Tuesday, February 10, 2009

ဦးအေးမောင်၊ဗုဒ္ဓနဲ. ဗုဒ္ဓဝါဒ၊အခန်း(၁) ၊ ဗုဒ္ဓနှင်. စဉ်းစားဝေဖန်မှု

ကျွန် တော် အခု ဗမာ ဗုဒ္ဓ ဘာ သာ ၀င် တိုင်း ဖတ် သင်. တဲ. စာ အုပ် တစ် အုပ် ကို မိတ် ဆက် ပေး လိုက် ပါ တယ်။ ဒီစာအုပ်ဟာ မြန်မာနိုင်ငံ ခေတ်သစ်ဗုဒ္ဓစာပေသမိုင်းတွင် အလွန်ထူးခြားသော ကျမ်းတစ်စောင်ဖြစ်ကြောင်းမြန်မာပညာရှင်အချို.က သုံးသပ်ဝေဖန်တင်ပြကြပါသေးတယ်။

ဉီး အေး မောင်
ဗုဒ္ဓနှင်. ဗုဒ္ဓ ၀ါ ဒ
အခန်း (၁)
ဗုဒ္ဓနှင်. စဉ်း စား ဝေ ဖန် မှု

မြန် မာ နိုင် ငံ သည် ဗုဒ္ဓ ဘာ သာ ထွန်း ကား သော နိုင် ငံ ဖြစ် ၍ မြန်မာ တို. သည် အများ အား ဖြင်. ဗုဒ္ဓဘာ သာ ကို ယုံ ကြည် ကြ၏။ ဤသို. ယုံ ကြည် ကြ ခြင်း မှာ ပဓာနအားဖြင်. မျိုး ရိုး စဉ် ဆက်ဗုဒ္ဓ၀ါ ဒီ များဖြစ်ခဲ.ကြသောကြောင်.ဖြစ်၏။တနည်းဆိုသော်မြန်မာတို.သည်ကမ္ဘာပေါ်ရှိ အခြားဘာသာဝင်များနည်း တူ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြ၏။ ဗုဒ္ဓ၀ါဒကို မိဘများက ယုံကြည်သောကြောင်.မဟုတ်ဘဲ ပညာဉာဏ်ဖြင်. ဆင် ခြင်သုံးသပ်ပြီးမှ လက် ခံ ယုံကြည်သော မြန်မာ ဗုဒ္ဓ၀ါဒီတို. မှာ. အလွန် နည်းပါး လှကြောင်း ယုံမှား ဖွယ် ရာ မရှိချေ။

သို.ရာတွင် ကမ္ဘာ.ဘာသာ အယူဝါဒများ တွင် မည်သည်. ဘာသာဝါဒ သည် စဉ်းစားဝေဖန် မှု ကိုအများဆုံးအားပေးပါသနည်း။ မည်သည်.ဘာသာတရားသည် လူတို.အား အစစအရာရာကို စဉ်းစားဆင်ခြင်ပြီးမှ လက်ခံယုံကြည်ရန် အလေးအနက်ဟောကြားခဲ.ပါသနည်းဟု မေးပါက ဗုဒ္ဓဝါဒကို ကျွန်ုပ်တို.ညွန်ပြရပေလိမ်.မည်။

