ငါ.ရှင်၊

သင်သည် မည်သူဖြစ်သနည်း၊

သင်၏ ဣနြေ္ဒတို.သည် ကြည်လင်လှ၏။

အရေအဆင်းသည် စင်ကြယ်၍ ပြိုးပြိုးပြက်ပြက်ရှိ၏။

-ဝိနည်း၊ မဟာဝဂ်


 


 

ဝက္ကလိ၊

ဤအပုပ်ကောင်ကို ဖူးမြင်ခြင်းဖြင်.

အဘယ်အကျိုးရှိမည်နည်း။

ဝက္ကလိ၊ တရားကို မြင်သောသူသည်

ငါဘုရားကို မြင်သည်မည်၏။

-သံယုတ္တနိကာယ်၊ ခန္ဒသံယုတ်- ဝက္ကလိသုတ်

(က) ပိဋကတ်မှ ဂေါတမဗုဒ္ဓ

    မြန်မာနိုင်ငံတွင် ဂေါတမဗုဒ္ဓ၏ ဘဝဖြစ်စဉ် အကြောင်းအရာများကို ရေးသား ထားသော မြန်မာဗုဒ္ဓဝင် စာအုပ်များရှိ၏။ ထိုစာအုပ်များ၌ ပါရှိသော အချက်များကို မြန်မာဗုဒ္ဓဝါဒီတို.က အကြွင်းမဲ. လက်ခံယုံကြည်ကြမည်ဖြစ်သော်လည်း အနောက်တိုင်း ဗုဒ္ဓစာပေ သုတေသီပညာရှင်တို.က ထိုသို. လက်ခံလိုကြမည် မဟုတ်ချေ။ တစ်နည်းဆိုသော် ယိုးဒယား၊ မြန်မာ၊ သီဟိုလ်သားတို.၏ ဗုဒ္ဓဝင်ကို တိကျခိုင်မာသော ဗုဒ္ဓအတ္တုပ္ပတ္တိအဖြစ် အသိအမှတ်ပြုလိုကြမည် မဟုတ်ချေ။ အမှန်ဆိုသော် ရှေးအစဉ်အလာ ယုံကြည်ချက်များကို မျက်စိမှိတ် လက်မခံလိုဘဲ ဝေဖန်ဆန်းစစ်လိုသော ဗုဒ္ဓဝါဒီတို.သည်ပင် ဗုဒ္ဓဝင်ကျမ်းလာ အချို.သောစကားများကို ယုံမှားသံသယရှိကြမည် အမှန်ဖြစ်၏။

    ထို.ကြောင်. ဗုဒ္ဓ၏ ဘဝဖြစ်စဉ်ကို မှန်ကန်စွာ သိရှိလိုပါက ဗုဒ္ဓဝင်ကျမ်းပြုဆရာတို. မှီငြမ်းပြုသော ပါဠိပိဋကတ်ကို ဦးစွာလေ.လာရပေမည်။ လေ.လာရာ၌ သုတေသီပညာရှင်တို.၏ အလိုအားဖြင်. ရှေးကျ၍ အထူးခိုင်မာသော ပိဋကတ်စာပေများကို ဦးစားပေး၍ လေ.လာရပေမည်။ ထိုစာပေများမှာ သုတ္တန်ပိဋကတ်မှ ပထမနိကာယ်လေးကျမ်း၊ ခုဒ္ဒကနိကာယ်နှင်. အချို.ကျမ်းများနှင်. အချို.သောဝိနည်းကျမ်းများဖြစ်ကြောင်း ဖော်ပြခဲ.ပေပြီ။

    ထိုပိဋကတ်စာပေများကို နှံ.နှံ.စပ်စပ် လေ.လာပါက ဗုဒ္ဓအကြောင်း ထူးခြားသော အချက်နှစ်ရပ်ကို ကျွန်ုပ်တို. သတိပြုမိမည်ဖြစ်၏။ ပထမအချက်မှာ ဗုဒ္ဓအကြောင်းအရာများနှင်. စပ်လျဉ်း၍ အချို.နေရာများ၌ ဗုဒ္ဓဝင် (ဝါ) အဌကထာကျမ်းများနှင်. ပိဋကတ်လာစကားများ မတူပဲ ကွဲလွဲနေခြင်းဖြစ်၏။ ဒုတိယအချက်မှာ ဗုဒ္ဓဝင်နှင်. အဌကထာများမှ ဗုဒ္ဓအကြောင်းအရာများသည် ထူးထွေများပြား၍ စုံလင်လှသည်နှင်.အမျှ ပိဋကတ်စာပေ၌ ဗုဒ္ဓအကြောင်း နည်းပါး၍ ပြည်.စုံခြင်းမရှိချေ။

    ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များကို အစအဆုံး တစ်ဆက်တည်း ပြည်.စုံစွာ ပြဆိုထားသော ကျမ်းစာကို မတွေ.ရချေ။ အနည်းငယ်သောပါဠိတော်များ၌သာ ဗုဒ္ဓ၏ အချို.သောဖြစ်စဉ်များအကြောင်းကို ဖတ်ရှုရ၏။ မဇ္ဈိမနိကာယ်၊ အရိယပရိယေသနသုတ် မဟာသစ္စကသုတ် စသည်တို.၌ ဘုရားလောင်း တောထွက်ပုံ ၊ တရားကျင်.ပုံနှင်. ဘုရားအဖြစ်သို. ရောက်ရှိပုံများကို လည်းကောင်း၊ ဝိနည်းပိဋကတ် မဟာဝဂ္ဂ၌ ဘုရားဖြစ်သည်မှ အရှင်သာရိပုတ္တရာနှင်. အရှင်မောဂ္ဂလန်တို. ဘုရားထံ၌ ရဟန်းပြုကြသည်အထိကိုလည်းကောင်း ၊ ဒီဃနိကာယ် မဟာပရိနဗ္ဗာနသုတ်၌ ဘုရားရှင်၏ နောက်ဆုံးဖြစ်စဉ်များကို လည်းကောင်း ဖော်ပြထား၏။ သို.ရာတွင် ထိုပါဠိတော်များ၌ ဗုဒ္ဓဝင် နှင်. အဌကထာများမှ များစွာသော ဗုဒ္ဓအကြောင်းအရာများကို မတွေ.ရချေ။

    ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ အတ္ထုပတ္တိကို အပြည်.အစုံ မတွေ.ရခြင်းမှာ ရှေးလူတို.က မိမိတို.ခေတ်အတွင်း ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တို.၏ ဘဝဖြစ်စဉ်များကို စုံစုံစေ.စေ. မှတ်သားထားလေ.မရှိသောကြောင်.ဖြစ်၏။ ပုဂ္ဂိုလ်အတ္ထုပတ္တိကို ရေးသားသောအတတ်သည် ယခုခေတ်မှ ပေါ်လာသောအတတ်ဖြစ်၏။ ရှေးအိန္ဒိယ နိုင်ငံသားတို.သည် ပညာရှိတစ်ဦး၏ ဘဝအဖြစ်အပျက်များကို သူ၏စကားများလောက် ဂရုပြုလေ.မရှိကြချေ။

    သို.ဖြင်. ရှေးပဝေသဏီက ဘာသာဝါဒအမျိုးမျိုးကို အစဦးစွာ ဟောပြောခဲ.သော ပုဂ္ဂိုလ်တို.၏ ဘဝဖြစ်စဉ် မှတ်တမ်းများ အထင်အရှားရှိဖို.ဝေးစွ၊ သူတို.၏အမည်များသည်ပင်ပျောက်ကွယ်ခဲ.ပေပြီ။ အိန္ဒိယဘာသာရေးသမိုင်း၌ နာမည်ကျန်ရှိသော ကပိလ(Kapila)၊ ရှန်ကရ(Samkara)၊ အစရှိသည်. အနည်းငယ်သော ပုဂ္ဂိုလ်ကြီးတို. အကြောင်းကို လည်း ယခုခေတ်လူတို. စုံလင်စွာ မသိကြရချေ။ သူတို.အကြောင်းအရာနှင်.စာသော် ကျွန်ုပ်တို.သိရသော ဗုဒ္ဓ၏ အကြောင်းအရာများမှာ အတော်အတန်စုံလင်သည် ဟုဆိုရမည်။

    ဗုဒ္ဓသည် ဘီစီ ၆ ရာစု (ခရစ်တော်မပေါ်မီ နှစ်ပေါင်းငါးရာကျော်လောက်) အတွင်း၌ဖွားမြင်တော်မူကြောင်း သုတေသီပညာရှင်အားလုံး လက်ခံယုံကြည်ကြ၏။ ထိုရာစုနှစ်မှာ တရုတ်ပညာရှိ ကွန်ဖြူးရှပ် နှင်. ဂရိပညာရှိ ပိုက်သာဂိုးရတ် တို. ဖွားမြင်သောရာစုနှစ်ဖြစ်၏။ ဗုဒ္ဓဖွားမြင်တော်မူရာ ဒေသမှာ အိန္ဒယပြည်မြောက်ပိုင်းရှိ သက္ကတိုင်းဖြစ်၏။ အိန္ဒိယနှင်. နီပေါပြည်နယ်စပ်ရှိ သက္ကတိုင်း၏ မြို.တော်မှာ ကပိလဝတ်မြို.ဖြစ်၍ ဗာရာဏသြီံမို.၏ မြောက်ဘက် မိုင်တစ်ရာခန်.အကွာ၌ တည်ရှိ၏။

    ပိဋကတ်စာပေ၌ ဖော်ပြထားသော ထိုအခါက အိန္ဒိယ မြောက်ပိုင်းရှိ တိုင်းကြီး ၁၆ တိုင်း အမည်စာရင်းတွင် သက္ကတိုင်း၏ အမည်ကို မတွေ.ရချေ။ ဘီစီ ၆ ရာစုခေတ်က အိန္ဒိယနိုင်ငံတွင် ကောသလ၊ မဂဓ စသော ဘုရင်အုပ်စိုးသည်. တိုင်းပြည်ကြီးများ အပြင် သက္က, ကောလိယ, ဝဇ္ဇီစသော နိုင်ငံငယ်များရှိ၏။ ထိုနိုင်ငံငယ်များသည် ယခုခေတ် ဒီမိုကရေစီနိုင်ငံများနှင်.တူ၍ ခတ္တိယများက အုပ်ချုပ်ကြ၏။ ခတ္တိယတို.သည် ပုဂ္ဂိုလ် တစ်ဦးဦးကို နာယကတင်မြောက်ပြီးလျင် အစည်းအဝေး ကျင်းပ၍ တိုင်းပြည်ကိစ္စ အရပ်ရပ်ကို စီရင်ဆုံးဖြတ်ကြ၏။

    ပိဋကတ်စာပေ၌ ဗိမ္ဗိသာရ, အဇာတသတ် စသော ဘုရင်အမည်များကို နာမဝိသေသနပုဒ်များဖြင်. အပြည်.အစုံ ထပ်တလဲလဲ ပြဆိုထား၏။ ဗိမ္ဗိသာရမင်းကို မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းဟုခေါ်၍ အဇာတသက်ကို ဝေဒဟီ မိဖုရား၏ သား မဂဓတိုင်းရှင် အဇာတသက်မင်းဟု ဖော်ပြထား၏။ ဗုဒ္ဓ၏ ခမည်းတော်အား ဘုရင်သုဒ္ဓေါဒန ဟု ခေါ်ဝေါ်ခြင်းကို မူ ပိဋကတ်နှစ်နေရာတည်း(ဒီဃနိကာယ် မဟာပဒါနသုတ် နှင်. ခုန္ဒကနိကာယ် ဗုဒ္ဓဝံသ) ၌သာ ဖော်ပြထား၏။ အကယ်ပင်သာကီဝင်မင်းဖြစ်သော ဘဒ္ဒိယကိုမူ ဝိနည်းပိဋကတ်၌ ဘဒ္ဒိယ သက္ကရာဇာဟူ၍ ခေါ်ဝေါ်ထား၏။

    ဘုရားအလောင်းသည် တောမထွက်မှီက များစွာသောစည်းစိမ်ချမ်းသာ ခံစားခဲ.ကြောင်း ဗုဒ္ဓ၏ စကားများဖြင်.သိအပ်၏။ "အို မာဂဏ္ဍိယ၊ ငါသည် သုံးဆောင်သော ပြာသာဒ်တို.၌ တီးမှုတ်မျိုးစုံတို.ဖြင်. တင်.တယ်စွာ ခံစားစံစားလျက် နေခဲ.၏။" (မဇ္ဈိမနိကာယ် မာဂဏ္ဍိယသုတ်)။ "ရဟန်းတို.၊ ငါသည် ချမ်းသာစွာ၊ နူးညံ.သိမ်မွေ.စွာ နေရ၏။ မိုးလေးလပတ်လုံး ပြသာဒ်မှ အောက်သို.မသက်ဆင်းဘဲ နေရ၏။" (အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်- သုခုမာလသုတ်)။ ပိဋကတ်စာပေ၌ ဤစကားများထက်ပို၍ ဗုဒ္ဓဝင်များမှာ ကဲ.သို. ဘုရားလောင်း၏ စည်းစိမ်ချမ်းသာ ခံစားမှုကို ချဲ.ထွင်ပြထားခြင်းမရှိချေ။

    "ရဟန်းတို.၊ ငါသည် ဘုရားမဖြစ်သေးမီ ပထမအရွယ်က ဤသို.ကြံ၏။ မသိနားမလည်သော သာမန်လူသည် မိမိကိုယ်တိုင် တစ်နေ.တွင် အိုရဦးမည် ဖြစ်ပါလျက် သူအိုတစ်ဦးကို မြင်လျင် စိတ်မသက်မသာ စက်ဆုပ်ရွံရှာခြင်းဖြစ်တတ်၏။ ငါသည် ဤသို. ဖြစ်ရန် မသင်.လျော်ပါတကား။ ဤသို.တွေးတောရင်း ငါ၏ပျိုမျစ်သောအရွယ်၌ တက်ကြွနေသောစိတ်သည် ကျဆင်းပျောက်ကွယ်ခဲ.၏။" (အဂုင်္တ္တရနိကာယ်, တိကနိပါတ်, သုခုမာလသုတ်)

    "ရဟန်းတို.၊ ငါသည် ဘုရားအဖြစ်သို. မရောက်မီက ဤသို.အကြံဖြစ်၏။ အဘယ်ကြောင်. ငါသည် ဇာတိသဘော ရှိသည်ဖြစ်ပါလျက်၊ အိုခြင်း၊ နာခြင်း၊ သေခြင်း သဘောရှိသည်ဖြစ်ပါလျက် ညစ်ညူးခြင်းသဘောရှိသည် ဖြစ်ပါလျက် ထိုညစ်ညူးခြင်း သဘောကိုသာလျှင် ရှာဘိသနည်း။ ငါသည် ဇာတိမရှိရာ၊ မအို၊ မနာ၊ မသေရာ မြတ်သောနိဗ္ဗာန်ကို ရှာအံ.ဟူ၍ အကြံဖြစ်၏။" (မဇ္ဈိမနိကာယ်၊ အရိယပရိယေသနသုတ်)

    အချို.သော သုတ္တန်ဒေသနာများ၌မူ အိုခြင်း၊နာခြင်း၊ သေခြင်းကို ဆင်ခြင်သုံးသပ်ကြောင်းပင် မလာဘဲ လူ.ဘောင်ကို ငြီးငွေ.၍ တောထွက်ကြောင်း ဗုဒ္ဓကိုယ်တိုင်မိန်.ကြားသော စကားလာ၏။ အောက်ပါစကားသည် များစွာသော သုတ္တန်တို.၌တွေ.ရသော ဗုဒ္ဓစကားဖြစ်၏။

    "ရဟန်းတို.၊ ငါ.အား ဤသို.အကြံဖြစ်၏။ အိမ်ရာထောင်သော လူတို.ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်းကျပ်တည်း၏။ မြူမှုန်ထူသော ခရီးနှင်.တူ၏။ အိမ်၌နေသော သူသည် စင်စစ် မြတ်သောအကျင်.ကို ကျင်.ရန်မလွယ်ချေ။ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးသော် ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ရုံ၍ ရဟန်းပြုရမူကောင်းလေစွတကားဟု အကြံဖြစ်၏။" (မဇ္ဈိမနိကာယ်၊ မဟာသစ္စကသုတ်နှင်. အခြားသုတ်များ)

    ထိုခေတ်က အိန္ဒိယပြည်၌ တောထွက်၍ ရဟန်းပြုခြင်းသည် ရှေးပဝေသဏီကစ၍ ပညာရှိသူတော်ကောင်းတို. လိုက်နာသောလမ်းစဉ်ဖြစ်၏။ မိဘများက သဘောမတူဘဲ တားမြစ်ထားပါလျက် တောထွက်သောသူများအကြောင်း အဌကထာများ၌ ဖော်ပြထား၏။ ဘုရားအလောင်းသိဒ္ဓတ္ထသည် ထိုသို.သော ပိုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပိဋကတ်၌လာ၏။

    မဇ္ဈိမနိကာယ်၊ အရိယပရိယေနသုတ်၊ အဟာသစ္စကသုတ် နှင်. အခြားသုတ်များတွင် ဗုဒ္ဓကိုယ်တိုင်က "ငါသည် မည်းနက်သော ဆံပင်ရှိ၍ ငယ်ရွယ်ပျိုမျစ်သောပထမအရွယ်၌ အမိအဖတို.သည် သဘောမတူသဖြင်. မျက်ရည်ရွှဲစု ငိုယိုနေကြစဉ် ဆံမုတ်ဆိတ်ကိုပယ်၍ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ပြီးလျင် လူ.ဘောင်မှ ရဟန်းဘောင်သို. ကူပြောင်းခဲ.ပေသည်" ဟုမိန်.ကြားတော်မူ ကြောင်းပြဆိုထား၏။ ဒီဃနိကာယ်သောဏဒန္တသုတ်နှင်. ကူဋဒန္တသုတ်များ၌လည်း ဗြာဟ္မဏ ဆရာနှစ်ဦးက ရဟန်းဂေါတမသည် ငယ်စဉ်က မိဘတို. သဘောမတူသဖြင်. ငိုယိုနေကြစဉ် ရဟန်းပြုခဲ.သည်ဟု ပြောဆိုကြကြောင်း ဖော်ပြထား၏။