ဗုဒ္ဓဝါဒသည် ‘ပစ္စတ္တံ ဝေဒိတဗ္ဘော ‘ ဟူသော တရားတော်၏ ဂုဏ်နှင်.အညီ မိမိပညာဉာဏ်ဖြင်.သိမြင်နားလည်ပြီးမှ လက်ခံယုံကြည်ရမည်. ဝါဒဖြစ်၏။ အဂုင်္တ္တရနိကာယ်၌ ဗုဒ္ဓသည် ကာလာမအမျိုးသားတို.အားအကြင်စကားသည်ရှေးအစဉ်အလာစကားဖြစ်သောကြောင်.သော်လည်း ကောင်း၊ မိမိတို. ကြည်ညိုလေးစားသော ဆရာရဟန်းပုဏ္ဏားတို.၏ စကားဖြစ်သောကြောင်.လည်းကောင်း
ထိုစကားကို မျက်စိမှိတ်လက်ခံခြင်းမပြုဘဲ အကောင်းအဆိုးအကြောင်းအကျိုးကို ဝေဖန်ဆန်းစစ်ပြီးမှ လက်ခံယုံကြည်ကြရန် ဟောတော်မူ၏။ ဘဒ္ဒိယမင်းသားအား လည်း ထိုနည်းအတူဟောတော်မူ၏ (အဂုင်္တ္တရနိကာယ် စတုက္ကနိပါတ် ဘဒ္ဒိယလိစ္ဆဝီသုတ် )။ စင်စစ် ဗုဒ္ဓသည် တပည်.ရဟန်းတို.က မိမိအား ကြည်ညိုသောကြောင်. မိမိတရားကို လက်ခံယုံကြည်ခြင်း ကိုမလိုလားချေ။ “ရဟန်းတို. သင်တို.သည် ငါဘုရားကို ကြည်ညိုလေးစားသဖြင်.ငါ၏ တရားကို လက်ခံယုံကြည်ခြင်းသည် မသင်.။ သင်တို.သည် ကိုယ်တိုင်ဉာဏ်ဖြင်. ထိုးထွင်းသိမြင်သော တရားကိုသာလျှင် ယုံကြည်ကြသည် မဟုတ်လော။” (မဇ္ဈိမနိကာယ်၊ မဟာတဏှာသင်္ခယသုတ်)

ထို.ကြောင်. ဗုဒ္ဓသည် မိမိ၏ သာသနာသို. အခြားဘာသာဝါဒီများ အလျင်စလိုကူးပြောင်းခြင်းကို အားပေးတော်မမူချေ။ ဝိနယပိဋကတ် မဟာဝဂ်၌ တိတ္ထိဖြစ်ဖူးသောသူသည် ရဟန်းပြုလိုပါက လေးလတိတိ ဆိုင်းငံ.ရမည်ဟု ဆိုထား၏။ ဥပါလိသူကြွယ် နှင်. သီဟစစ်သူကြီးတို.သည် ဘုရားရှင်၏ တရားကို အလွန်နှစ်သက်သဖြင်. နိဂဏ္ဌ အယူကိုစွန်.၍ အသက်ထက်ဆုံး ဥပါသကာ အဖြစ် မှတ်ယူရန်လျှောက်ထားသောအခါ ဘုရားရှင်သည်သူတို.အား လေးလေးနက်နက် စဉ်းစားဆင်ခြင်ပြီးမှ မိမိ၏ တရားကို သက်ဝင်ယုံကြည်ရန် သတိပေးတော်မူ၏။ (မဇ္ဈမနိကာယ်ဥပါလသုတ်နှင်. ဝိနယပိဋကတ် မဟာဝဂ်)
ဗုဒ္ဓ၏ အလိုအားဖြင်. ဗုဒ္ဓတရားကို ကိုယ်တိုင်ကြားသိရသောသူသည်ပင် ဆင်ခြင်သုံးသပ်ပြီးမှ လက်ခံယုံကြည်သင်.သည်ဆို ပါက အရှင်အာနန္ဒာ၊ အရှင်ကဿပ စသော တပည်.သာဝကများထံမှ တစ်ဆင်.ကြားသိရသော ဗုဒ္ဓဒေသနာများ ကိုသာ၍ဝေဖန် စိစစ်ရန်လိုပေလိမ်.မည်။ များစွာသော ဗုဒ္ဓဒေသနာများသည် အရှင်အာနန္ဒာထံမှကြားသိရသော ဒေသနာများဖြစ်၏။ သို.ရာတွင် အရှင်အာနန္ဒာကိုယ်တိုင်က “တစ်ဆင်.ကြားကို မှီသော၊ တစ်ဆင်.ကြားကို ယုံကြည်သောအားဖြင်. ကျင်.သောဆရာအားကောင်းစွာကြားခြင်းသည်ဖြစ်၏။ မကောင်းသဖြင်.ကြားခြင်းသည်လည်းဖြစ်၏။ ကြားသည်မှတပါးသော အခြင်းအရာအားလည်း ဖြစ်၏ ဟု မိန်.ဆိုဖူုး၏ (မဇ္ဈမနိကာယ် သန္ဒကသုတ်)။
“ရဟန်းတို.၊ ဤတရားတို.ကို ယုံကြည်ခြင်း၊ နှစ်သက်ခြင်း တစ်ဆင်.စကားကြားခြင်း၊ ကြံစည်ခြင်းဖြင်.သိအပ်သည် မဟုတ်။ ပညာဖြင်.တွေ.မြင်၍ သိအပ်ကုန်သည်သာ ဖြစ်၏။”
(သဠာယတနသံယုတ်၊ ပရိယာယသုတ်)

ဗုဒ္ဓဓမ္မသည် သိမ်မွေ.နက်နဲသောကြောင်. ပညာဉာဏ်ဖြင်.လေ.လာခြင်းမပြုပါက မိမိရရသိရှိနားလည်ရန် ခဲယဉ်း၏။ နားလည်ရန်ခဲယဉ်းသဖြင်. ဗုဒ္ဓတရားကို မှားယွင်းစွာခံယူထားပါက မြွေကို မဆင်ခြင်ဘဲ ဖမ်းသောသူကဲ.သို. အကျိုးယုတ်ပေလိမ်.မည် (မဇ္ဈမနိကာယ် ၊ အလာဂဒူပမသုတ်)။
ဤနေရာ၌ ပိဋကတ်စာပေကို နှံ.နှံ.စပ်စပ်ဖတ်ရှုလေ.လာမှုနှင်.ဆင်ခြင်သုံးသပ်မှု နည်းပါးသောကြောင်. ယုံမှားဖွယ်ရာဖြစ်နေသော မြန်မာတို.၏ အစဉ်အလာ ဘာသာရေး ယုံကြည်ချက်တစ်ခုနှင်. ဓလေ.ထုံးစံတစ်ခုကို ဖော်ပြပါအံ.။

ဗုဒ္ဓသည်ကဆုန်လပြည်.နေ.၌ ပရိနိဗ္ဗာန် ပြုတော်မူသည်ဟု မြန်မာဗုဒ္ဓဝါဒီတို.ယုံကြည်ကြ၏။ အထောက်အထားမှာ ဇိနတ္ထပကာသနီကျမ်း နှင်. အခြားဗုဒ္ဓဝင်ကျမ်းများဖြစ်၏။ သို.ရာတွင် ဗုဒ္ဓဝင်ကျမ်းပြုဆရာတို. မှီငြမ်းပြုသော မဟာပရိနိဗ္ဗာနသုတ်၌မူ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသောနေ. အမည်ကို ဖော်ပြမထားချေ။ စင်စစ် ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များနှင်. စပ်လျင်း၍ ခု, နှစ် , လ , ရက်များ လုံးဝပြဆိုထားခြင်းမရှိချေ။

မဟာပရိနိဗ္ဗာနသုတ် အဆိုအားဖြင်. ဗုဒ္ဓသည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝရွာ၌ နောက်ဆုံးအကြိမ် ဝါဆိုတော်မူ၏ ။ ထို.နောက်ဝေသာလီပြည်အနီး စာပါလစေတီအရပ်၌ မာရ်နတ်အား ငါဘုရားသည် ယနေ.မှ နောက်သုံးလ လွန်မြောက်သောနေ.၌ ပရိနိဗ္ဗာန် ပြုမည်ဟု မိန်.ကြား၏။ ထိုသို.မိန်.ကြားသောအချိန်မှာ ဝါဆိုနေစဉ် သို.မဟုတ် ဝါမှအထတွင်ဖြစ်ပေလိမ်.မည်။