    မည်သို.ဖြစ်စေ အထက်ကပြဆိုခဲ.သော ဗုဒ္ဓဝင်နှင်. ပိဋကတ် ကွဲလွဲဆန်.ကျင်မှုများမှာ ဗုဒ္ဓ၏တရားများနှင်. မသက်ဆိုင်သောကြောင်. ဗုဒ္ဓဓမ္မ လေ.လာသူတို.အဖို. အရေးမကြီးလှချေ။ အရေးကြီးသည်ကား ဗုဒ္ဓသည် မည်သို.သော ပညာရှိပုဂ္ဂိုလ် သူမြတ်ဖြစ်ကြောင်း နားလည်သိရှိရန်ဖြစ်၏။ ဗုဒ္ဓသည် လူ.ဘဝ၊ လူ.လောက ပြဿနာ များကို မည်သို. ရှုမြင်သုံးသပ်သည်။ လူတို.၏ ရှေးအစဉ်အလာ ယုံကြည်ချက်များအပေါ် မည်သို.ဆုံးမသည် စသည်တို.မှာ ဗုဒ္ဓဓမ္မ လေ.လာရာ၌ ကျွန်ုပ်တို. သိရှိရန်မုချလိုအပ်သော အချက်များဖြစ်၏။ ဗုဒ္ဓအကြောင်း ပါဠိတော်များကို မှီငြမ်းပြု၍ ဤအချက်များကို တတ်နိုင်သမျှ စုံစုံစေ.စေ. ဖော်ပြပါအံ.။

(ခ) ဗုဒ္ဓ၏ထူးခြားချက်များ

ဗုဒ္ဓသည် မိုးရာသီ၌ နားနေ၍ အခြားအခါကာလများတွင် တစ်နေရာမှ တစ်နေရာသို. ခရီးလည်.လည်ပြီးလျင် တရားဟောတော်မူလေ.ရှိ၏။ တစ်ခါတစ်ရံ၌မူ သာဝတ္တိ၊ ဝေသာလီ စသော မြို.ကြီးများ၌ သီတင်းသုံးတော်မူ၏။ မဇ္ဈိမနိကာယ် အရိယပရိယေသန သုတ်၏ နိဒါန်း၌ ဗုဒ္ဓသည် သာဝတ္တိမြို.၌ သီတင်းသုံးတော်မူ၏။ မဇ္ဈိမနိကာယ် အရိယပရိယေသန သုတ်၏ နိဒါန်း၌ ဗုဒ္ဓသည် သာဝတ္တိမြို.၌ သီတင်းသုံးနေတော်မူစဉ် တစ်နေ.တာ မည်သို. ကုန်လွန်စေပုံကို ဖော်ပြထား၏။

    တစ်နေ.သော နံနက်စောစော၌ ဗုဒ္ဓသည် သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျင် မြို.တွင်းသို. ဆွမ်းအလို.ငှာ ကြွသွား၏။ ထိုအခါ ရဟန်းတို.သည် အရှင်အာနန္ဒာအား ဘုရားရှင်၏ တရားစကားကို မိမိတို. မကြားနာရသည်မှာ ကြာလှပြီဖြစ်၍ ကြားနာလိုကြောင်း လျှောက်ကြ၏။ အရှင်အာနန္ဒာက ရဟန်းတို.အား ဒမ္မိက ပုဏ္ဏား၏ ကျောင်းသင်္ခမ်းသို.သွား၍ နေကြရန်ပြော၏။ ရဟန်းတို.သည် ထိုကျောင်းသို. သွားကြ၏။ ဗုဒ္ဓသည် ဆွမ်းစားပြီးလျင် အရှင်အာနန္ဒာကိုခေါ်၍ ပုဗ္ဗာရုံကျောင်းသို. ကြွသွားတော်မူ၏။ ထိုကျောင်း၌ တစ်နေကုန် နေတော်မူပြီးလျင် အရှင်အာနန္ဒာနှင်.အတူ ရေချိုးဆိပ်သို. ကြွသွား၍ ရေသပ္ပာယ်တော်မူ၏။ ရေသပ္ပာယ်ပြီးသောအခါ အရှင်အာနန္ဒာက ဘုရားရှင်အား ဒမ္မကပုဏ္ဏား၏ကျောင်းသို. ကြွတော်မူရန် ပန်ကြား၏။ ဗုဒ္ဓသည် ထိုကျောင်းသို. ကြွသွား၏။

    ရဟန်းတို.သည် တရားစကားဖြင်. စည်းဝေးနေကြ၏။ ဗုဒ္ဓသည် တံခါးမုခ်အပြင် ဘက်၌ရပ်လျက် စကားအဆုံးကို ဆိုင်းငံ.နေတော်မူ၏။ စကားဆုံးလတ်သော် ချောင်းဟန်.၍ တံခါးရွက်ကို ခေါက်၏။ ရဟန်းတို.က တံခါးကိုဖွင်.၍ ဗုဒ္ဓသည် ခင်းထားအပ်သော နေရာ၌ ထိုင်ပြီးလျင် " ရဟန်းတို.၊ ယခုကြွလာသော အခါ အဘယ်စကားဖြင်. သင်တို.စည်းဝေး၍ ဟောပြောနေကြကုန်သနည်းဟု လျှောက်ကြသော် ဗုဒ္ဓသည် မိမိ ဘုရားမဖြစ်မီက ကြုံတွေ.ခဲ.ရပုံများကို ပြောပြလို၍ အရိယပရိယေတနသုတ်ကို ဟောတော်မူ၏။

    ထိုတရားပွဲများ၌ တခါတစ်ရံ ရဟန်းတစ်ပါးသည် နေရာမှထ၍ လက်အုပ်ချီကာ ဗုဒ္ဓအား အခွင်.ပန်ကြားပြီးသည်.နောက် မိမိသိလိုသောအချက်ကို မေးလျှောက်လေ.ရှိ၏။ တရားပွဲများသည် အတော်ညဉ်.နက်မှပြီးဆုံး၏။ ဘုရားရှင် ပင်ပန်းညောင်းညာသောအခါ အရှင်အာနန္ဒာ၊ အရှင်သာရိပုတ္တရာစသော တပည်.မထေရ်ကြီးများက ဆက်လက်၍ ဟောပြောကြ၏။

    ဗုဒ္ဓနှင်. ရဟန်းသံဃာတို.၏ စည်းဝေးပွဲများသည် အလွန်တိတ်ဆိတ်သော စည်းဝေးပွဲများဖြစ်၏။ သာမညဖလသုတ်၌ အဇာတသတ်မင်းသည် ဘုရားရှင်ကို ဖူးမြှော်ရန် ဆရာဇီဝကနှင်.အတူ ကျောင်းတော်သို. သွား၏။ အချိန်ကား ညချမ်းအချိန်ဖြစ်၏။ ဘုရင်သည် ကျောင်းအနီးသို. ချဉ်းကပ်မိသောအခါ ကြက်သီးမွေးညင်းထ၍ ထိတ်လန်.သွား၏။ အဘယ်ကြောင်.ဆိုသော် ထိုအချိန်၌ ဗုဒ္ဓသည် ရဟန်းသံဃာ ၁၅၀၀ နှင်.အတူ ကျောင်းတိုက်ထဲ၌ သီတင်းသုံးနေတော်မူသော်လည်း ချောင်းဆိုးသံ ချေသံ တစ်ချက်မျှမကြားရဘဲ အလွန်တိတ်ဆိတ်နေသောကြောင်.ဖြစ်၏။ ဇီဝကက အားပေးနှစ်သိမ်.မှ အဇာတသက်မင်းသည် ကြောက်စိတ်ပြေ၍ ကျောင်းထဲသို.ဝင်ပြီးနောက် ဗုဒ္ဓကို ဖူမြော်လေသည်။

    ဗုဒ္ဓသည် တိတ်ဆိတ်မှုကို နှစ်သက်၏။ တစ်ခါတစ်ရံ ဆွမ်းစားပြီးလျှင် တောထဲသို. ကြွသွား၍ သစ်ပင်များအောက်၌ နေတော်မူလေ.ရှိ၏။ ရဟန်းတို.အား စကားပြောလျင် တရားစကားကိုသာပြောရန်၊ သို.မဟုတ် ဆိတ်ဆိတ်နေရန် မကြာခဏသတိပေး၏။ တစ်ခါသော် ဗုဒ္ဓကို ဖူးမြော်ရန် ရောက်လာကြသော ရဟန်းတို.သည် အချင်းချင်း အော်ဟစ်ပြောဆို၍ ဆူညံလှသဖြင်. ကျောင်းမှ နှင်ထုတ်ခံကြရ၏(မဇ္ဈိမနိကာယ်၊ စတုမသုတ်)။ တိတ်ဆိတ်မှုကို ဗုဒ္ဓနှစ်သက်ကြောင်း လူအများသိကြ၏။ ပရိဗိုဇ်တို.သည် ဆူညံစွာ စကားပြောနေကြစဉ် အဝေးမှလာသော ဗုဒ္ဓဝါဒီတစ်ဦးကို မြင်သော် အချင်းတို. အသံမပြုကြကုန်လင်.၊ ဗုဒ္ဓ၏တပည်.သည် လာနေ၏။ သူတို.သည် တိတ်ဆိတ်မှုကို နှစ်သက်၏ ဟု အချင်းချင်း သတိပေး၍ ဆိတ်ဆိတ်နေကြ၏။(အင်္ဂုတ္တရ-ကိံဒိဌိကသုတ်)

    ဗုဒ္ဓ၏ ရုပ်သွင်ပြင် လက္ခဏာကို ယခုခေတ် လူတို.စိတ်ကူဖြင်. ခန်.မှန်းကြည်.ရန်ခဲယဉ်း၏။ အဘယ်ကြောင်.ဆိုသော် ရှေးအကျဆုံး ဗုဒ္ဓရုပ်ဆင်းတုတော်များသည် ဂရိ(ခေါမ) လက်ရာများကို အခြေပြုထား၍ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးသည်.နောက် နှစ်ပေါင်း အတော်ကြာသည်.တိုင်အောင် ဗုဒ္ဓရုပ်တုများကို ထုလုပ်ကိုးကွယ်သော အလေ.အထမရှိချေ။ အင်္ဂလိပ် ပညာရှင် ဆာချား(စ) အဲလိယော. ၏ ထင်မြင်ချက်ကို ဖော်ပြရမည်ဆိုသော် " သူတော်သူမြတ်အသွင် ပြထားသော ဗုဒ္ဓရုပ်တုများ ကို ကြည်.ခြင်းအားဖြင်. ဗုဒ္ဓ၏ ရုပ်လက္ခဏာသွင်ပြင်ကို အမှန်အတိုင်း စိတ်ထဲ၌ မြင်လာနိုင်လိမ်.မည်ဟု ကျွန်ုပ် မထင်ပါ။ အိန္ဒိယပြည်ဆားနတ်အရပ်၌ တွေ.ရသော လုလင်ပျိုအသွင် ထုလုပ်ထားသည်. ဗုဒ္ဓရုပ်တုများသည် သာလျှင် ဗုဒ္ဓ၏ နဂိုဥပဓိရုပ်ကို အတော်အတန် မှန်ကန်စွာ ဖော်ပြထားသည်ဟု ကျွန်ပ်ထင်ပါသည်။ ထိုရုပ်တုများသည် ဂေါတမဗုဒ္ဓ၏ ရုပ်အင်္ဂါလက္ခဏာများကို တိကျမှန်ကန်စွာ ဖော်ပြထားသည်ဟု မဆိုနိုင်စေကာမူ သန်မာတောင်.တင်းသော ကိုယ်လုံးကိုယ်ပေါက်နှင်. အာဇာနည်စိတ်ဓာတ်ရှိသော နိပေါမင်းသားပျို၏ ရုပ်လက္ခဏာ ပေါ်ထင်လျက်ရှိပါသည်။ ဂေါတမသည် ဗုဒ္ဓ၊ သို.မဟုတ် စကြဝတေးမင်းဖြစ်ရန် ဇာတာပါသည်ဆိုသော စကားမှာ ယုတ္တိရှိ၏။" (Sir Charles Eliot: Hindduism & Buddhism- Vol.I, pp.171)

    ဗုဒ္ဓသည် ကျန်းမာတောင်.တင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပိဋကတ်စပေ၌ထင်ရှား၏။ ဘုရားမဖြစ်မီက ခြောက်နှစ်တိုင်တိုင် ပြင်းထန်သောအကျင်.ကို ဆင်းရဲငြိုငြင်စွာ ကျင်.နိုင်ခဲခြင်း၊ အသက် ၈၀ ထိ တစ်နေရာမှ တစ်နေရာသို. ခြေလျင်ခရီးလည်.လည်၍ တရားဟောပြောခြင်း၊ အိုမင်းသောအရွယ်၌ ရောဂါဝေဒနာ အပြင်းအထန်ခံစားပြီးသည်.နောက်၌ပင် မိုင်ပေါင်းများစွာ ဝေးသော ကုသိနာရုံသို. ခြေလျင်ခရီးကြွသွားခြင်း စသည်တို.ကို ထောက်ချင်.၍ ဗုဒ္ဓသည် ကိုယ်ခန္ဒာ အထူးကြံ.ခိုင် တောင်.တင်းကြောင်းယုံမှားဖွယ်မရှိချေ။

    ထိုမျှ ထူးထူးခြားခြား ကိုယ်လက်ကျန်းမာတောင်.တင်းမှုသည် အကြောင်းအမျိုးမျိုးကြောင်. ဖြစ်၏။ ဗုဒ္ဓသည် အစားအသောက်၌ မယုတ်မလွန် ခြိုးခြံ၏။ " ရဟန်းတို.၊ ငါသည် ညစာမစားရသောကြောင်. ကျန်းမာ၍ အနာရောဂါကင်း၏။ ကိုယ်လက်ကြံ.ခိုင်၍ ချမ်းသာစွာနေရ၏" မဇ္ဈိမ နိကာယ်၊ ကိဋာဂီရိသုတ်)။ လောက၌ကျန်းမာ၍ အသက်ရှည်သောသူတို.သည် အများအားဖြင်. ဘဝရည်ရွယ်ချက် တစ်ခုခုရှိ၍ မနားမနေ အလုပ်လုပ် သောသူများ ဖြစ်၏။ (ဆရာကြီးဒေါက်တာသန်းထွန်းကို သွားသတိရပါတယ်။ Blog Post တင်သူ)

    ဗုဒ္ဓသည် လူသတ္တဝါတို.ကို သံသရာဝဋ်ဆင်းရဲမှ ကယ်ချွတ်ရန် ရည်ရွယ်၍ ပရိနိဗ္ဗာန်ပြုခါနီးသော အခါ၌ပင် သုဘဒ္ဒါရဟန်းအား ဟောပြောဆုံးမတော်မူခဲ.သေးသည် မဟုတ်ပါလော။

    ဗုဒ္ဓအား အထူးကျန်းမာ အသက်ရှည်စေသော အဓိကအကြောင်းတရားမှာ ကိလေသာမီးအားလုံး ငြိမ်းသတ်ပြီး၍ ထာဝရ စိတ်ငြိမ်းချမ်းမှုဖြစ်၏။ တစ်ခါသော် ဗုဒ္ဓသည် အာဠဝီပြည် နွားတို.သွားရာဖြစ်သော လမ်းနံဘေးရှိ ရင်းတိုက်တောအတွင်း သစ်ရွက်အခင်း၌ သီတင်းသုံးနေတော်မူ၏။ ဟတ္ထာအာဠဝက မင်းသားသည် လှည်.လှည်သွားလာရင်း ဗုဒ္ဓကိုမြင်လေသော် အနီးသို.ချဉ်းကပ်ပြီးလျင် "မြတ်စွာဘုရား၊ အရှင်ဘုရားသည် ချမ်းသာစွာ အိပ်စက်တော် မူရပါ၏လော" ဟုမေးလျှောက်၏။ ဗုဒ္ဓက " မင်းသား၊ ငါသည် ချမ်းသာစွာ အိပ်ရပေသည် "ဟု ပြန်ပြော၏၊

    ထိုအခါ မင်းသားသည် များစွာအဲ.ဩ၍ "အရှင်ဘုရား၊ ယခုအချိန်အခါသည် ဆောင်းဥတုဖြစ်၍ အလွန်အေးချမ်းလှပါ၏။ မြေသည် နွားခွာရာတို.ဖြင်. ကြမ်းတမ်းလှပါ၏။ သစ်ရွက်အခင်းသည် ပါးလွန်းလှပါ၏။ သစ်ပင်မှ သစ်ရွက်တို.သည် ကျဲရရဲ ရှိကြပါကုန်၏။ အရပ်လေးမျက်နှာမှ အေးမြသော လေတိုက်ခတ်နေ၍ ဆီးနှင်းတို. တဖွဲဖွဲကျလျက်ရှိပါ၏။ သို.ဖြစ်ပါလျက် ငါသည် ချမ်းသာစွာအိပ်ရသည် ဟု အရှင်ဘုရား မိန်.တော်မူဘိ၏" ဟုလျှောက်၏။ ထိုအခါ ဗုဒ္ဓက လောက၌ ကာမဂုဏ် ခံစား၍ နူးညံ.သောနေရာ၌ အိပ်ရသော်လည်း ကိလေသာမီး တောက်လောင်နေသောသူသည် ချမ်းသာစွာအိပ်ရမည် မဟုတ်ကြောင်း၊ မိမိမှာ ကိလေသာ ရာဂမီး ပယ်သက်ပြီးပြီဖြစ်၍ မည်သည်.နေရာမျိုး၌မဆို ချမ်းသာစွာ အိပ်စက်ရကြောင်း မိန်.တော်မူလေသည်။ (အင်္ဂုတ္တရနိကာယ်၊ တိကဒဟတ္ထာဠဝကသုတ်)

    ဗုဒ္ဓ၏ စိတ်ငြိမ်းချမ်းမှုသည် ရုပ်လက္ခဏာ အဆင်းသဏ္ဌာန်၌ အမြဲထင်ဟပ်ပေါ်လွင်နေမည်ဖြစ်၏။ သို.ဖြစ်၍ ဗုဒ္ဓကို ပထမအကြိမ် တွေ.မြင်ရသော ဥပကတက္ကတွန်းက "ငါ.ရှင် ၊ သင်သည် မည်သူဖြစ်သနည်း၊ သင်၏ ဣနြေ္ဒတို.သည် ကြည်လင်လှ၏။ အရေးအဆင်းသည် စင်ကြည်၍ ပြိုးပြိုးပြက်ပြက်ရှိ၏" ဟု ဆို၏။ ဗုဒ္ဓကို ဆေးဖော်ကြောဖက် မလုပ်ဘဲနေရန် ဆုံးဖြတ်ထားသော ပဉ္စဝဂ္ဂီငါးဦးသည် ဗုဒ္ဓကို မြင်ရုံနှင်.ပင် မိမိတို.၏ဆုံးဖြတ်ချက်ကို မေ.လျော.၍ ခရီးဦးကြိုပြုကြ၏။