မြန်မာဗုဒ္ဓဝါဒီ တို.ဆင်ခြင်သုံးသပ်သင်.သော ဘာသာရေဓလေ.ထုံးစံတစ်ခုမှာ ကလေးသူငယ်များကိုရှင်ပြုသော ထုံးစံဖြစ်၏။ မြန်မာတို.သည် မိမိတို.၏သားသမီးများကို အသက် အရွယ်ငယ်ရွယ်စဉ် ရှင်ပြုလေ.ရှိကြ၏။ ဝိနည်းပိဋကတ်၌ ဗုဒ္ဓသည် ရဟန်းတို.အား အသက်တစ်ဆယ်.ငါးနှစ် မပြည်.သေးသောသူငယ်အား ရှင်မပြုအပ်၊ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင်.စေဟု ပညတ်တော်မူ၏။
ဤပညတ်တော်မူချက်မှာ လျော်ကန်သင်.မြတ်လှပေ၏။ ရှင်သာမဏေအဖြစ်သည် တတ်သိလိမ္မာသော အရွယ်သို. ရောက်ရှိပြီးဖြစ်သည်. သူငယ်များအဖို.သာလျင် အကျိုးရှိ၏။ ယခုကာလ၌ မိဘများကရှင်ပြုသော သူငယ်များမှာ အများအားဖြင်. အသက်ငယ်ရွယ် ဉာဏ်နုနယ်သေးသော သူများဖြစ်ရကား ဘာသာရေးဘက်၌ တစ်စုံတစ်ရာ ထူးခြားပြောင်းလဲခြင်း မရှိချေ။ သို.ဖြစ်၍ ယခုခတ်လူငယ်များ သည်အားလုံးလိုလို ရှင်သာမဏေ ဖြစ်ခဲ.ဖူးကြပါလျက် ဘာသာရေးအသိတရား ခေါင်း ပါးနေကြ၏။ မိဘများသည် မိမိတို.ပြုသော ကောင်းမှုအတွက် နှစ်သိမ်.ကျေနပ်ကြပေလိမ်.မည်။ သို.ရာတွင်ကလေးကို ရှင်ပြုချင်းသည် မိဘများ၏ကျေနပ်မှု၊ ကုသိုလ်ရမှုအတွက်ဖြစ်ပါသလော။ ကလေး၏ အကျိုးစီးပွား၊ သာသနာတော်၏ အကျိုးစီးပွားအတွက် ဖြစ်သင်.သည် မဟုတ်ပါလောဟု မေးဖွယ်ရှိ၏။

ထို.ကြောင်.ဥရောပတိုက်၌ ဘာသာတရားကိုအကြွင်းမဲ.ယုံ ကြည်သော၊ ရှေးအခါက ဘာသာတရားနှင်. ဆန်.ကျင်ဘက်စကားပြောသော သိပ္ပံပညာရှင်များသည် နှိပ်ကွပ်ခြင်းခံကြရ၏။ ဘာသာရေးအယူသီးမှုကြောင်. ဘာသာရေးစစ်ပွဲကြီးများ ဖြစ်ပွားခဲ.၏။ ဗုဒ္ဓဝါဒသမိုင်း၌ ဘာသာရေးစစ်ပွဲများမရှိဘဲ ဘာသာရေးစိတ်သဘောထားကြီးမှုအတွက် အာသောကမင်းကဲ.သို.သော ကမ္ဘာ.စံပြပုဂ္ဂိုလ်များပေါ်ထွက်ခဲ.၏။ စင်စစ် ဘာသာရေးစိတ်သဘောထားကြီးမှုသည် ဗုဒ္ဓအလေးအနက် ဟောခဲ.သောတရားဖြစ်၏။ ”ရဟန်းတို.၊ သူတစ်ပါးတို.က ငါ၏အပြစ်ကိုဖြစ်စေ ပြောကြသောကြောင်. သင်တို. အမျက်ထွက်မည်၊ နှလုံးမသာမည် ဖြစ်မည်ဆိုလျင် သင်တို.အားသာ အန္တရာယ်ဖြစ်၏။ သင်တို.သည် သူတစ်ပါးတို.၏ စကားကောင်း စကားဆိုးကို သိနိုင်ကြမည်မဟုတ်။” (ဒီဃနိကာယ်၊ဗြဟ္မဇာလသုတ်)

အကယ်၍ ကျွန်ုပ်တို. ခံယူထားသော ဗုဒ္ဓဝါဒသည် မှန်ကန်သည်ဟု စွဲစွဲမြဲမြဲ ယုံကြည်ပါက သူတစ်ပါး၏ ဝေဖန်စိစစ်မှုကို ခံနိုင်ရပေလိမ်.မည်။ ထိုသို.ခံနိုင်ရည်ရှိရန် ယုံကြည်ချက်သည် မိမိကိုယ်တိုင် စေ.ငုသေချာစွာ လေ.လာမှု၊ လွပ်လပ်စွာ ဆင်ခြင်သုံးသပ်မှုကို ပိတ်ပင်တားဆီးတတ်သော အစွဲနှစ်ခုကို သတိပြုသင်.၏။

ပထမအစွဲမှာ ဝါဒစွဲဖြစ်၏။ အချို.လူတို.သည် ဗုဒ္ဓဝါဒကို လေ.လာသောအခါ မိမိတို.၏ မူလရှိရင်းစွဲ ဝါဒကို ပိဋကတ်ကျမ်းဂန်များထဲ၌ မြင်နေတတ်ကြ၏။ သို.ဖြစ်၍ အချို. ကွန်မြူနစ်များက ဗုဒ္ဓဝါဒကို ရုပ်ဝါဒဖြစ်သည်ဟု ပြောဆိုကြ၏။ အချို.ဗုဒ္ဓဝါဒီတို.မှာမူ ဗုဒ္ဓဟောကြားသော တရားများထဲမှ တစ်ခုတည်းသော တရား ဥပမာ အနတ္တတရား၊ သို.မဟုတ် ကမ္မဝါဒကို အစွဲဥပါဒန် ဖြစ်နေတတ်ကြ၏။

“ရဟန်းတို. ၊ သင်တို.သည် ဤအယူသာမှန်၏။ အခြားအယူအားလုံးသည် အချည်းနှီးသာတည်း ဟုမစွဲမှတ်သင်.”။ ဤသည်မှာ ပိဋကတ်စာပေ၌ ထပ်တလဲလဲ တွေ.ရသော ဗုဒ္ဓ၏ သတိပေးချက်ဖြစ်၍ ယင်းအကြောင်းကို ဆိုင်ရာနောက်အခန်းများ၌ အကျယ်ရေးသားပါအံ.။ ထိုဩဝါဒနှင်.အညီ ဗုဒ္ဓဓမ္မကို လေ.လာရာ၌ အသိအမြင်အမျိုးမျိုးဖြင်.ဝေဖန်ရေးသားထားသော ဗုဒ္ဓကျမ်းစာအုပ်များကို ဖတ်ရှုသင်.၏။
အချို.စာအုပ်များကို မိမိယုံကြည်ချက်နှင်. ဆန်.ကျင်သည်ဆိုပြီး ပစ်ပယ်မထားသင်.ချေ။

သို.ရာတွင် မည်သို.သော စာပေကျမ်းဂန်ပင်ဖြစ်စေ ရေးသားသောပုဂ္ဂိုလ်၏ အသိပညာကြွယ်ဝမှု၊ ထင်ပေါ်ကျော်ကြားမှု စသည်တို.ကို အကြောင်းပြု၍ ပုဂ္ဂိုလ်စွဲသက်သက်ဖြင်.မလေ.လာသင်.ချေ။ ဤပုဂ္ဂိုလ်စွဲသည် စဉ်းစားဆင်ခြင်ဉာဏ်ကို ပိတ်ဖုံးတတ်သော ဒုတိယအစွဲ ဖြစ်၏။ မိမိအား ကြည်ညိုမှုသက်သက်ဖြင်. မိမိ၏တရားကို လက်ခံခြင်းမပြုရန် မိန်.ကြားသော ဗုဒ္ဓစကားအရ ဗုဒ္ဓဓမ္မသည် ပုဂ္ဂိုလ်စွဲနှင်. မည်မျှဆန်.ကျင်ကြောင်းထင်ရှား၏။ သို.ဖြစ်စေကာမူ ဗုဒ္ဓဝါဒီတို.သည် အများအားဖြင်. အရှင်ဗုဒ္ဓဃောသစသော အဌကထာ ဆရာများ၏ စကားကို မဆင်ခြင်ဘဲ အကြွင်းမဲ. လက်ခံယုံကြည်တတ်ကြ၏။ ဤနေရာ၌ ကျွန်ုပ်တို. ဝေဖန်ဆန်းစစ်ရန်လိုသော အရှင်ဗုဒ္ဓဃောသာ၏ စကားတစ်ရပ်ကို ဖော်ပြအံ.။