    ဗုဒ္ဓ၏ တင်.တယ်ခံညားသော ဥပဓိရုပ်ကြောင်. တစ်ကြိမ်မြင်ကာမျှနှင်. ကြည်ညိုသောသူများ ရှိသည်.နည်းတူ ဗုဒ္ဓ၏ သီလဂုဏ်၊ သမာဓိဂုဏ် သတင်းကို ကြားကာမျှနှင်. ကြည်ညိုသောသူများမှာလည်း မနည်းလှချေ။ ပေါက္ခရဿတီ, သောဏဒန္တ စသော အလွန်ဇာတ်ကြီး၊ မာနကြီးသည်. ဗြဟ္မာဏခေါင်းဆောင်တိုသည်ပင် ဗုဒ္ဓ၏ ဂုဏ်သတင်းကို ကြားရုံမျှနှင်. သွားရောက်ဖူးတွေ.လိုသော ဆန္ဒဖြစ်ပေါ်လာကြ၏။ ပါဠိပိဋကတ်၌ ဗုဒ္ဓအား အထူးလှိုက်လှိုက်လှဲလှဲ ကြည်ညိုသော ပုဂ္ဂိုလ်နှစ်ဦးမှာ ဗြဟ္မာယုအမည်ရှိ ဇာတ်ကြီး ဗြဟ္မာဏတစ်ဦးနှင်. ပသေနဒီကောသလမင်းတို. ဖြစ်၏။ သူတို.သည် ဗုဒ္ဓ အထံသို.လာ၍ ဖူးမြော်သောအခါ၌ ဗုဒ္ဓ၏ ခြေတို.ကို လက်ဖြင်.ဆုပ်နယ်ပွတ်သပ်၍ ပါးစပ်ဖြင်.အထပ်ထပ် နမ်းရှုပ်ကြလေသည်။ (မဇ္ဈိမနိကာယ်၊ ဗြဟ္မာယုသုတ်နှင်. ဓမ္မစေတိယသုတ်)

    ကောသလမင်းသည် ဓမ္မစေတိယသုတ်၌ ဗုဒ္ဓကို လူတို.မည်မျှကြည်ညိုလေးစားကြောင်း လျှောက်ကြား၏။ ဗုဒ္ဓ၏ တရားပွဲ၌ တရားနာပရိတ်သက်မှာ ဗုဒ္ဓကို အလွန်လေးစား၍ တိတ်ဆိတ်စွာ တရားနာကြသောကြောင်. တစ်စုံတစ်ယောက် ချောင်းဟန်.သံ၊ တံတွေးထွေးသံကို ဘယ်အခါမျှ မကြားရပါ။ တစ်ခါသော် မိမိသည် မှူးမတ်ဗိုလ်ပါများနှင်. ခရီးထွက်သွား၍ ညစခန်းချသောအခါ ဣသိဒတ္တနှင်. ပုရာဏအမည်ရှိ အမတ်ကြီးနှစ်ဦးသည် မိမိတို.၏ အရှင်သခင် ဘုရင် ရှိရာဘက်သို. ခြေပြု၍ ဗုဒ္ဓရှိရာအရပ်ကို ကားခေါင်းပြုလျက် အိပ်ကြပါသည်ဟု လျှောက်ထား၏။

    ပရိဗိုဇ်တစ်ဦးကလည်း ရဟန်းဂေါတမသည် အရာမက များစွာသော ပရိသတ်အားတရားဟောနေစဉ် တစ်စုံတစ်ယောက်သောသူမျှ ချေဆတ်ခြင်း၊ ချောင်းဟန်.ခြင်း မပြုဘဲ ရိုသေစွာ တရားကြားနာကြပါသည်။ သိက္ခာချ၍ လူထွက်သော တပည်.တို.သည် ရဟန်းဂေါတမ၏ ဂုဏ်ကျေးဇူးကိုသာလျှင် ဆိုလေ.ရှိပါသည်။ သူတစ်ပါးကို မကဲ.ရဲ.ဘဲ မိမိတို.ကိုယ်ကိုသာ ကဲ.ရဲ.ကြပါသည်ဆို၏။(မဇ္ဈိမနိကာယ၊ မဟာသကုလုဒါယီသုတ်)

    ဤသို.များစွာသောလူတို.၏ ကြည်ညိုလေးစားခြင်း ခံရသော်လည်း ဗုဒ္ဓသည် မိမိအား လွန်လွန်ကဲကဲ ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုကို လုံးဝမလိုလားချေ။ မိမိအား အလွန်အမင်း ကြည်ညိုသော ဝက္ကလိရဟန်းအား မိန်.ကြားချက်သည် ရှင်းလင်းပြတ်သား၏။ "ဝက္ကလိ၊ ဤအပုပ်ကောင်ကို ဖူးမြင်ခြင်းဖြင်. အဘယ်အကျိုးရှိမည်နည်း။ ဝက္ကလိ၊ တရားကိုမြင်သောသူသည် ငါဘုရားကို မြင်သည်မည်၏။" (သံယုတ္တနိကာယ်၊ ခန္ဒသံယုတ်-ဝက္ကလိသုတ်)

    (တော်တော် စဉ်းစားစရာကောင်းတဲ. အချက်ပဲ။ ကျွန်တော်တို. လည်း ဘုရားရုပ်တုရှေ.မှာ ဘုရားကို ရှိခိုးနေကြပေမဲ., ဗုဒ္ဓရဲ. ဒီစကားကို ကြားလိုက်ရတော. တစ်မျိုးဖြစ်သွားတယ်နော်။ Blog Post တင်သူ)

    စင်စစ်ဗုဒ္ဓသည် ကမ္ဘာသမိုင်း၌ အာဏာရှင်၊ နိုင်ငံရေး ဘာသာရေးခေါင်းဆောင်များ အားပေးလေ.ရှိသော ပုဂ္ဂိုလ်ကိုးကွယ်မှုကို အတိအလင်း ဆန်.ကျင်သော ရှေးဦးပထမ ပုဂ္ဂိုလ်ဖြစ်သည်ဆိုကမှားမည်မဟုတ်ချေ။ ဤအကြောင်းနှင်.ပတ်သက်သော ဗုဒ္ဓမိန်.ကြားချက်များကို ရှေ.၌ပြဆိုပါအံ.။

    ဗုဒ္ဓသည် မိမိအား အလွန်အမင်း ချီးကျူးပူဇော်မှုကိုလည်း မနှစ်သက်ချေ။ တစ်ခါသော် ဗောဓိမင်းသားသည် ဗုဒ္ဓအား၊ နန်းတော်သို. ဆွမ်းစားရန် ပင်.ဖိတ်၍ ဗုဒ္ဓကြွလာမည်.လမ်း၌ အဖိုးတန် ကမ္ဗလာပုဆိုးဖြူကို ခင်းထား၏။ ဗုဒ္ဓသည် ကြွလာ၍ ပုဆိုးဖြူခင်းထားသည်ကို မြင်သော် ရှေ.ဆက်မသွားဘဲ ရပ်တန်.၍နေ၏။ မင်းသားက ပုဆိုးဖြူအခင်းအားလုံးကို ရုပ်သိမ်းပြီးသောအခါမှ နန်းတွင်းသို. ဝင်တော်မူ၏။ (မဇ္ဈိမ နိကာယ်၊ ဗောဓိရာဇကုမာရသုတ်)

    လူအများ၏ ချီးကျူးပူဇော်ခြင်း ခံရသော်လည်း တစ်ခါတစ်ရံ ဗုဒ္ဓသည် မိမိကိုယ်ကို နှိမ်.ချ၍ ပြောလေ.ရှိ၏။ ပရဗိုဇ်တစ်ဦးက ဗုဒ္ဓသည် အစစအရာရာ၌ ခြိုးခြံစွာကျင်.နိုင်ပါပေသည်ဟု ချီးကျူး၏။ ထိုအခါ ဗုဒ္ဓက မိမိ၏ခြို.ခြံစွာကျင်.မှုမှာ အချို.သော တပည်.ရဟန်းတို.က မိမိထက်သာလွန်၍ ခြိုးခြံစွာ နေထိုင်စားသောက်ကြပါသည်ဟု မိန်.ကြား၏(မဇ္ဈိမနိကာယ်၊ မဟာသကုလဒါယီသုတ်)။ တစ်နေ.သော ညနေချမ်း၌ ဗုဒ္ဓသည် ရဟန်းများနှင်.အတူ ထိုင်လျက်ရှိစဉ် " ရဟန်းတို.၊ သင်တို.သည် အကယ်၍ ငါ၌ ကိုယ်နှင်.နှုတ်စပ်သော အပြစ်တစ်စုံတစ်ရာ တွေ.မြင်ပါက ငါ.အား လျှောက်ထားကြကုန်လော" ဟုမိန်.တော်မူ၏။ (သဂါထာဝဂ္ဂသံယုတ် ၊ ဝဂီသသုတ်)

    ပိဋကတ်စာပေ၌ ဗုဒ္ဒ၏ စိတ်သဘောထား မြင်.မြတ်မှု၊ သနားကြင်နာမှု၊ ထောက်ထားစာနာမှုစသော ဂုဏ်များကို အထူးပေါ်လွင်ထင်ရှားစေသော ပါဠိတော်မှာ ဒီဃနိကာယ်မှ မဟာပရိနိဗ္ဗာနသုတ်ဖြစ်၏။ ဤနေရာ၌ ဗုဒ္ဓ၏ စိတ်ဓာတ်မြင်.မြတ်မှု ထင်ဟပ်နေသော နောက်ဆုံးမိန်.ကြားချက်များကို ဖော်ပြပါအံ.။

    ဗုဒ္ဓသည် ရွှေပန်းထိမ်သား စုန္ဒ၏ ဝက်သားဆွမ်းကို ဘုဉ်းပေးပြီးနောက် ဝမ်းသွေးသွန် ရောဂါ အပြင်းအထန် ခံစားရ၏။ သို.ရာတွင် စုန္ဒအား စိတ်မကောင်း မဖြစ်စေလိုသောကြောင်. ဘုရားရှင်နောက်ဆုံးဘုဉ်းပေးသောဆွမ်းသည် အခြားဆွမ်းတို.ထက် အကျိုးအာနိသင် ကြီးမားသည်ဟူ ဘုရားရှင်၏ မျက်မှောက်မှ ကြားလိုက်ရကြောင်း ပြောပြ၍ စုန္ဒ၏ နှလုံးမသာခြင်းကို ဖြေဖျောက်ရန် အရှင်အာနန္ဒာအား မှာကြားတော်မူခဲ.၏။

    အရှင်အာနန္ဒာက ဗုဒ္ဓသည် ပရိနိဗ္ဗာန် မစံဝင်မီ တပည်.သံဃာတို.အတွက် တစ်စုံတစ်ရာ မှာကြားတော်မူခဲ.လိမ်.မည်ဟု မိမိယုံကြည်ပါကြောင်း လျှောက်ထား၏။ ထိုအခါ ဗုဒ္ဓမိန်.ကြားသောစကားမှာ အောက်ပါအတိုင်းဖြစ်၏။

    " အာနန္ဒာ၊ ငါဘုရားအား သင်တို. အဘယ်ကြောင်. ဤမျှလောက် တောင်.တနေဘိသနည်း။ ငါသည် တရားဓမ္မကို အကြွင်းမဲ. ဟောကြားခဲ.ပေပြီ။ သင်တို.သည် ငါ၏ နောက်လိုက်ဖြစ်သည်၊ ငါသည် သင်တို.၏ ခေါင်းဆောင်ဖြစ်သည်ဟု ငါမယူဆခဲ.ချေ။ အာနန္ဒာ ၊ ငါသည် အိုမင်း၍ ဘဝခရီး၏ အဆုံးပိုင်းသို. ရောက်ရှိနေပေပြီ။ ထို.ကြောင်. သင်တို.သည် မိမိကိုယ်ကိုသာ မှီခိုကိုးကွယ်၍ နေကြကုန်လော။ တရားမှတစ်ပါး မှီခိုကိုးကွယ်ရာ မရှိဘဲ တရားသာလျင် မှီခိုကိုးကွယ်ရာ ရှိသည်ဖြစ်၍ နေကြကုန်လော"

    တစ်နေရာ၌ အရှင်သာရိပုတ္တရာက သဗ္ဗညုတဥာဏ်အရာ၌ မြတ်စွာဘုရားထက် သာလွန်၍သိသော သမဏဗြာဟ္မာဏသည် ရှေးကမရှိခဲ.၊ နောင်ရှိမည်လည်း မဟုတ်၊ ယခုလည်း မရှိဟု ကျွန်ုပ်ယုံကြည်ပါသည်ဟု လျှောက်၏။ ထိုအခါ ဗုဒ္ဓက " သာရိပုတ္တရာ၊ သင်သည် ပွင်.ပြီး ပွင်.ဆဲပွင်.လတ္တံ.သော ဘုရားရှင်တို.၏ စိတ်ကို သင်၏ ဥာဏ်ဖြင်.ခွဲခြားမသိပါဘဲလျက် အဘယ်ကြောင်. ဤသို. ကြီးကျယ်ခံ.ညားလှသော၊ တိကျသော စကားကို ဆိုဘိသနည်း" ဟု မိန်.တော်မူ၏။

    ထို.နောက် ကုသိနာရုံဥယျာဉ်၌ ပရိနိဗ္ဗာန်စံဝင်ခါနီးတွင် နတ်ဗြဟ္မာတို.သည် ဤသို.ပူဇော်ကာမျှဖြင်. ငါဘုရားအား မြတ်နိုးသည် မမည်သေး။ အကြင်ဥပါသကာ ဥပသကာမတို.သည်လည်းကောင်း၊ ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို.သည် လည်းကောင်း ငါဟောကြားအပ်သော တရားနှင်.အညီ ကျင်.ကြံနေထိုင်၏။ ထိုသူတို.သည် သာ လျှင် ငါဘုရားကို ချစ်ကြည်မြတ်နိုး ရှိခိုးပူဇော်ကြသည်မည်၏" ဟုမိန်.တော်မူ၏။ အရှင်အာနန္ဒာက " အရှင်ဘုရား၊ကိုယ်တော်မြတ် နိဗ္ဗာန်လားခဲ.သော် အလောင်းတော်အား ကျွန်ုပ်တို. ပြုဖွယ်ကိစ္စကို အဘယ်သို.ပြုရပါအံ.နည်း" ဟုမေးလျှောက်၏။ ထိုအခါ၌ ဗုဒ္ဓက " အာနန္ဒာ၊ ငါဘုရား၏အလောင်းတော်ကို မီးပူဇော်ခြင်းစသည်တို.၌ သင်တို.အကြောင်.ကြကုန်လင်.။ မိမိ၏ အစီးအပွားဖြစ်သော အရဟတ္တဖိုလ်ရခြင်းငှာ သာ များစွာ လုံ.လပြုကြကုန်လော" ဟု မိန်.တော်မူ၏။

    ပရိနိဗ္ဗာန် စံဝင်ခါနီး၌ ဗုဒ္ဓသည် အရှင်အာနန္ဒာအား " အာနန္ဒာ၊ ငါ၏ တပည်. ရဟန်းသံဃာတို.သည် ငါပရိနိဗ္ဗာန် စံဝင်သောအခါ ငါဘုရားမရှိပြီ၊ ငါလွန်ပြီဟုထင်မှတ်ကြပေလိမ်.မည်။ ထိုသို. မမှတ်သင်.။ ငါဟောသောတရားသည် ငါလွန်သောအခါ သင်တို.၏ ဆရာဖြစ်လတ္တံ.။ ထို.ကြောင်. ငါလွန်သောအခါ ငါရှိသည်ဟုသာ ကောင်းစွာမှတ်၏" ဟု မိန်.ကြား၍ ရဟန်းတို.အား မိမိ၏တရား၌ တစ်စုံတစ်ရာ ယုံမှားမှု ရှိလျှင် မိမိမလွန်မီ မေးလျှောက်ကြရန် သတိပေး၏။ သို.ရာတွင် ရဟန်းတို.က မည်သို.မျှမမေးလျှောက်ကြချေ။ ထို.နောက် ဗုဒ္ဓသည် "သင်္ခါရတရားတို.သည် ပျက်စီးတတ်သော သဘောရှိကုန်၏။ သင်တို.သည် မမေ.မလျော.ဘဲ ကျင်.ကြံအားထုတ်ကြကုန်လော" ဟု နောက်ဆုံးမိန်.ကြားပြီးလျှုင် ပရိနိဗ္ဗာန် ပြုတော်မူ၏။

    ဗုဒ္ဓ၏ နောက်ဆုံးဘဝ ဖြစ်စဉ်များကို ဖော်ပြသော မဟာပရိနိဗ္ဗာနသုတ်သည် အခြားသုတ်များထက် ရှည်လျား၍ အလွန်ထူးခြား မှတ်သားဖွယ်ကောင်းသော သုတ်ဖြစ်၏။ လောက၌ နဂိုမူလက စိတ်နှလုံးကောင်းရှိသော သူတို.သည်ပင် အိုမင်းသောအရွယ်၌ ကျန်းမာရေး များစွာယိုယွင်းပျက်ပြားမှု မရှိစေကာမူ အများအားဖြင်. စိတ်ဓာတ်ယိုယွင်းဆုတ်ယုတ်လာကြ၏။ ငါစွဲကြီးမား၍ သူတစ်ပါးအပေါ် ဆရာလုပ်လိုခြင်း၊ သူတစ်ပါးကို အပြစ်မြင်၊ အထင်အမြင်မသေးစေလိုခြင်း၊ (အရှင်သာရိပုတ္တရာအား မိန်.ကြားချက်) ပုဂ္ဂိုလ်ကိုးကွယ်မှု မဖြစ်စေလိုခြင်း စသော လက္ခဏာများဖြင်. မြင်.မားသော အာဇာနည်စိတ်ဓာတ်ကို အထင်အရှား ပြသတော်မူခဲ.ပေ သည်။

     သို.ဖြစ်၍ ခရစ်ယာန်ဘာသာဝင် ပညာရှင်တစ်ဦးက မဟာပရိနိဗ္ဗာနသုတ်မှာ ကမ္ဘာ.စာပေ၌ အခံ.ညားဆုံး စိတ်အားတက်ကြွဖွယ် အကောင်းဆုံးစာပေတစ်ခု ဖြစ်ပါပေ သည်ဟု ရေးသားခဲ.၏။ စင်စစ် မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓသည် နှောင်းလူတို.က လွန်ကဲသော သဒ္ဓါယုံကြည်စိတ်ဖြင်.ဖန်တီးထားသော အနန္ဒဘုန်းတော်ရှင် မဟုတ်တော.ဘဲ အလွန်စိတ်ဓာတ်မြင်.မြတ်၍ ကြည်ညိုဖွယ်ကောင်းသော ကမ္ဘာ.စံပြ အာဇာနည်ပုဂ္ဂိုလ်သူမြတ်အဖြစ် ပေါ်လွင်ထင်ရှားလျက် ရှိပေသည်။

(ဆက်လက်ဖော်ပြပါဦးမည်)

Tuesday, February 10, 2009

ဦးအေးမောင်၊ဗုဒ္ဓနဲ. ဗုဒ္ဓဝါဒ၊အခန်း(၃) ၊ ဗုဒ္ဓမပေါ်မီက အိန္ဒိယ အယူဝါဒများ

ဒီအခန်းကစပြီး ကျွန်တော် အချီးနိဒါန်းသဘောမျိုးရေးပါတော.မယ်။ ကျွန်တော် ကြိုက်နှစ်သက်တဲ. အပိုင်းလေးတွေကို ကျွန်တော်. အမြင်သက်သက်နဲ. ရေးမှာ ဖြစ်ပါတယ်။