အခါတစ်ပါး၌ ဗြဟ္မာဏအမျိုးသား ရဟန်းညီနောင်နှစ်ဦးသည် ဗုဒ္ဓအား “အရှင်ဘုရား ယခုအခါ ရဟန်းတို.သည် အမည်အနွယ် ဇာတ်အမျိုးမျိုး ရှိ၍ မိမိတို.ဘာသာဖြင်. မြတ်စွာဘုရား၏ စကားကိုဖျက်ဆီးပါကုန်၏။ သို.ဖြစ်၍ ကျွန်ုပ်တို.သည် မြတ်စွာဘုရား၏ စကားကို သက္ကတဘာသာဖြင်. တင်ပါကုန်အံ.” ဟုလျှောက်ထား၏။ ထိုအခါ ဗုဒ္ဓသည် ထိုရဟန်းတို.အား ကဲ.ရဲ.တော်မူပြီးလျင် “ရဟန်းတို. ၊ ငါဘုရား၏ စကားကို သက္ကတဘာသာဖြင်. မတင်အပ်၊ တင်သောရဟန်းအား ဒုက္ကဋ်အာပတ်သင်။ရဟန်းတို.ငါဘုရား၏စကားကို မိမိဘာသာဖြင်. သင်ယူခြင်းငှာ ခွင်.ပြု၏” ဟုမိန်.တော်မူ၏။(ဝိနည်းပိဋကတ်၊ စူဠဝဂ်၊ ခုဒ္ဒကခန္ဓက)

အရှင်ဗုဒ္ဓဃောသသည် ဝိနည်းပါဠိတော်လာ “သကာယနိရုတ္တိယာ” ပါဌ်ကို မိမိတို.ဘာသာဖြင်.ဟု မပြန်ဆိုဘဲ “မြတ်စွာဘုရား၏ မာဂဓဘာသာစကား” ဟူ၍ ဖွင်.ဆိုခဲ.၏။ ဤပြန်ဆိုချက်လွဲမှားကြောင်း တရုတ်ဘာသာသို. ပြန်ဆိုထားသော မြောက်ပိုင်း သက္ကတပိဋကတ်ကျမ်းများ၌ ထင်ရှား၏။ ထိုကျမ်းများ၌ ထိုကျမ်းများ၌ အထက်ပါဝတ္ထုပါရှိသောဒေသနာမူကွဲငါးခုကို တွေ.ရပေရာ ထိုဒေသနာအားလုံး၌ ဗုဒ္ဓက ရဟန်းတို.အား မိမိတို.ဘာသာစကားဖြင်. တရားတော်ကိုသင်ကြားရန်ခွင်.ပြုကြောင်း ဖော်ပြထား၏။
ပိဋကတ်ကျမ်းတစ်စောင်၌မူ ဘုရားရှင်က “ငါ၏တရားကို သက္ကတဘာသာဖြင်. ဟောပြောပြုစုမှ မှန်လိမ်.မည်ဟု မယူဆကြနှင်.။ လိုရင်းအဓိပ္ပာယ်ကို မှန်ကန်စွာဖော်ပြမှုသည်သာလျင်ပဓာနဖြစ်သည်။
ထို.ကြောင်. လူတို.နားလည်သဘောပေါက်အောင်မည်သည်.ဘာသာစကားနှင်.မဆို ဟောပြောနိုင်သည်” ဟုမိန်.တော်မူကြောင်းပြဆိုထား၏။(Chi Hsien Lin: The Language Problem of Primitive Buddhism-J.B.R.S June,1960.)

သက္ကတဘာသာစကားသည် ဗြာဟ္မဏတို.၏ ဘာသာစကားဖြစ်၍ ဗြဟ္မဏမျိုးရဟန်းညီနောင်က ဗုဒ္ဓတရားကို မိမိတို.ဘာသာစကားဖြင်. ဆောင်လိုကြခြင်းမှာ မထူးဆန်းချေ။ သို.ရာတွင် ဗုဒ္ဓ၏ အလိုဆန္ဒသည်ကား မိမိ၏တရားကို ဖြန်.ချည်ရာ၌ လူအများသုံး ဘာသာစကားဖြင်.သာ ဟောပြောရမည်ဟုစည်းကမ်းမသတ်မှတ်ဘဲ အခြေအနေအရ ဘာသာစကားအမျိုးမျိုးကိုသုံးစွဲရန်ဖြစ်၏။ စင်စစ် ရှေးအိန္ဒိယပြည်၌ ဗုဒ္ဓဝါဒပြန်.ပွားမှုသည် ဗုဒ္ဓနှင်. တပည်.ရဟန်းတို.က တရားနာပရိသတ်၏ ဒေသန္တရ ဘာသာစကားကိုသုံးစွဲခြင်းကြောင်.ဖြစ်တန်ရာ၏။ ထို.အပြင်အစစအရာရာ အစွဲဥပါဒါန်ကင်းသော ဗုဒ္ဓသည် အသို.လျှင်မာဂဓဘာသာ၌ အစွဲဥပါဒါန် ရှိနိုင်ပါမည်နည်း။

သို.ဖြစ်၍ အိန္ဒိယပညာရှင်တစ်ဦးက “ဓမ္မဒေသနာကို မာဂဓဘာသာဖြင်.သာဆောင်ရမည်။ အခြားဘာသာစကားများမှာ မိစ္ဆာဒိဌိဘာသာစကားများဖြစ်သည်ဆိုသော စကားမှာ ဗုဒ္ဓ၏ သမ္မာဒိဌိဝါဒ၊ ဝိဘဇ္ဇဝါဒနှင်.ဆန်.ကျင်၍ ယုတ္တိကင်းမဲ.သောစကားဖြစ်၏။ ဗုဒ္ဓ၏စကားမဖြစ်နိုင်ချေ ” ဟုရေးသားခဲ.၏။
(B.C.Law: A History of Pali Literature- Introduction,pp.xii-xiii)
ဥရောပ ပညာရှင်တို.၏အဆိုအားဖြင်. မာဂဓဘာသာစကား သည် ပါဠိစကားနှင်. တခြားစီဖြစ်၍ ရှင်ဗုဒ္ဓဃောသကမူ ယင်းတို.ကို ဘာသာစကားတစ်မျိုးတည်း ဖြစ်သည်ဟုမှတ်ယူရန်ရှိ၏။ မည်သို.ဖြစ်စေ မြန်မာဗုဒ္ဓဝါဒီတို.သည် အရှင်ဗုဒ္ဓဃောသ၏ စကားနှင်.အညီဗုဒ္ဓဒေသနာများကို ပါဠိဘာသာဖြင်.မူလအတိုင်း ထားရှိသင်.သည်ဟု စွဲမှတ်ထားသောကြောင်. ရှေးကပိဋကတ်ကို မြန်မာဘာသာသို. လုံးဝမပြန်ဆို ခဲ.ခြင်းဖြစ်တန်ရာ၏။

ထို.ကြောင်. ဗုဒ္ဓဝါဒီတို.သည် ရှေးအဌကထာ ဆရာတို.၏ ကျမ်းများနှင်. ယခုခေတ် ဗုဒ္ဓစာပေပညာရှင်တို.၏ စာအုပ်များကို ဖတ်ရှုလေ.လာသင်.သည် မှန်သော်လည်း သူတို.၏ရေးသားချက်များကို ဆင်ခြင်သုံးသပ်ပြီးမှလက်ခံသင်.၏။ ပိုမိုအရေးကြီးသည်ကား ဗုဒ္ဓတရားကို ကောင်းစွာသိရှိနားလည်ရန် မူလပင်မ ပိဋကတ်စာပေကို ဖတ်ရှုလေ.လာရပေလိမ်.မည်။

ယခုအခါ မြန်မာ၊သို.မဟုတ် အင်္ဂလိပ်ဘာသာသို. ပြန်ဆိုထားသော ထေရဝါဒ ပိဋကတ်စာပေများကို ကျွန်ုပ်တို. ဖတ်ရှုလေ.လာခွင်.ရပေပြီ။ သို.ရာတွင် ပိဋကတ်စာပေသည် ကျယ်ဝန်း၍ နှံ.နှံ.စပ်စပ်ဖတ်ရှုရန်မလွယ်ချေ။ သို.ဖြစ်၍ ပိဋကတ်သုံးပုံကို အစအဆုံး မလေ.လာဘဲ အချို.သော အစိတ်အပိုင်းများကို လေ.လာခြင်းဖြင်. ဗုဒ္ဓဓမ္မကို ခြေခြေမြစ်မြစ် သိရှိနားလည်နိုင်ပါမည်လော။ နားလည်နိုင်မည်ဆိုပါက ပထမဦးစွာ လေ.လာအပ်သောအပိုင်းသည် မည်သည်.အပိုင်း ဖြစ်ပါသနည်းဟု စူးစမ်းရန် လိုအပ်ပေသည်။