ကျွန်တော်တို. ဗုဒ္ဓဘာသာနဲ. ပက်သက်လို. ဘုရားဟောတဲ. အချက်တွေကို ကျွန်တော်တို. ငယ်စဉ်က နာကြားခဲ.ရလို.ဘဲ ဖြစ်ဖြစ် ဖတ်ဖူးမှတ်ဖူးလို.ဘဲ ဖြစ်ဖြစ် တော်တော်များများက တရားနဲ.မစိမ်းကြပါဘူး။

အခုဒီအခန်းလေးမှာတော. ဗုဒ္ဓဝါဒနဲ. တိုက်ရိုက်သက်ဆိုင်တဲ. အကြောင်းအရာတွေမပါပေမဲ. ဗုဒ္ဓခေတ်ကလူတွေရဲ. ယဉ်ကျေးမှုတွေ၊ စိတ်နေစရိုက်တွေ၊ အတွေးအခေါ်တွေ စတာတွေကို စာရေးဆရာက တတ်နိုင်သမျှ စုစည်းထားခြင်းဖြစ်ပါတယ်။

ဒီအထဲက အကြောင်းအရာတွေကလည်း စိတ်ဝင်စားဖို.ကောင်းပါတယ်။
ဥပမာ ဗုဒ္ဓခေတ်က အိန္ဒိယပြည်မြောက်ပိုင်းမှာ ဇာတ်ဝါဒသည် ဒီလောက်ကြီးအရှိန်အဝါမကြီးသေးတဲ. အကြောင်း ၊ ဘာသာရေးလွပ်လပ်ခွင်.လည်း အလွန်မြင်.မား၍ မည်သည်.ဘုရင်ကမျှဘာသာရေးကို ချုပ်ချယ်လေ.မရှိကြကြောင်း၊ ဗုဒ္ဓနှင်. ခေတ်ပြိုင် ဘာသာရေးဆရာကြီးများရဲ. အယူအဆများနှင်. တွေးခေါ်ပုံများ၊ တောထွက်၍တရားအားထုတ်ခြင်းသည် ထိုခေတ်လူတို. ၏ဓလေ.ထုံးစံ ဖြစ်တဲ. အကြောင်း၊ စသဖြင်. ဖော်ပြထားပါတယ်။



အခန်း(၃)
ဗုဒ္ဓမပေါ်မှီက အိန္ဒိယအယူဝါဒများ

"မဇ္ဈိမဒေသ၌ ဗြဟ္မဏတို. တန်ခိုးမကြီးသေးဘဲ
လူတို.သည် လွပ်လပ်စွာ ကြံစည်စဉ်းစား၍
အယူဝါဒအမျိုးမျိုး ပေါ်ပေါက်ကာ
ဘာသာရေး အတွေးအခေါ်များ
ပြောင်းလဲလှုပ် ရှားနေစဉ်
ဂေါတမဗုဒ္ဓ ထွက်ပေါ်လာလေသည်။"

ဂေါတမဗုဒ္ဓ ပွင်.တော်မူသော ဘီစီ ၆ ရာစုခေတ်က အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဂင်္ဂါမြစ်ဝှမ်းတွင် လိမ္မာယဉ်ကျေး အဆင်.အတန်းမြင်.သော အာရိယန်လူမျိုးတို.နေထိုင်ကြ၏။ ပိဋကတ်စာပေနှင်. ဝေဒကျမ်းများ၌ ခတ္တိယ၊ ဗြာဟ္မဏ၊ ဝေဿနှင်. သုဒ္ဒ ဟူ၍ ရှေးအိန္ဒိယပြည်ရှိ ဇာတ်အမျိုးလေးပါးကို ဖော်ပြထား၏။ ခတ္တိယတို.မှာ လယ်မြေကို အစိုးရသော မင်းမှူးမတ်စစ်သူကြီးမျိုး၊ လယ်ပိုင်ရှင်သူဌေးမျိုးဖြစ်၍ ရှေးအာရိယန်ခေါင်းဆောင် အကြီးအကဲများမှ သက်ဆင်းလာကြသည်ဆို၏။ ဗြဟ္မဏတို.ကား ရှေးအာရိယန်တို.၏ ဆရာဘုန်းကြီးများနှင်. ဆက်နွယ်ကြသည်ဆို၏။ ဝေဿတို.မှာ ကုန်သည်၊ သူကြွယ်လယ်သမားမျိုးဖြစ်၍ သုဒ္ဓတို.မှာ အာရိယန်တို. အိန္ဒိယပြည်သို. မရောက်လာမီက ရှိနှင်.ပြီးဖြစ်သော ဒြာဗီးဒီးယန်းလူမျိုး အဆက်အနွယ်များဖြစ်၏။

ဗြာဟ္မဏတို.သည် ဇာတ်ဝါဒကို ထောက်ခံအားပေးကြ၏။ ဘီစီ ၆ ရာစုခေတ်က အိန္ဒိယပြည် မြောက်ပိုင်း၌ သူတို. တန်ခိုးဩဇာ မပျံ.နှံ.သေးသဖြင်. ဇာတ်ဝါဒသည်လည်း ထုထည်အင်အား မကြီးမားသေားချေ။ ရှေးဗြဟ္မဏကျမ်းတို.၏ အဆိုအားဖြင်. ဇာတ်ဝါဒကျင်.သုံးသော တိုင်းပြည်များမှာ ကုရုတိုင်း နှင်. ပဉ္စာလတိုင်းများ ဖြစ်၏။ ဂင်္ဂါမြစ်ဝှမ်းအလယ်ပိုင်းရှိ မဂဓ, ကောသလ စသော တိုင်းပြည်များ၌ ဇာတ်ဝါဒ မထွန်းကားသေးချေ။ ဗုဒ္ဓစာပေ၌ မဇ္ဈိမဒေသရှိ အချို.လူတို.၏ ဇာတ်ဝါဒ အယူသီးမှုကို ပြသော သာဓကများ ရှိသည်မှန်၏။ ဝိဋဋူပနှင်. သာကီဝင်တို. စစ်ဖြစ်ကြခြင်းသည် ဇာတ်အယူသီးမှုကြောင်.ဖြစ်၏။ သို.ရာတွင် ဇာတ်ဝါဒ စည်းမျဉ်းများမှာ အခါခပ်သိမ်း မတင်းကျပ်လှချေ။ ဥပမာ ဇာတ်ကြီးသောသူသည် မိမိရိုးရာ အလုပ်မှတစ်ပါး အခြားအလုပ်များကို ရှောင်ကြင်ရမည်ဖြစ်၏။ သို.စဉ်လျက် ကုသမင်းသည် ပပဝတီမင်းသမီးကို လိုချင်သောကြောင်. အိုးထိန်းသည်၊ စားတော်ချက်စသော အလုပ်များကို လုပ်ကိုင်သည်ဆို၏။ အခြားဇာတ်များ၌ ကုန်သွယ်မှု၊ အမဲလိုက်မှု စသည်ဖြင်. အသက်မွေးသော ဗြာဟ္မဏများ အကြောင်းဖော်ပြထား၏။

မဇ္ဈိမဒေသ၌ ဗြာဟ္မဏတို.ကို ဆန်.ကျင်သောသူများမှာ ခတ္တိယတို.ဖြစ်၏။ ခတ္တိယတို.သည် ဇာတိမာန်ရှိ၍ ဗြာဟ္မဏတို.ကို ဇာတ်မြင်.သောသူများအဖြစ် အသိအမှတ်မပြုကြချေ။ သာကီဝင်တို.သည် ဗြာဟ္မဏဆရာကြီးတစ်ဦး၏ တပည်.အား မိမိတို. စည်းဝေးရာဌာန၌ နေရာထိုင်ခင်းမပေးဘဲ မထေမဲ.မြင် ပြက်ရယ်ပြုကြ၏။ သို.ရာတွင် ဗြာဟ္မဏနှင်. ခတ္တိယ တို.သည် အမြဲထာဝရ ရန်သူများမဟုတ်ကြချေ။ အချို.ဗြာဟ္မဏတို.သည် ခတ္တိယနွယ်ဝင် ဘုရင်တို.အား အချို.ကိစ္စများ၌ အကြံဥာဏ်ပေး၍ မြှောက်စားခြင်း ခံကြရ၏။ ဗုဒ္ဓသံဃာ၌ ဗြဟ္မဏတော်တော် များများ ပါဝင်၍ ရှင်သာရိပုတ္တရာ၊ ရှင်မဟာကဿပ စသော ဗုဒ္ဓ၏ သာဝကကြီးများသည် ဗြဟ္မဏများဖြစ်ကြ၏။

စင်စစ် ဗုဒ္ဓဝါဒသည် ဗြာဟ္မဏဝါဒကို နောက်ခံထား၍ ပေါ်ထွန်းလာသောဝါဒဖြစ်ရကား ဗြာဟ္မဏတို.၏ ဘာသာရေး အတွေးအခေါ်၊ အယူအဆများကို လေ.လာရန်လိုအပ်၏။

ရှေးအာရိယန်တို.သည် နေ၊လေ၊ မိုး၊ မီး စသော သဘာဝခြင်းရာ ကမ္ဘာ.တန်ဆာများကို ကိုးကွယ်ကြ၏။ သူတို.၏ နတ်ဘုရားများကို ဒေဝဟုခေါ်၍ သူတို.အယူဝါဒနှင်. ဓလေ.ထုံးစံများကို ရှေးဝေဒကျမ်းများ၌ ဖော်ပြထား၏။ ဝေဒကျမ်းများတွင် ဣသျှူဝေဒသည် ရှေးအကျဆုံးဖြစ်၏။ ထိုဝေဒ၌ နတ်ဘုရားများကို ချီးကျုး ထားသော ကဗျာများနှင်. အာရိယန်လူမျိုးတို.၏ အတိတ်ဖြစ်စဉ်ကို ဖွဲ.နွဲ.စပ်ဆိုထားသော ကဗျာများပါရှိ၏။ ဒုတိယဝေဒဖြစ်သော သာမဝေဒ၌ သူတို.နှစ်သက်သော သေရည်၏ အရှင်သောမနတ်ဘုရားနှင်. သက်ဆိုင်သည်.ကဗျာများကို ဖော်ပြထား၏။ တတိယ ယဇုဒေဝ၌မူ နတ်ဘုရားများကို ရည်စူး၍ ပြုလုပ်ရသော ယဇ်ပူဇော်ပွဲများတွင် ရွတ်ဆိုလျှောက်ထားရသော ကဗျာများ ပါရှိ၏။

အထက်ပါ ဝေဒသုံးပုံအပြင် အာတပ္ပနဝေဒဟုခေါ်သော ဝေဒတစ်ခု ရှိသေး၏။ နောက်ဆုံးပေါ်ဝေဒဖြစ်၍ လောကီပညာဆိုင်ရာ ဂါထာမန္တရားအမျိုးမျိုးကို ပြဆိုထားသော ဝေဒဖြစ်၏။ ဒီဃနိကာယ် ဗြဟ္မဇာလသုတ်၌ ဖုတ်တစ္ဆေအတတ်၊ အင်္ဂဝိဇ္ဖာ အတတ်၊ နေကို လုပ်ကျွေးခြင်း အတတ်စသည်ဖြင်. အချို.သော သမဏ ဗြာဟ္မဏ တို.၏မှား ယွင်းသောအသက်မွေးမှုများကို ရှည်လျားစွာဖော်ပြထား၍ ယင်းတို.မှာ အာတပ္ပနဝေဒကျမ်းလာ လောကီပညာများ ဖြစ်ဟန်ရှိ၏။

ဝေဒခေတ် အိန္ဒိယလူမျိုးတို.၏ ဘာသာတရားမှာ မျက်မှောက်ဘဝ ကောင်းစားရေးကို ပဓနထားသော တရားဖြစ်၏။ တမလွန်ဘဝအကြောင်းကို သူတို. အလေးအနက် မစဉ်းစား ကြချေ။ သေပြီးနောက်ကာလ၌ လူကောင်းသည် ထာဝစဉ် ချမ်းသာစွာနေရ၍ မကောင်းသောသူမှာ အမြဲ ဆင်းရဲဒုက္ခ ခံနေရသည်ဟု ယုံကြည်ကြ၏။

လူသည် ဘဝပေါင်းများစွာ ကျင်လည်ရသည်ဟု မယူဆကြချေ။ ဘဝသံသရာနှင်. ကမ္မဝါဒသည် ဝေဒခေတ်အလွန်မှ ပေါ်ပေါက်လာသော အယူများဖြစ်၏။

ထိုခေတ်လူတို.သည် ယဇ်ပူဇော်ပွဲ၏ အကျိုးအာနိသင်ကို အထူးယုံကြည်ကြ၏။ ယဇ်ပူဇော်ပွဲတစ်မျိးအကြောင်းကို ဒီဃနိကာယ် ကူဋဒန္တသုတ်၌ ဖော်ပြထား၏။ ယဇ်ပူဇော်ပွဲ ပြုလုပ်ရာ၌ အစစအရာရာ ထုံးနည်းမှန်ကန်တိကျရန်လိုအပ်သောကြောင်. ဗြာဟ္မဏတို.က ကြီးကြပ်စီမံရ၏။ ဗြာဟ္မဏအားလုံးမှာ ယဇ်ပူဇော်ပွဲဖြင်. စီးပွားရှာသူများ မဟုတ်ကျချေ။ ဥာဏ်အမြင်ရင်.ကျက်သော ဗြာဟ္မဏတို.သည် ယဇ်ပူဇော်မှုနှင်. ဝေဒကျမ်းများကို သံသယရှိ၍ အမှန်တရားကို ရှာကြံစဉ်းစားလာကြ၏။ ထိုသူတို.၏ ဘာသာရေးအတွေးအခေါ်များကို ဥပနိသျှမည်သော ကျမ်းများ၌ ဖော်ပြထား၏။

ဥပနိသျှကျမ်းများ၏ အဆိုအားဖြင်. သတ္တလောကကြီး တစ်ခုလုံး၏ မူလပင်မမှာ ပရအတ္တ ဖြစ်၏။ (အနောက်နိုင်ငံ ပညာရှင်တို.၏ စာအုပ်များမှ Atman ကိုပြန်ဆိုထားခြင်းဖြစ်သည်) စကြာဝဠာ၌ ရှိရှိသမျှသော နတ်လူသတ္တဝါ အားလုံးသည် ပရအတ္တ၌ မူလအစရှိ၍ ပရအတ္တနှင်. နောက်ဆုံး ပြန်လည် ပေါင်းစည်းကြရမည် ဖြစ်သည်။ ပရအတ္တသည် အကောင်းဆုံး၊ အမြတ်ဆုံး နိစ္စဓူဝ အသင်္ခတဓာတ်ဖြစ်၍ ယင်း၏ ဝိသေသဂုဏ်များကို လူတို.ဥာဏ်ဖြင်. ကြံစည်သော်လည်း ဘာမျှသိရမည်မဟုတ်။ ယင်းသည် အစိန္တေယျဖြစ်၍ ဥပနိသျှဆရာတို.က ဤသို.မဟုတ်၊ ထိုသို.မဟုတ် ဟူ၍သာ ငြင်းဆိုကြ၏။

လောက၌ ပရအတ္တမှတစ်ပါး အခြားဘာမျှမရှိ။ မြင်မြင်သမျှ သက်ရှိသက်မဲ. တို.သည် မာယာမျှသာဖြစ်၏။ (ဝါ) လူတို.အမြင်မှား၍ ဧကန်ထင်ရှားရှိသည်ဟု ထင်မှားနေကြခြင်းဖြစ်၏။ ပရအတ္တနှင်. ကင်းကွာနေသောကြောင်. သတ္တဝါတို.သည် မိမိတို.ပြုသော ကံကစီမံပြဌာန်းသည်. အတိုင်း ဘဝသံသရာ၌ကျင်လည်၍ ဆင်းရဲဒုက္ခခံနေကြရ၏။ ဘဝသံသရာမှ လွတ်မြောက်ရေးအတွက် ဝေဒများကို သင်အံရွတ်ဖတ်ခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်းသည် အချည်းနှီးဖြစ်၏။ အရေးကြီးသည်ကား ဘဝသံသရာ၌ နှောင်ဖွဲ.ထားသော တဏှာကို ပယ်ဖြတ်၍ ပရအတ္တနှင်. ပြန်လည်ပူးပေါင်းမိရန်ဖြစ်၏။ ပရအတ္တကို ဝိပဿနာဥာဏ်ဖြင်. သိမြင်မှသာ မိမိ၏ မူလပင်မဓာတ်နှင်. ပြန်လည်ပေါင်းစည်း၍ ထာဝရငြိမ်းအေးမှု၊ (ဝါ) သုခအစစ်အမှန်ကို ရရှိမည်ဖြစ်၏။

အထက်ပါအချက်များမှာ ဥပနိသျှကျမ်းလာ ဗြာဟ္မဏဝါဒ၏ အကျဉ်းချုပ်ဖြစ်၏။ အချို.နေရာများ၌ ဗုဒ္ဓဝါဒနှင်. ဆင်ဆင်တူသောကြောင်. အချို.ပညာရှင်တို.က ဗုဒ္ဓဝါဒသည် ဗြာဟ္မဏဝါဒ၏ အစွယ်အပွားဖြစ်မည်ဟု ယူဆကြ၏။ သို.ရာတွင် အပေါ်ယံတူညီမှုများကို လည်း သတိပြုသင်.ပေ၏။ ဗြာဟ္မဏဝါဒသည် ဗုဒ္ဓဝါဒထက် ရှေးကျ၍ ကမ္မဝါဒ၊ ဘဝသံသရာ၊ အနိစ္စတရား စသည်တို.မှာ ဗုဒ္ဓဝါဒမပေါ်မီက ရျှိနှင်.ပြီးသော တရားများဖြစ်သည်မှန်၏။ သို.ဖြစ်စေကာမူ ဒေါက်တာရိုင်း(စ) ဒေးဗစ်၊ ပရော်ဖက်ဆာ ဘန္ဒကာ( Dr. Bhandarkar) စသော ရှေးအိန္ဒိယ ဘာသာရေးသုတေသီဆရာတို.၏ လေ.လာချက်အရ ထိုတရားများကို ဗြာဟ္မဏ ဆရာတို.က ရှေးဦးပထမ ဟောပြောခဲ.သည်ဟု အခိုင်အမာ မဆိုနိုင်ချေ။

အိန္ဒိယပညာရှင် ဘန္ဒကာသည် ရှေးအိန္ဒိယ ကျောက်စာများကို ကိုးကား၍ ဗုဒ္ဓလက်ထက်မတိုင်မီက ဗြဟ္မဏတို.မှာ ထင်ရှားသောဘာသာရေးခေါင်းဆောင်များမဟုတ်ပါဟု ရေးသားခဲ.၏။ ထိုကျောက်စာများ၌ ခရစ်တော်ပေါ်ပြီး ဒုတိယရာစုခေတ်မှစ၍ လူတို.က ဗြာဟ္မဏတို.အား ကျေးရွာနှင်. မြေယာလှူဒါန်းသော သာဓကများ ဖော်ပြထား၏။

ခရစ်မပေါ်မှီ သုံးရာစုမှ ပေါ်ပြီး တစ်ရာစုအထိ ကာလအတွင်း၌မူ ဗြာဟ္မဏတို.ကို ကျောက်စာများက အလျှင်းမဖော်ပြချေ။ မင်း၊ သူဌေးသူကြွယ်တို.၏ အလှူဒါနများကို ဖော်ပြသော ကျောက်စာများရှိသော်လည်း ဗြဟ္မဏတို.ကို ပေးလှူကြောင်းတစ်စုံတစ်ရာ အထောက်အထားမတွေ.ရချေ။ သို.ဖြစ်၍ ထိုအခါက ဗြာဟ္မဏတို. မှာ လူအများ၏ ကြည်ညိုလေးစားခြင်းခံရသော ဘာသာရေးပုဂ္ဂိုလ်များ မဟုတ်ကြောင်း ထင်ရှား၏။

ဗုဒ္ဓ မပွင်.မီက မဇ္ဈိမဒေသ၌ ရှိပြီးသော တရားများသည် ခတ္တိယဒဿနိက ဆရာတို.မှတစ်ဆင်. ပြန်.ပွားနေသော တရားများ ဖြစ်တန်ရာ၏။ ဗြဟ္မဏတို.မှာ ဗုဒ္ဓဝါဒီ၊ ဂျိန်းဝါဒီတို.ကဲ.သို. တက်ကြွစွာ ဟောပြောစည်းရုံးမှုများလည်း မရှိကြချေ။ ထိုခေတ်က အိန္ဒိယပြည်သည် ဘာသာရေးလွပ်လပ်မှု မြင်.မားသော တိုင်းပြည်ဖြစ်၏။ ဘာသာရေး ယုံကြည်မှုကို မည်သည်.ဘုရင်ကမျှ ချုပ်ချယ်ခြင်း မပြုချေ။ အသိဥာဏ်နှင်. ဆင်ခြင်စဉ်းစား ဥာဏ်ရှိသော သူတို.သည် လွပ်လပ်စွာ ကြံစည်တွေးတော၍ ဘာသာရေး အတွေးအခေါ်များ လှုပ်ရှား ပြောင်းလဲလျက်ရှိလေသည်။

တောထွက်၍ တရားအားထုတ်ခြင်းသည် ထိုခေတ် လူတို.၏ ရှေးဓလေ.ထုံးစံဖြစ်၏။ အသက်အရွယ်၊ ဇာတ်အမျိုးအနွယ်နှင်. မသက်ဆိုင်ဘဲ လူတိုင်းအဖို. မွန်မြတ်သော အလုပ်ဖြစ်သည်ဟု ခံယူထား၍ ကျင်.စဉ်မှာ အမျိုးမျိုးအစားစားရှိ၏။ အချို.က ဝေဒများကို ရွတ်ဖတ်သရဇ္ဈာယ်၍ အချို.က မိမိတို. ယုံကြည်မြတ်နိုးရာ (ဥပမာ - မီး) ကို လုပ်ကျွေးပူဇော်ကြ၏။ အထူးထင်ရှားသော ကျင်.စဉ်မှာ မိမိကိုယ်ကို ဥှာဉ်းဆဲ နှိပ်စက်မှုဖြစ်၏။ ယင်းကို ရည်ညွန်းသော စကား ‘တပ’ ကို ဣသျှူဝေဒကျမ်း နောက်ပိုင်း၌ တွေ.ရ၍ ရည်ရွယ်ချက်မှာ တန်ခိုးဣဒ္ဓိရရှိရန်ဖြစ်၏။ ဒီဃနိကာယ် ကဿပသီဟနာဒ သုတ်၌ မြက်, နွားချေး, မစင်ကို စားခြင်း ၊ ရေမသောက်ဘဲနေခြင်း ၊ ဆူးအခင်းပျဉ်ပြား မြေကြီးပေါ်၌ အိပ်ခြင်း၊ အမြဲရပ်နေခြင်း စသော ကျင်.စဉ်များကို ဖော်ပြ၍ မဇ္ဈိမနိကာယ် ကုက္ကုရဝတိကသုတ် ၌ တက္ကတွန်းတို.၏ ခွေးအကျင်.၊ နွားအကျင်.များအကြောင်း ပြဆိုထား၏။

မိမိကိုယ်မိမိ ဥှာဉ်းဆဲမှုမပြုဘဲ အမှန်တရား ရှာဖွေသောသူကား ပရဗိုဇ်ဖြစ်၏။ ပရဗိုဇ်တို.သည် တစ်နေရာမှ တစ်နေရာသို. လှည်.လည်သွားလာ၍ တရားဆွေးနွေးကြ၏။ စကားစစ်ထိုး၍ အနိုင်ရခြင်း၌ ဂုဏ်ယူကြ၏။ “ငါသည် စိတ်မရှိသော သစ်ပင်ကို သော်လည်းကောင်း စကားအစဉ်ဖြင်. ဝါဒတင်ဆိုငြားအံ.၊ ထိုသစ်ပင်သည် ပြင်းစွာ တုန်လှုပ်ရာ၏” စသည်ဖြင်. သစ္စကပရဗိုဇ်က ကြုံးဝါး၏။ ရဟန္တာသည် ပရိနိဗ္ဗာန် ပြုပြီးသည်.နောက်၌ ရှိသလော မရှိသလော၊ ရှိလည်းရှိ၊ မရှိလည်းမရှိဖြစ်သလော။ ရှိသည်မဟုတ်၊ မရှိသည်လည်းမဟုတ် ဖြစ်သလော စသော မေးခွန်းများကို ထောက်ချင်.၍ ပရဗိုဇ်တို.သည် မည်မျှ စစ်စစ်ဖုဖု မေးမြန်းတတ်ကြောင်း ထင်ရှား၏။

ပိဋကတ်စာပေ၌ အာဇီဝက၊ ဇဋိလ၊ ဒေဝဓမ္မိက၊ ဂေါတမက စသော ရသေ. သို.မဟုတ် ပရဗိုဇ်အဖွဲ.အမည်များကို တွေ.၇၏။ အာဇီဝကတို.သည် အသောကမင်း၏မြေး ဒသရဌမင်း၏ လက်ထက်အထိရှိ၍ ထိုမင်းက သူတို.နေထိုင်ရန် လိုဏ်ဂူများပြုလုပ်ပေးကြောင်း ကျောက်စာများမှ သိရ၏။ဂေါတမကတို.မှာ ဒေဝဒတ်၏ ဂိုဏ်းသားများဖြစ်သည်ဟု ဒေါက်တာရိုင်း(စ) ဒေးဗစ် က ယူဆ၏။ တရုတ်ခရီးသည် ဖာဟီယန်၏ အေဒီငါးရာစု အိန္ဒိယပြည်မှတ်တမ်း၌ ဒေဝဒတ်ဂိုဏ်းသားများကို ကောသလတိုင်း၌ တွေ.ခဲ.ကြောင်း၊ ဂေါတမ ဗုဒ္ဓကို သူတို.အသိအမှတ် မပြုကြောင်း ဖော်ပြထား၏။

ပရဗိုဇ်တို.ကဲ.သို. လူသိများသော အခြားဘာသာရေး ပုဂ္ဂိုလ်များမှာ ပုရာဏကဿပ၊ မက္ခလိဂေါသာလစသော တိတ္တိဆရာများ ဖြစ်၏။ ပုရာဏကဿပက ကောင်းမှုမကောင်းမှုဟူ၍ မရှိ၊ သီလဆောက်တည်ခြင်း အလှူပေးခြင်းသည် အကျိုးမရှိဟုဟော၏။ မက္ခလိဂေါသာလကမူ တမလွန်ဘဝရှိသည်မှန်သော်လည်း လူတို.မှာ အကြောင်းမဲ. ဖြစ်ချင်ရာ ဖြစ်နေကြသည်ဟု ယူဆ၏။ အဇိတကေသကမ္ဗလ၏ အမြင်အားဖြင်.ကား လူသည် ရုပ်တရားသက်သက်ဖြစ်၍ သေလျှင် ဘဝပြတ်၏။ သဉ္စယဗေလဌပုတ္တကမူ တမလွန်ဘဝ၊ ကမ္မဝိပါက စသော ဘာသာရေးပြဿနာများနှင်. ပတ်သက်၍ ဘာမျှမပြောဘဲ ဆိတ်ဆိတ်နေ၏။

အထက်ပါ ဝါဒများထက် ပိုမိုထင်ရှားသော ဝါဒမှာ ဂျိန်းဘာသာဝါဒဖြစ်၏။ ဂျိန်းဘာသာကို တည်ထောင်သော မဟာဝီရမှာ ပိဋကတ်စာပေ၌ နိဂဏ္ဌနာဋပုတ္တအမည်ဖြင်. ထင်ရှား၏။ မဟာဝီရ၏ အဆိုအားဖြင်. လူသတ္တဝါတို. သံသရာဝဋ်ဆင်းရဲ ခံနေကြရခြင်းသည် နာမ်ဝိဥာဏ်နှင်. ရုပ်တရားပေါင်းစပ်နေမှုကြောင်. ဖြစ်၏။ ရုပ်တရား၏ နှောင်အဖွဲ.မှ ကင်းလွတ်ရန် ကမ္မအသစ်မဖြစ်ဘဲ ကမ္မအဟောင်းကို ဖျက်ဆီးပစ်ရမည်ဖြစ်၏။ မိမိကိုယ်ခန္ဓာကို ဥာဉ်းပန်းနှိပ်စက်ခြင်းဖြင်. ဘဝဟောင်းမှ ကမ္မသတ္တိအားလုံးကို ဖျက်ဆီးပစ်နိုင်သည်ဟု ဂျိန်းဝါဒီတို. ယုံကြည်ကြ၏။ သူတို. ပြင်းထန်စွာ ကျင်.ပုံကို မဇ္ဈိမနိကာယ်ဒေဝဒဟသုတ်၌ ဖော်ပြထား၏။

ဘီစီလေးရာစုအတွင်းက ချန္ဒရာဂွတ်ပတား (စန္ဒဂုတ်) မင်းသည် ဂျိန်းရဟန်းအဖြစ်ကို ခံယူသည်။ သားတော်ဗိန္ဒုသာရမင်းသည် ဂျိန်းရဟန်းများကို နေ.စဉ်ဆွမ်းလုပ်ကျွေးသည်ဆို၏။ ဘီစီတစ်ရာစုလောက်၌ ဂျိန်းဘာသာသည် အိန္ဒိယပြည် အရှေ.ပိုင်းဩရိဿနယ်မှ အနောက်မြောက်ပိုင်း မဓုရနယ်အထိ ပြန်.ပွားနေပြီဖြစ်၏။

ဂျိန်းဝါဒနှင်.ဗုဒ္ဓဝါဒသည် ရှေ.ဆင်.နောက်ဆင်. ပေါ်ထွန်းလာသော ဝါဒများဖြစ်ရကား အချင်းချင်းအဆက်အသွယ် ရှိကောင်းရှိခဲ.ပေမည်။ ဗုဒ္ဓဝါဒီတို.သည် အစပထမ၌ ဂျိန်းတို.ကို အတုယူ၍ နောက်ကာလ၌ ဂျိန်းတို.၏ ကျင်.စဉ်ထဲသို. ဗုဒ္ဓအငွေ.အသက် ဝင်လာဟန်ရှိသည်ဟု အချို.ပညာရှင်တို.ယူဆကြ၏။

ဘီစီခြောက်ရာစုခေတ်က အိန္ဒိယပြည် မဇ္ဈိမဒေသရှိ ဗြာဟ္မဏဝါဒမှာ ဂျိန်းဘာသာဝါဒလောက် အရှိန်အဝါမရှိသေးချေ။ စင်စစ် ပိဋကတ်စာပေ၌လာသော ဗြာဟ္မဏဝါဒသည် ဥပနိသျှကျမ်းလာ အယူအဆများကို မရည်ညွန်းဘဲ ယဇ်ပူဇော်ခြင်း၊ မီးကို လုပ်ကျွေးခြင်း၊ ဂင်္ဂါမြစ်၌ ရေချိုးခြင်းစသည်တို.ဖြင်.ပြီးသော ရှေးဟောင်းဗြာဟ္မဏဝါဒဖြစ်၏။ ဗြာဟ္မဏဆရာတို.သည် ဗုဒ္ဓဝါဒီ ရဟန်းတို.ကို ‘ဦးပြည်းခေါင်းတုံးရဟန်း’ ဟုခေါ်၍ “မည်းညစ်သောအကျင်.ရှိသည်။ ဗြဟ္မာမင်း၏ ခြေဖမိုးမှပေါက်ပွားလာသည်” စသည်ဖြင်.ကဲ.ရဲ.ရှုတ်ချကြ၏။ ဗုဒ္ဓ၏အဆိုအားဖြင်.မူ ဗြာဟ္မဏတိုသည် ရှေးအခါက သီလသမာဓိရှိ၍ နောက်ကာလ၌ အကျင်.ပျက်လာကြ၏။ “ရှေးအခါက ဗြာဟ္မဏတို.သည် မိမိတို.အမျိုး၌သာလျှင် ဥတုလာသော အခါ၌သာလျှင်ပေါင်းဖော်ကြ၏။ မိန်းမကို ရောင်းဝယ်ခြင်းမပြုဘဲ အကယ်မြတ်နိုးမှသာလျှင် ပေါင်းဖော်ကြ၏။ ဥစ္စာစပါး ရွှေငွေကို သိုမှီးသိမ်းဆည်းခြင်းမရှိ။ တစ်နေ.၊ တစ်ရက်အတွက်သာ ဝမ်းစာရှာကြ၏။ ယခုခေတ် ဗြာဟ္မဏတို.သည်ကား ထိုသို.မကျင်.ကုန်” (အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်)

ထိုသို. မဇ္ဈိမဒေသ၌ ဗြာဟ္မဏတို. တန်ခိုးမကြီးသေးဘဲ လူတို.သည် လွပ်လပ်စွာ ကြံစည်စဉ်းစား၍ အယူဝါဒအမျိုးမျိုးပေါ်ပေါက်ကာ ဘာသာရေးအတွေးအခေါ်များ ပြောင်းလဲလှုပ်ရှားနေစဉ် ဂေါတမဗုဒ္ဓ ထွက်ပေါ်လာလေသည်။ ။

ဦးအေးမောင်၊ဗုဒ္ဓနဲ. ဗုဒ္ဓဝါဒ၊အခန်း(၂) ၊ ပါဠိ ပိဋကတ်စစ်တမ်း

အခန်း(၂)
ပါဠိပိဋကတ်စစ်တမ်း

မြန်မာနိုင်ငံ ရှိပါဠိပိဋကတ်သည် သီဟိုဠ်ကျွန်းမှ ရရှိခဲ.သော ပိဋကတ်ဖြစ်၏။ သီဟိုလ်သားတို.၏ မဟာဝင်ကျမ်းအလိုအားဖြင်. ဗုဒ္ဓသာသနာသည် ဘီစီသုံးရာစု (ဝါ) ခရစ်တော်မပေါ်မှီ တတိယရာစုလောက်က အိန္ဒိယပြည်မြောက်ပိုင်းမှ သီဟိုဠ်ကျွန်းသို. ရောက်ရှိလာ၏။ သီဟိုဠ် ရဟန်းတို.သည် လက်ဦးပထမ၌ ပိဋကတ်ကို နှုတ်ဖြင်.ဆောင်ကြ၍ ဘီစီပထမရာစု ကုန်ခါနီးလောက်၌ ပေထက်အက္ခရာ တင်ကြ၏။ သို.ဖြင်. သီဟိုဠ်ကျွန်းသည် အိန္ဒိယပြည်မှ အပ ပထမဦးစွာ ဗုဒ္ဓဝါဒ အခြေစိုက်မိသော နိုင်ငံဖြစ်၍ ပိဋကတ်စာပေသည် သီဟိုဠ်ကျွန်းမှ အခြားအာရှတောင်ပိုင်းနိုင်ငံများသို. ပျံ.နှံ.သွားခဲ.ဟန်ရှိ၏။

သီဟိုဠ်သားတို.သည် ပိဋကတ်သုံးပုံ၏ အဖွင်.ဖြစ်သော အဌကထာ ကျမ်းများကို ရေးသားခဲ.ကြ၏။ အချို.သော ပိဋကတ်ကျမ်းများသည် လည်း သီဟိုဠ်ကျွန်း၌ စတင်ပေါ်ပေါက်သော ကျမ်းများဖြစ်ကောင်းဖြစ်ပေမည်။ သို.ရာတွင် ထိုကျမ်းများမှာ အနည်းငယ်သာဖြစ်၍ ဗုဒ္ဓဝါဒအတွက် အရေးကြီးသော ကျမ်းများလည်း မဟုတ်ချေ။ ထိုကျမ်းများမှအပ အခြားပိဋကတ် စာပေ၌ ဟိမဝန္တာ၊ ဂင်္ဂါ၊ ယမုံနာ စသော အိန္ဒိယတောင်များ၊ မြစ်များကို ဖော်ပြထား၏။ သီဟိုဠ်ကျွန်း၏ ပထဝီအမည်များကို လုံးဝမတွေ.ရချေ။ ပိဋကတ်စာပေသည် ဘီစီ ၆ ရာစုခေတ် အိန္ဒိယပြည်မြောက်ပိုင်း၏ အခြေအနေကို ဖော်ပြ၍ ရှေးသီဟိုဠ်သားတို.၏ အကြောင်းကို အလျှင်းမဖော်ပြချေ။ ဘီစီသုံးရာစုအတွင်းက အိန္ဒိယပြည်ဆန်ချီနှင်. ဘာရပ်ဒေသ၌ ထူပါရုံစေတီတော်ကြီးများ၏ မုခ်ဦးနှင်. နံရံများတွင် ‘ဓမ္မကထိက’ ပေဋကိန’ (ပိဋကတ်အာဂုံဆောင်သူ ) ‘ သုတ္တန္တ ကိနီ’ (သုတ္တန်များကို အာဂုံဆောင်သော မိန်းမ) စသည်ဖြင်. ရဟန်းယောက်ျား၊ မိန်းမများအား ပေးထားသော ဘွဲ.အမည်များကို ဖော်ပြထား၏။ ပိဋကတ်၌ပါရှိသော ဝတ္ထုများနှင်. ၅၅၀ ဇာတ်ဝတ္တုများကို လည်း စေတီနံရံ များ၌ ရုပ်လုံးကလေးများ ဖြင်.ထုထွင်းခြယ်လှယ် ထား၏။