မြန်မာနိုင်ငံ၌ အဘိဓမ္မာပိဋကတ်သည် ဗုဒ္ဓဝါဒီတို. ၏ အထူးအလေးဂရုပြုခြင်းကိုခံရ၏။ အဘိဓမ္မာကျမ်းများ၌ ဗုဒ္ဓဓမ္မ၏ အဆီအနှစ် အများဆုံးပါရှိသည်ဟု ယုံကြည်ကြ၏။ ဥရောပနှင်. အမေရိကန်နိုင်ငံများ၌မူ သုတ္တန်ပိဋကတ်ကို ဦးစားပေး၍ လေ.လာကြ၏။ နီကာယ်ငါးကျမ်း၌ ဗုဒ္ဓဟောသော အခြေခံတရားအားလုံးကို တွေ.ရှိနိုင်သည် ဟုယူဆကြ၏။ မြန်မာနိုင်င၏ံ ပရိယတ္တိ စာပြန်ပွဲများ၌ အဘိဓမ္မာကို ရေးပေး၍ အနောက်နိုင်ငံဗုဒ္ဓကျမ်းစာအုပ်များမှာ နိကာယ်ကျမ်းများကို မှီငြမ်းပြု၍ ရေးသားထားသော စာအုပ်များဖြစ်၏။

မည်သည်.ပိဋကတ်က ဗုဒ္ဓ္ဓ္ဓ ဓမ္မကို ပိုမိုဖော်ညွန်းသည်။ သို.မဟုတ် ဗုဒ္ဓတရား အစစ်အမှန်နှင်. ပိုမိုနီးစပ်သည်။ ဗုဒ္ဓတရားလေ.လာရာ၌ မည်.သည်.ကျမ်းစာက ပိုမိုအရေးပါသည်ကို သိရှိရန် ရှေးဦးစွာ ပါဠိပိဋကတ် စာပေ၏သမိုင်းကို လေ.လာရပေမည်။ ပိဋကတ်စာပေ၏ ယခုအခြေသို. မည်သို.ရောက်ရှိလာသည်။ ဗုဒ္ဓလက်ထက်က မည်သည်.အခြေအနေ၌ ရှိသည်။ ဗုဒ္ဓပရိဗ္ဗာန်ပြုပြီး နောက်ကာလ၌ မည်သို.ပြောင်းလဲလာသည်။ သက္ကတပိဋကတ်စာပေနှင်.မည်သို.ကွဲလွဲသည်။ အရှေ.တိုင်းရှေးဟောင်းဘာသာ စာပေအယူဝါဒများကိုလေ.လာသော အနောက်နိုင်ငံပညာရှင်တို.၏ သုတေသနပြုချက်များအရ မည်သို.သိရသည် စသည်တို.ကို စူးစမ်းလေ.လာရပေမည်။

ဤသို.ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲမရှိဘဲ ပိဋကတ်သမိုင်း၊ပိဋကတ်စာပေကို စေ.ငုသေချာစွာ လေ.လာ၍ဆင်ခြင်သုံးသပ်ခြင်းဖြင်.ရရှိအပ်သော ဗုဒ္ဓဓမ္မသည် မိရိုးဖလာ ဗုဒ္ဓဝါဒထက် အဆင်.အတန်း ပိုမိုမြင်.မားပေလိမ်.မည်။ အခြေခံခိုင်မာသောကြောင်. ဧဟိပဿိကော ဟူသော ဂုဏ်တော်နှင်.အညီ ဝေဖန်ဆန်းစစ်မှုကို ခံနိုင်သော ဗုဒ္ဓဓမ္မဖြစ်ပေလိမ်.မည်။

1 comment:

  1. ကျေးဇူး အထူးတင်ရှိပါသည်။

    ဆက်လက် တင်ပေးပါရန် မေတ္တာရပ်ပါသည်။

    ReplyDelete