သို.ဖြစ်၍ ပိဋကတ်စာပေ သည် အိန္ဒိယပြည်၌ စတင်ပေါက်ဖွားခဲ.ကြောင်း ထင်၇ှား၏။ သီဟိုဠ်သားတို.သည် ထိုပိဋကတ်ကို ပြင်ဆင်ပြောင်းလဲခြင်းမပြုဘဲ နဂိုအိန္ဒိယမူအတိုငး ထားရှိခဲ.သည်ဟု ယူဆရပေမည်။ ထိုပိဋကတ်သည် မူလက အသောကမင်းလက်ထက်၌ တတိယသင်္ဂါယနာတင် သော ဝိဘဇ္ဇဝါဒီရဟန်းတို. နှုတ်ဖြင်.ဆောင်ခဲ.ကြသော ထေရဝါဒပိဋကတ်ဖြစ်၏။ ထေရဝါဒဂိုဏ်းသည် ဒုတိယသင်္ဂါယနာတင်ပြီး နောက်ပေါ်ပေါက်ခဲ.သော ရှေးဗုဒ္ဓဂိုဏ်းကြီး ၁၈ ဂိုဏ်း၌တစ်ခုဖြစ်၍ ထေရဝါဒပိဋကတ်သည် အခြားဂိုဏ်းများ၏ ပိဋကတ်များနှင်. မည်သို.ခြားနား ကွဲလွဲပါသနည်းဟု စူးစမ်းရန်လိုပေသည်။

ဤတွင် ထိုရှေးအခါက အထူးထင်ရှားသော သဗ္ဗတ္တိဝါဒဂိုဏ်း၏ ပိဋကတ်ကို စဉ်းစားရာ၏။ သဗ္ဗတ္တိဝါဒဂိုဏ်း၏ ပိဋကတ်ကို သက္ကတဘာသာဖြင်. ရေးသားထား၍ အချို.သောကျမ်းစာများကို အာရှတိုက်အလယ်ပိုင်း အရှေ.တာကစ္စတန်ပြည်နှင်. နီပေါပြည်၌ တွေ.ရှိခဲ.ကြ၏။ ထိုကျမ်းစာများသည် ဆိုင်ရာပါဠိ ပိဋကတ်ကျမ်းစာများနှင်.အတော်များများ တူညီကြ၏။ ဥပမာ သက္ကတဝိနည်းပိဋကတ်၌ ဖော်ပြထားသော ဝိနည်းသိက္ခာပုဒ်များသည် ပါဠိဝိနည်းပိဋကတ်မှ သိက္ခာပုဒ်များနှင်. ဘာမျှမခြားနားချေ။ သိက္ခာပုဒ်များပညတ်ရခြင်း အကြောင်းရင်းကို ဖော်ပြရာ၌သာ ပိဋကတ်တစ်ခုနှင်. တစ်ခု ကွဲလွဲ၏။

အချို.သော သက္ကတပိဋကတ်ကျမ်းများကို တရုတ်၊ တိဗက် ၊ ဂျပန်စသော ဘာသာများသို. ပြန်ဆိုထား၏။ ထိုမြောက်အာရှသားတို.၏ ဗုဒ္ဓဝါဒသည် မဟာယာနဝါဒ ဖြစ်၏။ မဟာယနဝါဒီတို.သည် မူလဗုဒ္ဓဝါဒကို ချဲ.ထွင်စဉ်းစား ဥာဏ်ကစားလျက်ဝါဒသစ် များ ဖန်တီးခဲ.ကြစေကာမူ အိန္ဒိယပြည်မှ ရရှိသော မူလကျမ်းရင်းများကို ပြုပြင်ပြောင်းလဲခြင်း မပြုခဲ.ကြချေ။ တရုတ်ပိဋကတ်တွင် ပါဠိပိဋကတ်မှာကဲ. သို. ဓမ္မပဒ၊ ဥဒါန၊ ထေရဂါထာ၊ ဝိမာနဝတ္ထု စသောကျမ်းများ ပါဝင်၏။ သူတို.၏ မဟာဝတ္တုကျမ်းသည် နိဒါနကထာနှင်. မဟာဝဂ်ပါဠိတော်ကဲ.သို. သိဒ္ဓတ္ထ မင်းသားဘုရားဖြစ်လာ ပုံကိုအကျယ်ပြထား၏။ သူတို.၏ ဒီဗျာဝဒါန ကျမ်း၌ မဟာပရိနိဗ္ဗာန သုတ်ပါရှိ၍ ထိုသုတ်မှာ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်နှင်. ကွဲလွဲခြင်းမရှိချေ။ ထိုသုတ်၌ ဗုဒ္ဓဝါဒ၏ အခြေခံမူလဖြစ်သော ဗောဓိပက္ခိယ တရား၃၇ ပါးကိုဖော်ပြထား၏။

ထိုတူညီသော တရားဒေသနာများကို ပိဋကတ်နှစ်ခု၌ စီစဉ်ခွဲခြား ထားပုံမှာလည်း တစ်ပုံစံတည်းဖြစ်၏။ သို.ဖြစ်၍ ထိုဒေသနာများသည် ဗုဒ္ဓသံဃာဂိုဏ်းမကွဲမီ ရှေးမဝေသဏီကတည်းက ရှိပြီးဖြစ်ရပေမည်။ မတူညီသော ဒေသနာများလည်းရှိ၏။ များပြားလှသော တရားဒေသနာများကို နှစ်ပေါင်းများစွာ တစ်သီးတစ်ခြားစီ နှုတ်ဖြင်.ဆောင်ခဲ.ရာမှ ဖြစ်ပေါ်လာသော ပိဋကတ်နှစ်ခုသည် အချို.အနေရာများ၌ ကွဲလွဲကြမည်မှာ ဓမ္မတာဖြစ်၏။ ကွဲလွဲသော အချက်များအားလုံး ဘုရားဟောစကားဖြစ်သည် ဟူ၍ကား မဆိုနိုင်ချေ။ သို.ဖြစ်၍ ပိဋကတ်နှစ်ခုတွင် မည်သည်.ပိဋကတ် က ရှေးဦးစွာပေါ်ပေါက်လာ၍ ဗုဒ္ဓဝါဒနှင်. ပိုမိုနီးစပ်ပါသနည်း ဟုစူးစမ်းရန်လိုအပ်၏။

ပိဋကတ်နှစ်ခုလုံးကို လေ.လာဖူးသော ဥရောပညာရှင်တို.၏ အဆိုအားဖြင်.ပိဋကတ်နှစ်ခုမှာ စီကုံးဖွဲ.နွဲ.မှု မတူကြချေ။ ပါဠိပိဋကတ်သည် အက္ခရာမတင်မီ နှစ်ပေါင်းအတော်ကြာက ပေါ်ပေါက်ခဲ.ပြီးဖြစ်ဟန်ရှိ၏။ ပါဠိတော်များကို စာဖြင်.ရေးမှတ်သောအခါ စီကုံးဖွဲ.နွဲ.သော နည်းဟန်ကို မပြောင်းလဲဘဲ နှုတ်ငုံဆောင်ထားသည်.အတိုင်း ရေးမှတ်ထားသောကြောင်. အရေးအသားချောမွတ်ခြင်းမရှိချေ။ သက္ကတပိဋကတ် မှာမူပါဠိပိဋကတ်ထက် အရးအသားညက်ညောပြေပြစ်၏။ သို.ဖြစ်၍ ထိုပိဋကတ်သည် အာရှတိုက်အလယ်ပိုင်း၌ စာရေးသားခြင်းအတတ် ပေါ်ပြီးမှ စာပေအဖြစ်သို. ကူးပြောင်းလာဟန်ရှိ၏။

သမိုင်းသုတေသနပြုမှု မရှိသေးသောခေတ်က စာပေကျမ်းဂန်တစ်ခုသည် ရှေးကထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးအကြောင်းကို ဖော်ပြရာ၌ ထိုပုဂ္ဂိုလ်၏ခေတ်နှင်. ကျမ်းဂန်တစ်ခုသည် ရှေးကထင်ရှားသော ပုဂ္ဂိုလ် တစ်ဦးအကြောင်းကို ဖော်ပြရာ၌ ထိုပုဂ္ဂိုလ်၏ ခေတ်နှင်. ကျမ်းပြုဆရာ၏ ခေတ်အချိန်ကာလ ကွာခြားလေ၊ ဒဏ္ဍာရီပုံပြင်ဆန်ဆန် အကြောင်းအရာများကို ပိုမိုတွေ.ရလေ ဖြစ်၏။ မြန်မာနိုင်ငံတွင် ဘကြီးတော်လက်ထက်က ရေးသားထားသော မှန်နန်းရာဇဝင် ထဲမှ ပြူစောထီး၊ ဒွတ္တပေါင်စသော ရှေးပုဂံခေတ်မတိုင်မီက မင်းများအကြောင်း ရေးသားချက်များ၌ အထက်ပါစကား ထင်ရှား၏။ သက္ကတပိဋကတ်၌ ပါရှိသော ဗုဒ္ဓဝင်မှာ အံ.ဖွယ်သရဲများဖြင်. ဖောင်းပွ၍ ဗုဒ္ဓမှာ လူသားစင်စစ် မဟုတ်တော.ဘဲ ထာဝရဘုရား၊ သို.မဟုတ် စကြဝဠာ မဟာဗြဟ္မာကြီးလိုလို ဖြစ်နေသည်ကို တွေ.ရ၏။ ပါဠိပိဋကတ်၌မူ လူသားမျိုးနွယ် အတုမ၇ှိ သူတော်မြတ်အဖြစ်ဖြင်.သာ ဖော်ပြထား၏။

ထေရဝါဒီတို.၏ ဗုဒ္ဓအကြောင်း အံ.ဖွယ်သရဲများကို အများအားဖြင်. နောက်မှပေါ်ပေါက်သော အဌကထာများ၌ တွေ.ရ၏။ ဗုဒ္ဓကိုယ်တော်တိုင်က မိမိသည် တန်ခိုးပြာဋိဟာပြမှုကို စက်ဆုပ်ကြောင်း မိန်.ကြားခဲ.၏။ (ဤအကြောင်းကို ‘ဗုဒ္ဓကိုးကွယ်မှု’ အခန်း၌ အကျယ်ပြဆိုပါအံ.။) ဒေဝါတိဒေဝါ (နတ်တကာတို.၏ နတ်မင်း ) ဆိုသော ဗုဒ္ဓ၏ ဘွဲ.ကို ဘီစီ ၉၀-၈၀ လောက်က ရေးသားသော မိလိန္ဒပဥှာကျမ်း၌ ပထမအကြီမ်တွေ.ရ၏။ ပါဠိပိဋကတ်၌ ထိုစကားကို မတွေ.ရချေ။

ထို.ကြောင်. အနောက်နိုင်ငံ ပညာရှင်တို.သည် ပါဠိပိဋကတ်မှာ ဗုဒ္ဓဝါဒသမိုင်း၌ ပထမဦးစွာ ပေါ်ပေါက်လာသော စာပေဖြစ်ကြောင်း တညီတညွတ် အသိအမှတ်ပြုကြ၏။ ထေရဝါဒက မူလဗုဒ္ဓဝါးနှင်. မဟာယာနထက် ပိုမိုနီးစပ်သည်ဟု ယုံကြည်၍ ပါဠိပိဋကတ်ကို ဦးစားပေးလေ.လာကြ၏။

ဗုဒ္ဓလက်ထက်က အိန္ဒိယပြည်၌ စာရေးခြင်းအတတ် ပေါ်ပေါက်နေပြီဖြစ်ကြောင်း ပိဋကတ် အထောက်အထားရှိ၏။ သို.ရာတွင် စာရေးရန် ပစ္စည်းကိရိယာ စုံစုံလင်လင် လုံလုံလောက်လောက် မရှိသေးသောကြောင်. ရှည်လျားသော စာများကို မရေးသားကြချေ။ ထို.အပြင်ထိုခေတ်က အိန္ဒိယသားတို.သည် ဘာသာရေးခေါင်းဆောင်ကြီးများ ၏ နှုတ်စကားကို စာစကားထက် ပို၍သာလွန်မြတ်နိုး တန်ဖိုးထားတတ်ကြ၏။ တရားဒေသနာများကို နှုတ်တက်ကျက်မှတ်ပြီးလျင် သားစဉ်မြေးဆက် နှုတ်ဖြင်.သာ ဆောင်ကြ၏။ သို.ဖြင်. အချို.သော ဘာသာရေးဂိုဏ်းများ၏ ဟောပြောချက်များသည် ပါဠိပိဋကတ်ပေါ်ပေါက်ပြီးနောက် ကာလအတန်ကြာသည်.တိုင်အောင် စာပေအဖြစ်သို. မရောက်ရှိသေးချေ။ ဂျိန်းဘာသာဝင်တို.၏ ပိဋကတ်သည် အေဒီငါးရာစုလောက်ကျမှ စာပေအဖြစ်သို. ရောက်ရှိလာကြောင်းသိရ၏။

နှုတ်စကားက စာစကားထက် အချို.နေရာ၌ ပိုမို ထိရောက်ကြောင်း ယုံမှားဖွယ်မရှိချေ။ တရားဟောရာ၌ စာဖတ်၍ပြောခြင်းထက် စာမဖတ်ဘဲပြောခြင်းက လူပရိသတ်၏ စိတ်ကို ပိုမိုဆွဲဆောင်နိုင်ကြောင်းထင်ရှား၏။ သို.ရာတွင် ပုဂ္ဂိုလ်တစ်ဦး၏ စကားများကို နဂိုမူမပျက်စေဘဲ သန်.ရှင်းစင်ကြယ်စွာ ကာလတာရှည် တည်မြဲစေလိုပါက စာဖြင်. မှတ်သားထားရန်လို၏။ ဆရာစဉ်ဆက်နှုတ်ငုံဆောင်ထားရုံမျှဖြင်. စိတ်ချရမည် မဟုတ်ချေ။

ထို.ကြောင်. အစပထမက နှစ်ပေါင်းများစွာ နှုတ်ဖြင်.ဆောင်ခဲ.သော ပါဠိပိဋကတ်သည် မည်မျှသန်.ရှင်းစင်ကြယ်၍ မူလဗုဒ္ဓဓမ္မကို မည်မျှကိုယ်စားပြုပါသနည်းဟု စဉ်းစားရန်ရှိ၏။

အချို.သော ပါဠိတော်များသည် ဗုဒ္ဓကိုယ်တိုင်ဟောသော ဒေသနာများမဟုတ်ကြောင်း ပိဋကတ်စာပေ၌ အထင်အရှားပြဆိုထား၏။ အဘိဓမ္မာပိဋကတ်မှ ကထာဝတ္ထုသည် အရှင်မောဂ္ဂလိပုတ္တတိဿ၏ လက်ရာဖြစ်၏။ ဝိနည်းပိဋကတ်မှ ပရိဝါကျမ်းမှာ ဒီပမည်သော မထေရ်တစ်ပါး ရေးသားကြောင်း ကျမ်းနိဂုံးတွင် ဖော်ပြထား၏။

မဇ္ဈိမနိကာယ်နှင်. ဒီဃနိကာယ်မှ သုတ်ပေါင်း ၂၆ ခုမှာ ရှင်သာရိပုတ္တရာ၊ ရှင်အာနန္ဒာ၊ ရှင်ကစ္စည်း စသော တပည်.သာဝကကြီးများ ဟောကြားသည်. သုတ်များဖြစ်၏။

အချို.သော ပါဠိတော်များမှာမူ သင်္ဂါယနာတင် ရဟန်းတော်များက ထည်းသွင်းထားသော စကားများဖြစ်သည်ဟု အဌကထာ ဆရာများက ဆိုကြ၏။ အချို.ထေရီဂါထာ များသည် သင်္ဂါယနာတင် မထေရ်တို.၏ ဂါထာများဖြစ်ကြောင်း ပရမတ္တဒီပနီ၌ အဌကထာဆရာ ရှင်ဓမ္မပါလက ဖော်ပြထား၏။ သုတ္တနိပါတ် မဟာဝဂ် ပဓာနသုတ်၌ လာသော နောက်ဆုံးဂါထာသည် အချို.ဆရာတို. အလိုအားဖြင်. သင်္ဂါယနာတင် ရဟန်းတို.၏ လက်ရာဖြစ်၏။

တပည်.သာဝကတို.၏ ဒေသနာများသည် အများအားဖြင်. ဘုရားရှင်အမြွက်မျှဟောကြားသော တရားကို အကျယ့်ရှင်းပြသော ဒေသနာများဖြစ်သောကြောင်. ပိဋကတ်ထဲ၌ ထည်.သွင်းထားခြင်းဖြစ်၏။ အမှန်ဆိုသော် အချို.သာဝကကြီးများ၏ တရားဒေသနာများသည် မိမိ၏အာဘော်နှင်. ကိုက်ညီသည်ဟု ဘုရားရှင်က မိန်.ကြားကြောင်း ပိဋကတ်၌ ပြဆိုထား၏။ မည်သို.ပင်ဖြစ်စေ ဗုဒ္ဓဝါဒကို စေ.ငုသေချာစွာ လေ.လာလိုသော သူတို.အဖို. ဗုဒ္ဓ၏စကားနှင်. တပည်.သာဝကများ၏ စကားကို ခွဲခြား၍ သိရှိမှတ်သားရန် အရေးကြီး၏။

ဘုရားရှင်လက်ထက်က ဗုဒ္ဓဒေသနာများကို အထူးဂရုပြု၍ ကျက်မှတ်ကြခြင်းရှိဟန်မတူချေ။ ‘ဘာဏက’ (ဒေသနာများကို ရွတ်ဆိုကျက်မှတ်သောသူ) ဆိုသောစကားသည် အဌကထာများ၌သာလျင် တွေ.ရ၏။ သင်အံကျက်မှတ်သော ပုဂ္ဂိုလ်အချို. ရှိမည်ဖြစ်သော်လည်း ဘုရားရှင်၏အလိုအားဖြင်. တရားတော်ကို ကျက်မှတ်မှုထက် ကျင်.ကြံအားထုတ်မှုက ပိုမိုအရေးကြီးသောကြောင်. အမြဲတစေ ဂရုတစိုက် ကျက်မှတ်သော ရဟန်းဦးရေသည် ယခုခေတ်မှာကဲ.သို. များလှမည် မဟုတ်ချေ။

တပည်.ရဟန်းများသည် ဗုဒ္ဓဝါဒကို လွပ်လပ်စွာ ဟောပြောကြ၏ ။ တစ်ခါတစ်ရံမှသာ ဘဂဝါ သို.မဟုတ် သတ္ထာ (ဘုရားရှင် ကိုဆိုလိုသည်) က ဤသို.မိန်.ဆိုသည်ဟု ဗုဒ္ဓ၏စကားကို ကိုးကား၍ပြောလေ.ရှိကြ၏။ ထို.နောက် ဗုဒ္ဓသည် သက်တော်ကြီးရင်.လာ၍ တပည်.သာဝကကြီများ ပရိနိဗ္ဗာန်ပြုတော်မူကုန်သော အခါ ဒေသနာများကို မူတစ်မူတည်းထားကာ ပုံသေ သတ်မှတ်စပြုလာကြ၏။

အစပထမ၌ ဒေသနာများသည် သုတ်အဖြစ် သို.မရောက်သေးဘဲ အကျဉ်းချုပ်(ဥဒ္ဒေသ) အဖြစ်ဖြင်.သာ တည်ရှိကြ၏။ ဥဒ္ဒေသများကို ပိဋကတ်စာပေ အချို.နေရာများ၌ တွေ.ရသေး၏။ ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူပြီးသည်. နောက်ကာလ၌ကား ဗုဒ္ဓဓမ္မနှင်. စပ်လျဉ်း၍ သံဃာဂိုဏ်းကွဲမည်. အရိပ်နိမိတ် များ ထွက်ပေါ်လာသောကြောင်. ဗုဒ္ဓဒေသနာများကို အကျဉ်းမချုံးပဲ ဘုရားဟောတော်မူသည်. အတိုင်း ပုံသေအတည်ပြုထားရန် မထေရ်ကြီးများ စုပေါင်းကြိုးစားကြ၏။

ပိဋကတ်စာပေ၌ ‘သာဝတ္ထိ နိဒါနံ’ စသည်ဖြင်. မြို.အမည်နှင်. အစချည်သော သုတ်များပါရှိရာ ဖော်ပြသောမြို.သည် ဆိုင်ရာသုတ်ကို စတင်အတည်ပြုသော ရဟန်းသံဃာတို.၏ ဗဟိုဌာန ဖြစ်တန်ရာ၏။ ထိုဗဟိုဌာနများမှာ သာဝတ္တိ၊ ကပိလဝတ်၊ ဗာရာဏသီ၊ သာကေတ၊ ပါဋလိပုတ်နှင်. ရာဇဂြိုလ်ဟူ၍ ဌာန ၃၆ခုရှိ၍ သာဝတ္ထိမြို.၌ သုတ်အများဆုံး အတည်ပြုကြ၏။

အဌကထာများ၌ ဒီဃဘာဏက, သံယုတ္တဘာဏကစသော စကားများကို တွေ.ရ၏။ နိကာယ်တစ်ရပ်ကို ကျွမ်းကျင်နှံ.စပ်သော ဘာဏကအချင်းချင်း စုပေါင်း၍ အာဂုံဆောင်ကြ၏။ နိကာယ်ဘာဏကများသည် သီးခြားအဖွဲ.များဖြစ်၍ တစ်ခုနှင်.တစ်ခု အဆက်အသွယ်မရှိချေ။ ထို.ကြောင်. အချို.သုတ်များကို နိကာယ်နှစ်ခု၊သုံးခု၌ ထပ်တလဲလဲ တွေ.ရခြင်းဖြစ်၏။

ဒေသနာတော်များကို ပုံသေသတ်မှတ်သော လုပ်ငန်းသည် ဘီစီသုံးရာစုခေတ်၌ အာသောကမင်း လက်ထက်မတိုင်မီက ပြီးဆုံးဟန်ရှိ၏။ ထိုခေတ်က ဘာရပ်နှင်. ဆန်ချီအရပ်ရှိ ထူပါရုံစေတီများ၌ ’ပဉ္စနေကာယိက’ (နိကာယ်ငါးရပ် အာဂုံဆောင်သောသူ) ဆိုသောစကား ရေးထိုးထား၏။ သို.ရာတွင် ဒေသနာအားလုံးကို တစ်ချိန်တည်း၌ပုံသေသတ်မှတ်ခြင်း ပြီးဆုံးသည်မဟုတ်ချေ။ ပါဠိပိဋကတ်၏ မည်သည်.အစိတ်အပိုင်းက မည်သည်.အချိန်ကာလ၌ ပုံသေဖြစ်လာသည်ဟု အတိအကျ မသိရသော်လည်း တစ်ပိုင်းနှင်.တစ်ပိုင်း ပုံသောဖြစ်လာသော အချိန်ကွာခြား၏။ ပါဠိပညာရှင် ဒေါက်တာရိုင်း(စ) ဒေးဗစ်၏ ယူဆချက်အရ ပါဠိတော်များ ပုံသေမူတစ်မူတည်း ဖြစ်လာသော ရှေ.နောက်အစီအစဉ်မှာ အကြမ်းဖျင်းအားဖြင်. အောင်ပါအတိုင်းဖြစ်၏။( Dr. Rhys Davids: Buddhist India, pp.84)\

၁။ ပိဋကတ်စာပေ အားလုံးလိုလို၌ အကြိမ်ကြိမ်တွေ.ရ၍ ထပ်တူထပ်မျှဖြစ်သော စကားပြေ၊သို.မဟုတ် ဂါထာများဖြင်. ဗုဒ္ဓဝါဒကို ရိုးရိုးရှင်းရှင်း ဖော်ပြထားသော စကားများ။
၂။ ပိဋကတ်နှစ်ကျမ်း၊ သို.မဟုတ် သုံးကျမ်း၌ ထပ်တူထပ်မျှ စကားများဖြင်.ပြဆိုထားသော အကြောင်းများ။
၃။ ဒီဃနိကာယ်မှ သီလက္ခန္ဓ၊ သုတ္တနိပါတ်မှ ပါရာယနဝဂ်နှင်. အဌကဝဂ်, ဝိနည်းပိဋကတ်မှ ပါတိမောက
်၎။ ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ အဂုင်္တ္တရနိကာယ်နှင်. သံယုတ္တနိကာယ်။
၅။ သုတ္တနိပါတ်၊ ထေရနှင်.ထေရီဂါထာ၊ ဥဒါန၊ ခုဒ္ဒကပါဌ။
၆။ သုတ္တဝိဘင်္ဂနှင်. ခန္ဓက။
၇။ ဇာတကနှင်. ဓမ္မပဒ။
၈။ နိဒ္ဒေသ၊ ဣတိဝုတ္တကနှင်. ပဋိသမ္ဘိဒါ။
၉။ ပေတဝတ္ထု , ဝိမာနဝတ္ထု ၊ အပဒါန၊ စရိယပိဋကနှင်. ဗုဒ္ဓဝံသ။၁၀။ အဘိဓမ္မာကျမ်းများ၊ ယင်းတို.တွင် ကထာဝတ္ထုမှာ နောက်ဆုံးကျမ်းဖြစ်၍ ရှေးအကျဆုံးကျမ်းမှာ ပုဂ္ဂလပညတ္တိ ဖြစ်တန်ရာ၏။

အဘိဓမ္မာကျမ်းများသည် ပိဋကတ်သမိုင်း၌ နောက်ဆုံးပေါ်ပေါက်လာသော ကျမ်းများဖြစ်ကြောင်းယူဆရန် အထောက်အထားများရှိ၏။ ပထမနှစ်ကြိမ် သင်္ဂါယနာတင်သော ပါဠိတော်များတွင် အဘိဓမ္မာပါဝင်သည် ဟု ဝိနည်းစူဠဝါနှင်. မဟာဝင်၊ ဒီပဝင်ကျမ်းများ၌ ပြဆိုမထားချေ။ ဒီဃနိကာယ် အဌကထာ၌ပါရှိသော ပထမသင်္ဂါယနာအကြောင်း၌ ဝိနည်းပိဋကတ်နှင်. ပထမနိကာယ်လေးရပ်ကို အာဂုံဆောင်၍ ထိန်းသိမ်းရန် ရှင်ဥပါလိ၊ ရှင်အာနန္ဒာနှင်. ရှင်ကဿပ၊ ရှင်အနုရုဒ္ဓါ၊ ရှင်သာရိပုတ္တရာတို.၏ တပည်.များအား တာဝန်ပေးအပ်ကြသည်ဆို၏။အဘိဓမ္မာပိဋကတ်နှင်.စပ်လျဉ်း၍ တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိချေ။ အဌသာဠိနီ, မဟာဗောဓိဝံသ စသော အဌကထာများနှင်. ရှေးအိန္ဒိယ ကျောက်စာများ၌ နိကာယ်ဘာဏကများကို ရည်ညွန်းချက်များပါရှိသော်လည်း အဘိဓမ္မာဘာဏက ဆိုသောစကား လုံးဝမပါရှိချေ။

အချို.သော ပါဠိတော်တို.၌ အဘိဓမ္မာဟုသော ပုဒ်ကို တွေ.ရ၏။ သို.ရာတွင် သုတ္တန္တပိဋကတ်၌လာသော ထို’ အဘိဓမ္မာ’ သည် လက်ရှိအဘိဓမ္မာ ခုနှစ်ကျမ်းကို မရည်ညွန်းဘဲ သုတ္တန်ဒေသနာများမှ နက်နဲသောတရားကို ဆိုလိုဟန်ရှိ၏။ ဗုဒ္ဓဒေသနာ များကို သုတ္တ၊ ဂေယျ၊ ဂါထာ၊ ဇာတက စသည်ဖြင်. အင်္ဂုတ္တရနိကာယ်၌ ကိုးမျိုးခွဲခြားထားရာ ဥပမာ ဇာတကသည် လက်ရှိ ၅၅၀ ဇာတ်နိပါတ်ကို ဆိုလိုခြင်းမဟုတ်ဘဲ နိကာယ်များမှ အချို.ဝတ္ထုများကို ရည်ညွန်း၏။ ထိုနည်းအတူ သုတ္တန်ပိဋကတ်၌ တွေ.ရသော အဘိဓမ္မာသည် သုတ္တန်ဒေသနာများကို အမျိုးအစားခွဲခြားရန် သုံးစွဲသော စကားဖြစ်ပေလိမ်.မည်။

သဗ္ဗတ္တိဝါဒ ဂိုဏ်း၌ ထေရဝါဒဂိုဏ်းမှာကဲ.သို. အဘိဓမ္မာခုနှစ်ကျမ်းရှိ၍ တရုတ်ဘာသာသို. ပြန်ဆိုထား၏။ ထိုအဘိဓမ္မာတရားကို အရှင်သာရိပုတ္တရာ ၊ ရှင်မောဂ္ဂလာန် စသော သာဝကကြီးများက ဟောပြောခဲ.သည်ဆို၏။ သဗ္ဗတ္တိဝါဒ အဘိဓမ္မာသည် ထေရဝါဒအဘိဓမ္မာနှင်. ပါဝင်သောအကြောင်းရပ်များ လုံးဝမတူချေ။ အထက်ကဖော်ပြခဲ.သည်.အတိုင်း ဝိနည်း၊သုတ္တန် ဒေသနာများ အခြေခံတူညီပါလျက် အဘိဓမ္မာပိဋကတ်များသည် ဗုဒ္ဓသံဃာဂိုဏ်းကွဲပြီးမှ တသီးတခြားစီပေါ်လာသော ပိဋကတ်များဖြစ်သည်ဟု ယူဆဖွယ်ရှိ၏။

ဒုတိယ သင်္ဂါယနာတင် ရဟန်းသံဃာနှင်. ဆန်.ကျင်သော မဟာသံဃိကရဟန်းတို.သည် စင်ပြိုင်သင်္ဂါယနာတင်ပွဲ ပြုလုပ်၍ အဘိဓမ္မာ ပိဋကတ်နှင်. အခြားအချို.သော ဒေသနာများကို ဘုရားရှင်၏ ဒေသနာအစစ်အမှန် မဟုတ်ဟုဆိုကာ ပယ်ကြသည်ဟု ဒီပဝင်ကျမ်း၌ ဖော်ပြထား၏။ အမှန်ဆိုသော် ရှေးကအဘိဓမ္မာကို ဘုရားဟောဒေသနာဖြစ်သည် ဟု မယုံကြည်သော ရဟန်းတို.မှာ နည်းလှမည်မဟုတ်ချေ။ သို.ဖြစ်၍ ရှင်ဗုဒ္ဒဃောသဆရာသည် အဌသာလိနီကျမ်း၌ အဘိဓမ္မာပိဋကတ်ကို ခုခံကာကွယ်၍ရေးသားရ၏။ ရဟန်းတစ်ပါးက အဘိဓမ္မာဟောသော အခြားရဟန်းတစ်ပါးအား “သင်သည် မြင်းမိုရ်တောင်ကို ရစ်ပတ်သကဲ.သို. မသည်မပိုးနိုင်၊ ရှည်စွာသော အဘိဓမ္မာပါဠိကို အဘယ်ကြောင်.ဆောင်ဘိသနည်း။ အဘိဓမ္မာသည် ဘုရားဟောမဟုတ်” ဟုပြစ်တင်ကဲ.ရဲ.သည်ဆို၏။ ရှင်ဗုဒ္ဓဃောသကမူ အဘိဓမ္မာသည် ဘုရားဟောဖြစ်သည်။ ရှင်မောဂ္ဂလိပုတ္ထ တိဿသည်ပင် ကထာဝတ္ထုကို ဘုရားပေးအပ်သောနည်း၊ ထားအပ်သော မာတိကာဖြင်.ဟောသည်ဟု ဆိုလေသည်။

မာတိကာသည် ဗုဒ္ဓဓမ္မကို အကျဉ်းချုပ်ပြသော ခေါင်းစဉ်ဖြစ်၍ ဝိနည်းနှင်.သုတ္ထန်ပိဋကတ်များ၌ ထိုစကားကိုတွေ.ရ၏။ အဘိဓမ္မာကျမ်းများသည် ထိုမာတိကာများအပေါ်၌ ထိုစကားကိုတွေ.ရ၏။ အဘိဓမ္မာကျမ်းများသည် ထိုမာတိကာများအပေါ်၌ အခြေတည်၏။

တရုတ်ရဟန်းတော် ဖာဟီယန်သည် အိန္ဒိယပြည်သို. ရောက်ရှိစဉ်က သံဃာ.စာသင်တိုက်ကြီးများ၌ ဗုဒ္ဓအဘိဓမ္မာဆရာကြီးများကို တွေ.ရှိခဲ.ကြောင်းသူ၏မှတ်တမ်း၌ ဖော်ပြခဲ.၏။ ထိုသံဃာ.စာသင်တိုက်များနှင်. နာလန္ဒစသော ရှေးဗုဒ္ဒတက္ကသိုလ်များသည် အဘိဓမ္မာကျမ်းများ ပေါက်ဖွားရာဌာနများ ဖြစ်တန်ရာ၏။

ထို.ကြောင်. အနောက်တိုင်း ပါဠိပညာရှင်တို.၏ အမြင်အားဖြင်. အဘိဓမ္မာသည် နောက်မှပေါ်ပေါက်လာသော ပိဋကတ်အစွယ်အပွားဖြစ်၍ သုတ္တန္တ ပိဋကတ်ထက်ပိုမို ထူးခြားနက်နဲသည် မဟုတ်ချေ။ ပိဋကတ်သုံးပုံကို နှံ.နှံ.စပ်စပ် လေ.လာဖူးသော ဥရောပပညာရှင်တစ်ဦးကမူ ပါဠိစာပေမှ ကျွန်ုပ်တို.သိရှိရသော ဗုဒ္ဓအဘိဓမ္မာသည် အဘိဓမ္မာပိဋကတ်တစ်ခုလုံး မရှိစေကာမူ စိုးစဉ်းမျှယုတ်လျော.သွားလိမ်.မည် မဟုတ်။ အဘိဓမ္မာပိဋကတ်၌ ပါရှိသော တရားအားလုံးကို သုတ္တန်ပိဋကတ်၌ တွေ.နိုင်ပါသည်ဟုရေးသားခဲ.၏။ (Art.Abhidhamma by Mrs Rhys Davids in Encyclopedia of Religion and Ethics)

ဝိမာနဝတ္ထုနှင်. ပေတဝတ္ထုများမှာ ယင်းတို.၌လာသော အကြောင်းအရာများ(ဥပမာ ဗုဒ္ဓကိုးကွယ်မှု၊ အလှူဒါနအားပေးမှု) ကို ထောက်ချင်.၍ ပိဋကတ်ထဲသို. အတော်နောက်ကျမှ ဝင်လာသော ကျမ်းများဖြစ်ကြောင်း ထင်ရှား၏။ ပေတဝတ္ထု၌ပါရှိသော ပိင်္ဂလောကဘုရင်မှာ ဘုရားပရိနိဗ္ဗာန် စံဝင်ပြီးနောက် စူရတ်ပြည်ကို အုပ်စိုးသောမင်းဖြစ်၏။ ဝိမာနဝတ္ထု၌ ဖော်ပြထားသော ပါယာသိဘုရင်သည်လည်း ဘုရားပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်းအတန်ကြာမှ စိုးစံသောဘုရင်ဖြစ်၏။၁၈၉၄ ခုနှစ်က ယိုးဒယားဘုရင်က အနောက်နိုင်ငံ စာကြည်.တိုက်များသို. လှူဒါန်းသော ပိဋကတ်သုံးပုံ၌ ဝိမာနဝတ္ထု၊ ပေတဝတ္ထု၊ ထေရဂါထာ၊ ထေရီဂါထာ၊ ဇာတက၊ အပဒါန၊ စရိယပိဋကနှင်. ဗုဒ္ဒဝံသကျမ်းများ မပါဝင်ချေ။ ထိုသို. ယိုးဒယားမူ၌ မပါရှိသော ကျမ်းများသည် စင်စစ် ယင်းတို.၏မူလအစနှင်. စပ်လျဉ်း၍ ယခုခေတ်ပညာရှင်တို. သံသယရှိသောကျမ်းများဖြစ်၏။ အိန္ဒိယပညာရှင် ပါမောက္ခ ဘီအမ်ဗရူဝါး(တိပိဋကာစရိယ) ၏ အဆိုအားဖြင်. ခုဒ္ဒကပါဌ၊ ဗုဒ္ဓဝံသ၊ စရိယာပိဋကနှင်. အပဒါနကျမ်းများကို ဒီဃဘာဏကအဖွဲ.က ပါဠိတော်များအဖြစ်ဖြင်. အသိအမှတ်မပြုချေ။ ထိုကျမ်းများမှာ သီဟိုဠ်ရဟန်းတို.၏ လက်ရာဖြစ်သည်ဆို၏။

စရိယာပိဋက၊ ဗုဒ္ဓဝံသ စသည်တို.သည် ခုဒ္ဒကနိကာယ်၌ ပါဝင်၍ ထိုနိကာယ်သည် နောက်ဆုံးထွက်ပေါ်လာသော နိကာယ်ဖြစ်သည်ဟု ပါဠိပညာရှင်တို. ယူဆကြ၏။ ဝေသာလီပြည်၌ ထေရဝါဒီတို.နှင်.စင်ပြိုင်သင်္ဂါယနာတင်သော မဟာသံဃိကဂိုဏ်းက ပိဋကတ်မှ နုတ်ပယ်ပစ်သည်. ကျမ်းများမှာ အဘိဓမ္မာကျမ်းများနှင်. ပဋိသမ္ဘိဒါ၊ နိဒ္ဒေသ၊ ဇာတကစသော ခုဒ္ဒကနိကာယ်ကျမ်းများ ဖြစ်၏။

တရုတ်ပိဋကတ်၌ ခုန္ဒကနိကာယ်မပါရှိဘဲ ပထမနိကာယ်လေးကျမ်းကိုသာ တွေ.ရ၏။ နိကာယ်ကို တရုတ်ပိဋကတ်၌ အာဂမဟုခေါ်၏။ ပါဠိနိကာယ်များကို ဆိုင်ရာ တရုတ်အာဂမများနှင်. နှိုင်းရှင်လေ.လာခြင်းဖြင်. နိကာယ်များပေါ်ပေါက်လာသော ရှေ.နောက်အစီအစဉ်ကို အကြမ်းဖျင်းသိအပ်၏။ နိကာယ်လေးကျမ်းတွင် ဒီဃနိကာယ်သည် ဒီဃအာဂမနှင်. အတူညီဆုံးဖြစ်၏။ မဇ္ဈိမနိကာယ်နှင်. သံယုတ်နိကာယ်တို.သည်လည်း ဆိုင်ရာတရုတ်အာဂမများနှင်. အတော်အတန် တူညီ၏။ မတူညီသော အချက်မှာ သုတ်အရေအတွက်နှင်. အစီအစဉ်ဖြစ်၏။ ဥပမာ မဇ္ဈိမနိကာယ်၌ ၁၅၂ ခုရှိ၍ မဇ္ဈိမအာဂမ၌ သုတ်ပေါင်း ၂၂၂ ခုရှိ၏။ မဇ္ဈိမအာဂမ၌ တွေ.ရသော အပိုသုတ်များကို သံယုတ်နှင်. အဂုင်္တ္တရနိကာယ်များ၌ တွေ.ရ၏။ အင်္ဂုတ္တရနိကာယ်နှင်. အာဂမများမှာ အခြားနိကာယ်နှင်. အာဂမများလောက် တူညီသောအချက်များ မရှိချေ။(E.J. Thomos: History of Buddhist Thought, Appendix)

ထို.ကြောင်. နိကာယ်လေးကျမ်းများတွင် ဒီဃနိကာယ်သည် ရှေးအကျဆုံးဖြစ်၍ အင်္ဂုတ္တရနိကာယ်မှာ နောက်အကျဆုံး ဖြစ်ဟန်ရှိ၏။ သို.ရာတွင် နိကာယ်အသီးသီးကို တစ်ခုလုံးခြုံ၍ စဉ်းစားမှသာ ထိုသို.ယူဆနိုင်၏။ အမှန်ဆိုသော် ရှေးကျသော ဒေသနာများကိုလည်းကောင်း၊ နောက်ကျသောဒေသနာများကို လည်းကောင်း နိကာယ်အားလုံး၌ အနည်းအများ တွေ.ရ၏။ ဥပမာ ဒီဃနိကာယ်မှ ပါယာသိကသုတ်၊ မဟာသမယသုတ် စသည်တို.သည် အတော်နောက်ကျမှ ဝင်ရောက်လာသော သုတ်များဖြစ်၏။ မဇ္ဈိမနိကာယ်မှ အဿလာယနသုတ်သည် ယင်း၌ပါရှိသော ယောနက ကမ္ဘောဇနိုင်ငံ အမည်ကိုထောက်၍ အသောကမင်း လက်ထက်မတိုင်မီ ဂရိကို ဗက်ထရီးယားနိုင်ငံ ထင်ရှားရှိစဉ်က ဖြစ်ပေါ်လာဟန်ရှိ၏။ ခုဒ္ဒကနိကာယ်မှာ အခြားနိကာယ်များထက် နောက်ကျသည်မှန်သော်လည်း ယင်း၌ပါဝင်သော သုတ္တနိပါတ်မှာ ဗုဒ္ဓစာပေ၌ ရှေးအကျဆုံး ဒေသနာဖြစ်သည်ဟု အနောက်နိုင်ငံ ပါဠိပညာရှင်တို.ယူဆကြ၏။

အမှန်ဆိုသော် သုတ္တန်တစ်ခုတည်း၌လာသော ဒေသနာ၊သို.မဟုတ် စကားများသည်ပင် အားလုံးတစ်ချိန်တည်း၌ ပေါ်ပေါက်ခဲ.သည် မဟုတ်ချေ။မဟာပရိနိဗ္ဗာနသုတ်သည် အတော်ရှည်လျား၍ လေးနက်သော ဗုဒ္ဓတရားအတော်များများပါရှိ၏။ သို.ရာတွင်ထိုသုတ်၌လာသော စကားများသည် အားလုံးတစ်ချိန်တည်းဝင်လာသော စကားများမဟုတ်ချေ။ ဗုဒ္ဓသုတေသီ ဆရာတို.၏အလိုအားဖြင်. ထိုသုတ်သည် အကြိမ်ကြိမ်အထပ်ထပ်သုတ်သင်ပြင်ဆင်ထားသော သုတ်ဖြစ်၏။

ဗုဒ္ဓတရား အစစ်အမှန်ကို သိရှိလိုသောသူသည် ရှေးကျသော ပါဠိတော်များကို အခြားပါဠိတော်များထက် ပိုမိုဂရုပြုရပေမည်။ သို.ရာတွင် ဒေသနာအားလုံးကို ပညာဥာဏ်ဖြင်. ဆင်ခြင်သုံးသပ်ဖို.လို၏။ အဘယ်ကြောင်.ဆိုသော် နှစ်ပေါင်.များစွာ နှုတ်ဖြင်.ဆောင်ခဲ.သော အချို.ဒေသနာများသည် မူလဗုဒ္ဒဝါဒမှ အနည်းအများချွတ်ချော်တိမ်းစောင်းဖွယ်ရာ အကြောင်းများရှိ၏။ ဗုဒ္ဓလက်ထက်က ရဟန်းပြုသူ အလွန်များပြားခြင်း၊ ဥပမာ ဥရုဝေဠကဿပ နှင်. ရသေ.တစ်ထောင်တို. အစုလိုက်အပြုံလိုက် ဗုဒ္ဓသာသနာသို. ကူးပြောင်းလညခြင်းကို ထောက်သော် ဗုဒ္ဓတရားကို ခြေခြေမြစ်မြစ်နားမလည်ဘဲ ဗုဒ္ဓကို ကြည်ညိုသောကြောင်.၊ သို.မဟုတ် ကြားနာရသော ဒေသနာတစ်ခုကို နှစ်သက်ကာမျှဖြင်. ဗုဒ္ဓ၏ တပည်.ရဟန်းဖြစ်နေသောသူ အတော်များများ ရှိခဲ.တန်ရာ၏။ စင်စစ် ရှင်အဿဇိအမည်ရှိ ရဟန်းတစ်ပါးကမူ ဗုဒ္ဓဓမ္မကို မိမိ ကောင်းစွာနားမလည်သေးကြောင်း ရှင်သာရိပုတ္တရာ အလောင်း ဥပတိဿလုလင်အား ပြောကြား၏။ ပိဋကတ်ဆောင်ဘာဏကအဖွဲ.များ၌ ရှင်အဿဇိကဲ.သို. သောပုဂ္ဂိုလ်များရှိရပေမည်။ သူတို.သည် မိမိတို.နှစ်သက်သော ဒေသနာများကို အလေးပေး၍ မနှစ်သက်သော ဒေသနာများကိုကား ကောင်းစွာမှတ်သားထားမည်မဟုတ်ချေ။

မဟာပရိနိဗ္ဗာနသုတ်၌ တရားဒေသနာများကို အမှားအမှန် ဆုံးဖြတ်ရန် ဗုဒ္ဓဟောကြားခဲ.သော မဟာပဒေသ တရားလေးပါးကို ဖော်ပြထား၏။ ဗုဒ္ဓ၏အလိုအားဖြင်.ကား ပိဋကတ်ဒေသနာကို နှုတ်ငုံဆောင်သော သံဃာမထေရ်တို.၏ စကားကို မဆိုထားဘိ၊ ဘုရားရှင်မျက်မှောက်မှ ကြားနာခဲ.ရသည်ဆိုသော စကားကိုပင် ဝိနည်းတရား၊ သုတ်တရားနှင်. ချိန်ထိုး၍ ကိုက်ညီမှသာ လက်ခံယုံကြည်ရမည်ဖြစ်၏။ (အဘိဓမ္မာတရားနှင်. ညှိနှိုင်းရမည်ဟု မဆိုကြောင်းသတိပြုရာ၏။)

သို.ရာတွင် ကျွန်ုပ်တို.၏ လက်ရှိပိဋကတ်မှ သုတ်တရားဝိနည်းတရားသည် ဗုဒ္ဓဟောသောမူလသုတ်တရား၊ ဝိနည်းတရားနှင်. မည်မျှထပ်တူဖြစ်သည်ကို အတိအကျ အခိုင်အမာ မသိရချေ။သုတ္တန်နှင်. ဝိနည်းပိဋကတ်များသည် မြန်မာနိုင်ငံသို. မရောက်မီက လေးကြိမ်တိတိ သင်္ဂါယနာတင်ပြီးဖြစ်သည်မှန်၏။ သို.ဖြစ်စေကာမူ ထေရဝါဒသမိုင်း၌ ထင်ရှားသော သင်္ဂါယနာလေးခုသည် ပါဠိပိဋကတ်ကို လေ.လာစိစစ်သော သုတေသီပညာရှင်တို.၏ အမြင်အားဖြင်.များစွာအရေးပါလှသည် မဟုတ်ချေ။

မြောက်ပိုင်းဗုဒ္ဓဝါဒီတို.သည် ပထမသင်္ဂါယနာကိုသာ အသိအမှတ်ပြု၍ အခြားသင်္ဂါယနာများအကြောင်းကို မသိကြချေ။ တတိယသင်္ဂါယနာအကြောင်းကို မဟာဝင်နှင်. အဌကထာကျမ်းများ၌ စုံစုံစေ.စေ. ရေးသားထားသော်လည်း အသောကမင်း၏ ကျောက်စာများ၌ လုံးဝ ဖော်ပြမထားခြင်းမှာ စဉ်းစားဖွယ်ဖြစ်၏။

အခြားစဉ်းစားရန် ရှိသည်ကား သင်္ဂါယနာတင်သော ပုဂ္ဂိုလ်တို.သည် ရဟန်းသံဃာတစ်စုတစ်ဖွဲ.မျှသာဖြစ်၍ သူတို.အတည်ပြုသော ဗုဒ္ဓဒေသနာများကို အခြားရဟန်းသံဃာတို.က မည်မျှလက်ခံ အသိအမှတ်ပြုပါသနည်းဟူသော အချက်ဖြစ်၏။ ရာဇဂြိုဟ်ပြည်၌ ပထမသင်္ဂါယနာတင်နေစဉ် ပုရာဏအမည်ရှိသော မထေရ်သည် ရောက်လာ၍ အခြားရဟန်းတို.က အရှင်ပုရာဏအား သင်္ဂါယနာတင်နေသော မထေရ်ကြီးတို.ထံသို. ချဉ်းကပ်ရန် တိုက်တွန်းကြ၏။ ထိုအခါ အရှင်ပုရာဏက “ငါရှင်တို.၊ မထေရ်ကြီးတို.သည် ဓမ္မနှင်. ဝိနယကို ကောင်းစွာသင်္ဂါယနာတင်အပ်။ သို.သော် ငါသည်ဘုရားရှင်၏ မျက်မှောက်၌ ကြားနာသင်ယူပြီးသည်. အတိုင်းသာလျင် တရားတော်ကို ဆောင်အံ.” ဟုပိဋကတ်သည် မဇ္ဈိမဒေသရှိ ရဟန်းသံဃာအားလုံး တညီတညွတ် အသိအမှတ်ပြုသော ပိဋကတ်ဟူ၍ မဆိုနိုင်ကြောင်း ထင်ရှား၏။

ထို.အပြင် သင်္ဂါယနာတင်သော ရဟန်းသံဃာသည် ဒေသနာများကို စုပေါင်းရွတ်ဆိုရုံမှတစ်ပါး စေ.ငုသေချစွာ လေ.လာဆန်းစစ်မှု၊ ဝေဖန်သုံးသပ်မှုပြုသော လက္ခဏာ မရှိချေ။ သို.ဖြစ်၍ အနောက်နိုင်ငံ ပါဠိသုတေသီပညာရှင်တို.က ယခုလက်ရှိ ပါဠိပိဋကတ်၏ တစ်စိတ်တစ်ဒေသမျှသည်ပင် ထိုသင်္ဂါယနာတင်ပါဠိတော်များ နှင်.ထပ်တူဖြစ်သည်ဟု ဆိုရန် ခိုင်မာလုံလောက်သော အထောက်အထားမရှိဟု ယူဆကြ၏။

မည်သို.ဖြစ်စေ သံသယရှိမှု လွန်ကဲနေပါက ပါဠိပိဋကတ်ကို ဖြစ်စေ၊ အခြားဘာသာရေး ကျမ်းဂန်များကို ဖြစ်စေ လေ.လာခြင်းသည် အချည်းနှီးဖြစ်ပေလိမ်.မည်။ လိုအပ်သည်ကား သံသယရှိမှု လွန်ကဲ၍ ပိဋကတ်စာပေတစ်ခုလုံးကို ပယ်ခြင်းနှင်. သဒ္ဓါယုံကြည်မှုလွန်ကဲ၍ ပိဋကတ်လာ စကားအားလုံးကို မျက်စိမှိတ် လက်ခံခြင်းတည်းဟူသော အစွန်းနှစ်ဖက်လွတ်သည်. အလယ်လမ်းကို လိုက်ရန်ဖြစ်၏။

စင်စစ် အချို.သုတ္တန်တရားများနှင်. သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ဗောဇ္ဈင်ခုနှစ်ပါး စသောတရားများမှာ မူလဗုဒ္ဓဝါဒအစစ်ဖြစ်ကြောင်း ပါဠိပိဋကတ်ကို လေးလေးနက်နက် လေ.လာသော အနောက်တိုင်း ပညာရှင်အားလုံးက လက်ခံယုံကြည်ကြ၏။သံသယရှိသော ဒေသနာများကို ထိုခိုင်မာသော အခြေခံ ဗုဒ္ဓတရားများဖြင်. ချိန်ထိုး၍ အမှားအမှန် ဆုံးဖြတ်ရပေမည်။ ဤနေရာ၌ အချို.ဒေသနာများကို ဥပမာဆောင်၍ ဥပမာဆောင်၍ ပြပါအံ.။

ဗုဒ္ဓမှတစ်ပါး ကိုးကွယ်ရာမရှိ ဆိုသောစကားသည် ဗုဒ္ဓကိုယ်တိုင် ထပ်တလဲလဲ ဟောသော မိမိကိုယ်ကိုသာ အားကိုးကြ၊ မိမိမှတစ်ပါး အခြားအားကိုးရာမရှိ ဟူသည်. ဩဝါဒနှင်. ဆန်.ကျင်၍ ဗုဒ္ဓ၏ စကားမဖြစ်နိုင်ကြောင်း ထင်ရှား၏။

ဗုဒ္ဓသည် သုဇာတာအား သခင်နှင်.တူသော မယား၊ ကျွန်နှင်.တူသောမယား၊ မိတ်ဆွေနှင်.တူသော မယားစသည်ဖြင်. မယားခုနှစ်မျိုးရှိသည်.အနက် ကျွန်နှင်.တူသော မယားမှာ အမြတ်ဆုံး ဖြစ်ကြောင်းအင်္ဂုတ္တရနိကာယ်၌ ဟောသည်ဆို၏။ ဤစကားမှာ တရားမျှတမှု မရှိဘဲ သိင်္ဂါလောဝါဒသုတ်၌ ဘုရားဟောသော လင်၏ကျင်.ဝတ်၊ မယား၏ ကျင်.ဝတ်များနှင်. ဆန်.ကျင်သောကြောင်. ဗုဒ္ဓ၏စကားမဟုတ်ဘဲ မိန်းမများကို ဖိနှိပ်လိုသော ပိဋကတ်ဆရာတို.၏ စကားဖြစ်တန်ရာ၏။

ဗုဒ္ဓသည် ဘုရားဖြစ်ပြီးခါစက ဗာရာဏသီပြည်သို. ကြွသွားရာလမ်းခရီး၌ တွေ.ရသော ဥပကတက္ကတွန်းအား “ ငါသည် အလုံးစုံကို လွှမ်းမိုးနိုင်၏။ အလုံးစုံကို ငါသိ၏။ လောက၌ အတုမရှိသောသူဖြစ်၏။” စသည်ဖြင်. မိန်.တော်မူသည်ဆို၏။ ဤစကားမှာ မာန်မာနနှင်. ဝင်.ဝါပလွှားမှု လုံးဝကင်းသော ဗုဒ္ဓ( ဗုဒ္ဓအခန်း နှင်. ဗုဒ္ဓကိုးကွယ်မှုအခန်း၌ အကျယ်ဖော်ပြပါအံ.။) စကားဖြစ်သည်ဟု ကျွန်ုပ်တို. မယူဆနိုင်ချေ။

တစ်ခုနှင်. တစ်ခု ဆန်.ကျင်သယောင် ဖြစ်နေသော အချို.ပိဋကတ်ဒေသနာများကို လေ.လာရာ၌ကား ကြားနာသောပုဂ္ဂိုလ်နှင်. ကာလဒေသကို ထည်.သွင်းစဉ်းစားရပေမည်။ တစ်နည်းဆိုသော် ဗုဒ္ဓတရားကို ကောင်းစွာသိမြင်နားလည်ရန် ဗုဒ္ဓဝါဒ၏သမိုင်း၊ ဗုဒ္ဓမပွင်.မီက ရှိနှင်.ပြီးဖြစ်သော အိန္ဒိယဘာသာ အယူဝါဒ၊ အတွေးအခေါ်နှင်. ခေတ်အခြေအနေကို သိရှိဖို.လို၏။ ဗုဒ္ဓသည် မည်သို.သော ပုဂ္ဂိုလ်ဖြစ်သည်။ မည်သို.သော သူများကို ဟောပြောသည်။ ဟောပြောရ၌ မည်သို.သောနည်းကို သုံးသည် စသည်တို.ကို ကောင်းစွာနားလည်ထားရပေမည်။ အယူဝါဒသစ်တစ်ခု ပေါ်ထွန်းမှုသည် ရှေးဦးပထမ ဟောပြောသော ပုဂ္ဂိုလ်နှင်. ပတ်ဝန်းကျင် အခြေအနေ ပေါ်၌တည်ကြောင်း ကျွန်ုပ်တို. မမေ.သင်.ချေ။